Chapter 45

330 45 0
                                    

အခန်း (၄၅)
လေ့ကျင့်ခန်း


အနုပညာအတန်း ပြုလုပ်တဲ့နေရာက ဇာတ်ရုံအဟောင်းမှာ ဖြစ်သည်။ အပြင်ကကြည့်လျှင် အစည်းအဝေး ခန်းမကြီးနှင့် တူသည်ပင်။ နံရံတွေက အိုဟောင်းနေကာ ထောင့်တွေကနံရံတွေဆို ဆေးတွေကွာကျနေပြီ ဖြစ်သည်။

နံရံထောင့်တွေမှာဆို အစိမ်းရောင်နွယ်တွေ တွယ်တက်ပြီး အပင်ပေါက်နေပြီ ဖြစ်သည်။ ကျန်းရွှမ်းလင် လူအုပ်ကြီး နောက်လိုက်ပြီး ဝင်သွားလိုက်သည်။ သူမနားက လူတွေ တစ်ယောက်ကိုမှ မသိပါ။ သူမ သည်အတိုင်း သာမန်ကာလျှံကာ လျှောက်ကြည့်လိုက်ချိန် သူမနဲ့အတူ အနုပညာအတန်းမှာ ပါလာသည့် လူတွေက လူလတ်ပိုင်းတွေ ဖြစ်ပြီး လေးဆယ်နဲ့ ငါးဆယ်ကြား ဖြစ်ကာ နှစ်ဆယ်အရွယ် အမျိုးသမီးနှင့် အမျိုးသားများပါ ပါဝင်သည်။

အများစုက သံမဏိစက်ရုံမှ အလုပ်သမားများဖြစ်ပြီး သူတို့အချင်းချင်း ရယ်မော စကားပြောကာ နှုတ်ဆက်နေကြသည်။

ကျန်းရွှမ်းလင် အတန်းထဲ ဝင်လာပြီး သူမဝင်လာတာနဲ့ စာရွက်၊ ဆေးနှင့် မှင်တို့ ရောနေတဲ့ အနံ့သင်းသင်း လေးကို ရလိုက်သည်ပင်။ အနံ့က သိပ်မကောင်းပေမယ့် အရမ်း ထူးခြားသည်။

တစ်ဖက်နံရံမှာတော့ အရွယ်အစားမတူတဲ့ ပန်းချီကားအမျိုးမျိုးကို ချိတ်ဆွဲထားလေသည်။ နံရံကြီးတစ်ခုလုံးကို အနုပညာမျိုးစုံနဲ့ လှပတဲ့ အရေးအသားမျိုးစုံကို တွေ့ရလေသည်။ နံရံပေါ် ချိတ်ထားတဲ့ ပန်းချီကားတွေက အဆင့်မနိမ့်ချေ။ တချို့ပန်းချီကားတွေဆိုရင် တခြားသူတွေထက်တောင် အဆင့်မြင့်သေးသည်။ ထိုပန်းချီကားတွေကိုတော့ စုဆောင်းတဲ့ အခန်းထဲထည့်ပြီး သိပ်မများပေမယ့် သိမ်းထားလေသည်။

ကျန်းရွှမ်းလင် "..."

သူမ အံ့အားသင့်သွားသည်က ကျားတစ်ကောင် ဝပ်စာလောက်ရှိတဲ့ စက်ရုံ အနုပညာသင်တန်းက တကယ်ကို ကျဉ်းပြီး စာရော ပန်းချီပါ သင်ပေးလို့ လွယ်မည်မဟုတ်ပေ။ ပန်းချီဆရာတွေအတွက် အချိန်ကောင်းရရန် ပိုပြီးခက်ခဲသည်။ ပန်းချီဆရာတွေအတွက်တော့ စတူဒီယိုကနေ ထွက်လာပြီး စက်ရုံထဲမှာ အလုပ် သမားတွေရဲ့ အလုပ်သမားဘဝကို ဖြတ်သန်းရတာက ခေတ်စားနေသည်ပင်...

