Chapter 47

316 38 0
                                    

Chapter 47
Rotom Narukami, [11/14/2023 9:30 AM]
အခန်း (၄၇)
မမကျန်း

ရွှယ်လိ ဆွံ့အသွားရင်း "အဲ့လိုက ဖြစ်ပါ့မလား"

ရွှယ်လိ ထိုကဲ့သို့ နည်းလမ်းမျိုးကို မစဉ်းစားခဲ့ဖူးပေ။ သူမ ရုပ်ပြစာအုပ်တွေ သဘောကျပြီး သူမရေးတဲ့ ဝတ္ထုတိုကို ရုပ်ပြစာအုပ်အဖြစ် ပြောင်းလဲချင်သည်ပင်။ သို့သော် သူမက လူမသိ သူမသိ ဖြစ်သည့်အပြင် သူမကိုယ်တိုင် မဟုတ်ဘဲ ဘယ်သူကများ သူမကို ကူညီပြီး ပန်းချီဆွဲပေးနိုင်မလဲ။

သို့ရာတွင် သူမ ရှေ့က ကျန်းရွှမ်းလင်က အကြံပေးလာတာဖြစ်ပြီး သေချာပေါက် ရွှယ်လိအတွက် ကောင်း သော အကြံဉာဏ် ဖြစ်သည်။

ရုပ်ပြဇာတ်လမ်းတိုပေါ့။

"မင်းသာ သဘောတူရင် ဒါပေါ့၊ မင်း လုပ်နိုင်တာပေါ့။ တကယ်တော့ တို့လည်း အိမ်မှာ ရုပ်ပြစာအုပ်တွေ ဖတ်ရတာ သဘောကျတယ်ရယ် တို့လည်းတစ်ခါတစ်လေ ပုံတွေ ဆွဲကြည့်ဖို့ ကြိုးစား ဖြစ်တယ်။ တို့ဆွဲ ထားတဲ့ ပုံကြမ်းလေးကို ကြည့်ကြည့်ပါလား"

ကျန်းရွှမ်းလင် ခဲတံ တစ်ချောင်း ကောက်ကိုင်ပြီး စာတစ်ခု ရေးလိုက်ကာ တစ်ချက် ဆွဲလိုက်တာနဲ့ ပုံလေး တစ်ပုံက စာရွက်ပြောင်ပေါ်မှာ ပေါ်လာတော့သည်။

ထိုလူကတော့ ရွှယ်လိရဲ့ ဝတ္ထုထဲက အဓိကဇာတ်ကောင်ဖြစ်ပြီး စက်ရုံအလုပ်သမား လီလုဖြစ်သည်။

ကျန်းရွှမ်းလင်က မူရင်း ရေးဆွဲသူ လုပ်ပြီး သူမက ဇာတ်ကောင်ပုံစံကို တစ်ဖက်လူ လိုချင်သလို ဆွဲပေးနိုင်သည်။ ထိုအရာက သူမ ယခင်ကတည်းကလုပ်တဲ့ ကျွမ်းကျင်သည့် အလုပ်ဖြစ်သည်။ သီးသန့်အလုပ်များစွာကို လုပ်ကိုင်ခဲ့ပြီးနောက် နှစ်ပေါင်းများစွာ ကြာတော့ သူမ စိတ်ထဲမှာ ပုံစံအစုံ နည်းအစုံက စာကြည့်တိုက်လိုမျိုး ရှိနေပြီ ဖြစ်သည်။

သူမရဲ့ နည်းပညာအစုံက ၁၉၇၀ ပြည့်နှစ်မှာ သုံးလို့မရပေမယ့် သည်ခေတ်က ဖတ်ရှုသူတွေရဲ့ အကြိုက်ကို လိုက်ပြီး ရုပ်ပြပုံဆွဲခြင်းက သူမအတွက် လွယ်ကူသည်ပင်။

ကျန်းရွှမ်းလင် ဇာတ်ကောင်တွေအတွက် ပုံကြမ်းတွေ ဆွဲပေးပြီး သူမအကြမ်းဆွဲထားတာပဲ ဖြစ်သော်ငြား ဇာတ်ကောင်တွေရဲ့ ဆွဲဆောင်မှုကို ပေါ်လွင်စေသည်။

မိထွေးဆိုတာ စုန်းမကြီးတဲ့ Where stories live. Discover now