ကျန်းရွှမ်းလင် အထင်တော့ အနုပညာသင်တန်းက တကယ့်ကို တန်သည်။

ကျန်းရွှမ်းလင် နံရံရှေ့မှာ ရပ်ပြီး အလုပ်သမားတွေရဲ့ အနုပညာကို သဘောကျနေတော့သည်။ လူ အများစုက သူမကို အာရုံစိုက်လာကြပြီး ငယ်ရွယ်လှပတဲ့ အမျိုးသမီးလေးဖြစ်တဲ့ သူမရဲ့ ပုံစံကို သူတို့စိတ်ထဲကနေ ခန့်မှန်းနေကြတော့သည်။

"သူက ဒီစက်ရုံထဲက လူလား"

"ဘယ်လိုလုပ် သိမှာလဲ"

"သူမက အရမ်းလှတာပဲ..."

.....

ရုန်ကန် အမှတ် (၁) စက်ရုံရဲ့ အနုပညာသင်တန်း ပြုလုပ်ပေးသူက ဟယ်ဝမ်ကျင်း ဖြစ်ပြီး တပ်ဖွဲ့ထဲမှ အနုပညာ အဖွဲ့ခေါင်းဆောင် ဖြစ်သည်။ သူမက အသက် လေးဆယ်ရှိပြီး အတော်လေး စွမ်းဆောင်နိုင်ကာ အနုပညာကို ချစ်မြတ်နိုးသူဖြစ်သည်။
"အတန်းအတွက် အသင့်ဖြစ်ပြီ"

အနုပညာအတန်းအတွက် စီမံမှုက ရိုးရှင်းသည်ပင်။ ကျန်းရွှမ်းလင် သင့်တော်တဲ့ နေရာတစ်ခုကိုတွေ့သည်နှင့် ထိုင်ချလိုက်တော့သည်။ သူမလိုပင် ရုန်ကန် စက်ရုံက ကျောင်းသားဆယ်ဦး၊ အမျိုးသား ၄ ဦးနှင့် အမျိုး သမီး ၆ ဦးတို့ ဖြစ်သည်။ သူတို့တွေက စက်ရုံ အဝတ်အစားကို မဝတ်ထားတာကြောင့် စက်ရုံထဲက လူတွေက စပ်စုတဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြလေသည်။

အပြင်လူအချို့က သည်အနုပညာ သင်တန်းကို ပန်းချီသင်ဖို့ လာကြတာမဟုတ်ဘဲ စုံတွဲရှာဖို့ လာကြတာဖြစ်ချေသည်။

စန်းရန်ရန်ရဲ့ ဦးလေးက စက်ရုံက လူဖြစ်သည်။ သူက သူ့ဦးလေးကို ငယ်ရွယ် ချောမောတဲ့ ကောင်လေးနဲ့ တွေ့ဖို့ သည်စက်ရုံ အနုပညာသင်တန်းကို တက်ဖို့ အထူးတလည် တောင်းဆိုခဲ့တာ ဖြစ်သည်။

သူမ အတန်းထဲ ဝင်လာသည်နှင့် ယောကျ်ားလေး သင်တန်းသား အားလုံးရဲ့ အကြည့်ကို သိမ်းကျုံးယူငင် လိုက်မိသလို သုံးဆယ်ကျော်နဲ့ လေးဆယ်ကျော်အရွယ် အိမ်ထောင်သည်တွေက ဖျတ်ခနဲကြည့်ကြသည်။ စန်းရန်ရန်ကတော့ သူမထက် ငယ်တဲ့ ကောင်ငယ်လေးတွေလို လူမျိုးတွေကို နှစ်ခါပြန်တောင်မကြည့်ပါ။ အိမ်ထောင်သည် ငယ်ငယ်လေးတွေ မဟုတ်ဘဲ သူမ စိတ်ထဲ သီးသန့်ရွေးထားလေသည်။

စန်းရန်ရန် မြန်မြန်ဆန်ဆန် နှိုင်းယှဉ်ပြီး သဘောကျတဲ့ အရာကို ရွေးလိုက်တော့သည်။ ကျိုးကျန့်နဲ့ တူတဲ့ အလုပ်သမား ကောင်လေးရှိပြီး အသားလဲ သိပ်မညို၊ အရပ်လည်း ရှည်ပြီး တခြားအလုပ်သမား ကောင်လေး တွေထက် ထင်ထင်ရှားရှားဖြစ်နေလေသည်။ အဝတ်အစား ဝတ်တာကလည်း သပ်ရပ်သည်။

မျက်မှန်လေး ဝတ်ထားတာကြောင့် ပိုပြီး သိမ်မွေ့ပုံပေါ်သည်။ ပညာရှိပုံလေးဖြစ်ကာ တခြား ခပ်ရိုင်းရိုင်း အလုပ်သမားတွေကြား တခြားစီဖြစ်နေသည်ပင်။

သူမ ထိုကဲ့သို့ အမျိုးသားတွေကို အတော်လေး သဘောကျသည်။

သူမ ကျစ်ဆံမြီးလေးကို သိမ်သိမ်မွေ့မွေ့နဲ့ ပွတ်သပ်လိုက်ပြီး ယောကျ်ားလေး အလုပ်သမားတွေဆီကို သွားလိုက်ကာ "မင်္ဂလာပါ" လို့နှုတ်ဆက်လိုက်သည်။ ဒါပေမဲ့ တစ်ဖက်လူက သူမကို မမြင်ချင်ယောင် ဆောင်လိုက်ပြီး အခြားမိန်းမလှလေးဆီကိုသွားလိုက်ကာ ရည်ရည်မွန်မွန်ဖြင့်...
"မင်္ဂလာပါ အနုပညာကို သဘောကျလား။ ကျွန်တော်တို့ သူငယ်ချင်း လုပ်ရအောင်"

ကျန်းရွှမ်းလင် သူမနောက်က မျက်မှန်နဲ့ အလုပ်သမား ကောင်လေးကို လှည့်ကြည့်ရုံကြည့်ပြီး ဘာမှမပြော ...

သူမက သူ့ကို လစ်လျူရှုလိုက်သည်နှင့် မျက်မှန်နဲ့ကောင်လေးက ပျာယာခတ်မသွားဘဲ အသံကပိုပြီး တက်ကြွသွားကာ ...

"ကျွန်တော် မင်းကို ကြည့်နေတာ မင်းကဒီစက်ရုံထဲက မဟုတ်ဘူးလားလို့။ အသစ်‌ရောက်တာဆိုရင် ရုန်ကန် လုပ်ငန်းကို လိုက်ပြရမလား"

"ဒါနဲ့ ကျွန်တော့် နာမည်ကိုမိတ်ဆက်ဖို့မေ့နေတာ ကျွန်တော့်နာမည်က ကျန့်ယွမ်ရှန်းပါ"

သူ့ရဲ့စကားဆုံးသည်နှင့် တခြား‌ယောကျ်ားလေးတွေပါ တက်ကြွစွာနဲ့ သူမ နားကို ရောက်လာကြပြီး
"ကျွန်တော်က ချင်ကျားရွှမ်ပါ။ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးအောင် အတန်းပြီးရင် ညစာစားဖို့ ဖိတ်ခေါ်ချင်ပါတယ်"

....

လက်ရှိခေတ်မှာ လူတွေက လှပြီး ခပ်ငယ်ငယ်ကောင်မ‌လေးတွေ တွေ့ရင် အားလုံးက တက်ကြွလာကြခြင်း ဖြစ်သည်။

နောက်ဆုံးတော့ အနုပညာအတန်းက စက်ရုံပြင်ပက လူတွေအတွက် တာဝန်ယူရသည်ပင်။ အနုပညာ သင်ဖို့ အခကြေးငွေ တတ်နိုင်ရင် မင်းရဲ့ မိသားစုအခြေအနေကလည်း မဆိုးလောက်ပေ။ သည်အမျိုးသမီးရဲ့ ပုံပန်းသွင်ပြင်ကို ကြည့်ရမယ်ဆိုရင် ဘာမှ ထပ်ကြည့်စရာ မလိုလောက်အောင် ကျစ်ကျစ်လျစ်လျစ်နဲ့ သွယ်သွယ်လေးမို့ လှပြီးသားဖြစ်သည်။

....

ကျန်းရွှမ်းလင် ဘေးကို လာပြီး သူတို့ရဲ့ ယဥ်ကျေးပျူငှာမှုကို ပြသကြပေမယ့် သူမ ငြင်းမြဲ ငြင်းဆဲ ဖြစ်နေတာ ကြောင့် သူမဘေးက အမျိုးသမီးက နှာမှုတ်၍ ဟန်ပြချောင်းဆိုးကာ..
"ဒီနေရာကို ရောက်နေပြီဆိုကတည်းက ပန်းချီကိုသင်ချင်သေးတာလား။ ဒါမှမဟုတ် ပန်းချီကို တကယ်ပဲ သင်ချင်တာလား။ ပန်းချီဆွဲ သင်ရတဲ့ ရည်ရွယ်ချက်က ယောကျ်ားရှာဖို့ပဲ"

စန်းရန်ရန် ပါးစပ် ဟလိုက်တာနဲ့ ချင်ကျားရွှမ်အပါအဝင် တခြားယောကျ်ားလေးတွေ အားလုံး မျက်နှာ သိပ်မကောင်းကြတော့။

တကယ်တော့ စက်ရုံထဲက လူအများစုရဲ့ ပန်းချီသင်တန်းမှာ ပါဝင်ရတဲ့ ရည်ရွယ်ချက်ထဲက တစ်စိတ်တစ်ပိုင်းက သူတို့ရဲ့ တကယ့် ချစ်သူကို ပန်းချီသင်နေရင်း ရှာတွေ့ရဖို့ပဲ ဖြစ်သည်။

လက်ရေးလှဆွဲတာ၊ ပန်းချီဆွဲတာနဲ့ အားလုံးကို အတူသင်ယူရင်း ယောကျ်ားလေးနဲ့ မိန်းကလေး အချင်းချင်း ဒီလိုပူလောင်တဲ့ စက်ရုံထဲမှာ ခံစားချက်တွေပိုပြီး ဖြစ်တည်လာကာ တစ်ချို့စကားတွေကို လည်းပြောနိုင်သည်ပင်။

သည်စက်ရုံထဲမှာ အရင်ကလည်း အတွဲတွေရှိခဲ့ဖူးသည်။ ခေါင်းဆောင်တွေအနေနဲ့လည်း သည်လိုမျိုး အောင်မြင်သွားကြတာကို သဘောကျ ပီတိဖြစ်ကြပြီး အနုပညာအတန်းကို ဆက်ဖွင့်လှစ်ထားခြင်းဖြစ်သည်။ တချို့ အပြင်ဖက်က လာသင်သူတွေအတွက်ပါ စည်းကမ်းချက်အချို့ကို ဖျက်ပေးပြီး လက်ခံလိုက်ခြင်း ဖြစ်သည်။ အနုပညာအတန်းက အလုပ်သမားတွေကြား ပန်းချီဆွဲတာ တိုးတက်စေရုံသာမကပဲ မိသားစုဘဝ တစ်ခု ထူထောင်ချင်တဲ့ အခက်အခဲကိုပါ ကူညီပေးလေသည်။

ဒါကတော့ လူတိုင်း နားလည်ထားတဲ့ အကြောင်းအရာ ဖြစ်ပြီး တချို့လူတွေက ဒါကို အပေါ်ယံလို့ပဲ ပြောကြသည်။

ကျန်းရွှမ်းလင် မကောင်းတာ မကြားဖူးတာကြောင့် မျက်မှန် ဝတ်ထားတဲ့ ကျန့်ယွမ်ရှန်ကို လက်ညှိုးထိုး လိုက်ပြီး ...

"သူနဲ့ အတူလိုက်ပြီး ဝင်လာတဲ့ တစ်ယောက်က ပြုံးပြီး 'မင်္ဂလာပါ' လို့ ပြောလိုက်တာနဲ့ သူက ဝင်လာပြီး ယောကျ်ား ရှာချင်တာ ဖြစ်သွားရောလား"
"အင်း၊ ကျွန်မတော့ တံခါးကနေဝင်လာတာနဲ့ ပန်းချီဆွဲချင်တဲ့လူက နံရံပေါ်က ပန်းချီတွေကို ကြည့်မှာပဲ လေ ပန်းချီ မဆွဲချင်တဲ့လူကတော့ ဘာကိစ္စနဲ့ လူကြားထဲ ဟိုရှာ ဒီရှာ လုပ်နေလဲ မသိဘူးပေါ့နော်"

ဆံပင်တိုနဲ့ အမျိုးသမီး ပါးစပ်အဟောင်းသား ဖြစ်သွားရင်း
စန်းရန်ရန် "နင်......"

"အမျိုးသမီးတွေလည်း မငြင်းခုန်ကြတဲ့တော့ လူတိုင်း ချမ်းသာပျော်ရွှင်နေကြပြီပဲ"
တစ်ချိန်တည်းမှာပဲ အေးချမ်းပြီး အရပ်ရှည်ရှည်နဲ့ ပိန်သွယ်သွယ် အမျိုးသားက အပြင်ကနေဝင်လာ တော့သည်။

"ခဏနေရင် ဆရာ လာတော့မှာမို့ အားလုံးပဲ ကိုယ့်ခုံမှာ ကိုယ်သွားထိုင်နေပေးကြပါ"

အရပ်ရှည်ရှည်နဲ့ ပိန်သွယ်သွယ် ထိုအမျိုးသားက စန်းရန်ရန်နဲ့ ကျန်းရွှမ်းလင်ကို တစ်လှည့်စီ ကြည့်ပြီး ပြောလေသည်။
"စကားပြောနေရင် ပြောတဲ့လူကို အာရုံစိုက်ပေးကြပါ အမျိုးသမီးတို့"

စန်းရန်ရန် နှာမှုတ်လိုက်ပြီး "ဘာအာရုံစိုက်မှုလဲ။ သူဝင်လာပြီးကတည်းက ရှိသမျှ ယောကျ်ားတွေအကုန် သူ့နား ဝိုင်းသွားတာ ဘယ်လိုလို့ အာရုံစိုက်ကြတော့မှာလဲ"

ဂုတ်ဝဲဆံပင်နဲ့ အမျိုးသမီးက ပြောလာသည်...
"လူတိုင်းက လှတာကို ကြိုက်ကြတာပဲလေ။ အဲ့ဒါ သဘာဝ မဟုတ်ဘူးလား"

...

အမျိုးသမီး နှစ်ယောက်က တကယ်ကို ကတောက်ကဆ ဖြစ်နေကြပြီ ဖြစ်သည်။

ကျန်းရွှမ်းလင် ကတောက်ကဆ ဖြစ်နေရင်းကနေ တိတ်တဆိတ်နေလိုက်တော့သည်။ သူမ ပြောချင်နေတဲ့ စကားတွေအတွက် သူမမှာ အချိန် အဲ့လောက် ပေါမနေပါ။

ကျန့်ယွမ်ရှန်က ကျန်းရွှမ်းလင်ကို ကြည့်ကာ နူးညံ့စွာမေးလေသည်။
"ကျွန်တော် မင်း နာမည်ကို သိလို့ရမလား။ သူငယ်ချင်း လုပ်ရအောင်လေ"

ကျန်းရွှမ်းလင် သူမ လက်ကို ခါပြလိုက်ကာ
"ကျွန်မ သိစရာလဲ မလိုဘူး။ ကျွန်မက ဒီစက်ရုံကလဲ မဟုတ်ဘူး။ အပြင်က သင်တန်းသားမို့ အဲ့လူပြောတာလဲ မှန်တယ်။ ရှင်တို့ ကိုယ့်အလုပ်ကိုယ် အာရုံစိုက်ပါ"

"ဟုတ်တယ်။ အလုပ်ကိုပဲ အာရုံစိုက်ကြပါ" ဂုတ်ဝဲဆံပင်နဲ့ အမျိုးသမီးက ထပ်ပြီး ဝင်ပြောသည်။

စန်းရန်ရန်က "ကျွန်မက ဒီစက်ရုံထဲက လက်ထပ်ဖို့လူလာရှာရုံပဲ ဘာကို အာရုံစိုက်ရမှာလဲ...ဟာသပဲ"

ဂုတ်ဝဲဆံပင်နဲ့ အမျိုးသမီးက ရယ်လိုက်ပြီး "နင့်ကို လူတိုင်းက ကြိုက်နေတယ်လို့ ထင်နေတာပဲ"
"သူ့ကို ကြည့်ပါဦး ဒီကို လာပြီး ယောကျ်ားရှာဖို့ သက်သက်နဲ့---"

ကျန်းရွှမ်းလင် ဖြတ်ပြောလိုက်သည် "ကျွန်မမှာ ငါးနှစ်အရွယ် သားတစ်ယောက် ရှိတယ်။ သင်တန်းပြီးရင် သူ့ကို ကျောင်းသွားကြိုရမှာ"

သူမ ပြောလိုက်တာနဲ့ သူမနားက လူအနည်းငယ်က ဆွံ့အ တောင့်တင်းသွားကာ မဖြစ်နိုင်ဘူးဆိုတဲ့ မျက်လုံးတွေနဲ့ သူမကို ကြည့်နေကြတော့သည်။

"မင်း...မင်းက အိမ်ထောင်သည်လား"

"အင်း" ကျန်းရွှမ်းလင် ခေါင်းညိတ်လိုက်ကာ သည်လူတွေနဲ့ စကားပြောဖို့ စိတ်ကူး မရှိတော့ချေ။ သူမက သည်ကို ပန်းချီသင်ဖို့ တစ်ခုတည်းအတွက် လာတာဖြစ်ပြီး သူငယ်ချင်းလုပ် ခံစားချက်တွေ မျှဝေဖို့ စိတ်ကူးရှိ မနေချေ။ သူမ သည်လို ကိစ္စတွေနဲ့ အချိန်ဖြုန်းနေမည် မဟုတ်။

"ငါးနှစ်အရွယ် ကလေး ရှိတယ်"

"မင်း လိမ်နေတာ‌တော့ မဟုတ်ဘူးမလား။ မင်းကငယ်သေးတယ်လေ"

ကျန်းရွှမ်းလင် ပြုံးလိုက်ကာ "ဟင့်အင်း၊ ကျွန်မသားက ငါးနှစ် ပြည့်ပြီးပြီ"

ကျန်းရွှမ်းလင် ဂုတ်ဝဲဆံပင်နဲ့ မိန်းမဖြင့်သာ စကားအနည်းငယ် ပြောလိုက်သည်။ သူမနာမည်က ရွှယ်လိ ဖြစ်ပြီး မျက်နှာဝိုင်းဝိုင်းနဲ့ ချစ်စဖွယ်ကောင်းသည်။ စက်ရုံထဲက မိန်းကလေး အလုပ်သမားတွေက ပန်းချီဆွဲ ချင်တာကြောင့် ဖြစ်ပြီး ရုန်ကန် နံပါတ် ၁ စက်ရုံက အနုပညာသင်တန်းကို လာတက်ကြတာပင်။

ဟယ်ဝမ်ကျင်းဆိုတဲ့ အမျိုးသမီးက အနုပညာသင်တန်းကို ပြုလုပ်ပေးတာဖြစ်ပြီး အနုပညာကို ချစ်မြတ်နိုး သော အမျိုးသမီးတွေကို ဦးစားပေးသည်။ သူမက ပန်းချီပညာလောကက ပညာရှင်အချို့ကိုပါ လာရောက် သင်ကြားပေးဖို့ ဖိတ်ခေါ်ပေးသေးသည်။

ကျန်းရွှမ်းလင် သူမ ဆွဲနေကြ အခြေခံ ပန်းချီကို ဆွဲလိုက်ချိန် သူမနံဘေးက ရွှယ်လိက ဦးနှောက်တစ်ခုလုံး ဖြစ်ညှစ်ထုတ်ပြီး ကွေးကောက်နေတဲ့ စုတ်ချက်တွေနဲ့ စုတ်တိစုတ်ပဲ့ အစက်အပြောက်တွေဖြစ်နေတဲ့ ဇီးပန်းပွင့်ပုံသာ ဆွဲနိုင်လေသည်။

"မင်း...မင်းဆွဲတာ လှလိုက်တာ" ရွှယ်လိက ကျန်းရွှမ်းလင်ပုံကို မော့ကြည့်ပြီး ပါးစပ် အဟောင်းသားဖြင့် အားကျ စိတ်တွေဖြင့် ကြည့်နေလေရဲ့။

ကျန်းရွှမ်းလင် ရွယ်လိ ပန်းချီကို ကြည့်ပြီး ယဉ်ကျေးတဲ့ မှတ်ချက်တစ်ခု ပေးကာ ချီးမွမ်းရန်စဉ်းစားထားပေမယ့် ပုံကိုမြင်လိုက်ချိန်မှာတော့ ပြောမယ့်စကားတွေ မြိုချလိုက်ရတော့သည်။

ကျန်းရွှမ်းလင် အတော် ထိတ်လန့်သွားတော့သည်။

ပုံမှန် အရွယ်ရောက်နေတဲ့ ပန်းချီ စဆွဲတဲ့ လူတွေက သည်လိုပဲ ဆွဲတာလား။

ပုံဆွဲတာ နည်းနည်း တော်လွန်းနေတာ မဟုတ်ဘူးလား။

မိထွေးဆိုတာ စုန်းမကြီးတဲ့ Where stories live. Discover now