Chapter 6

455 61 1
                                    

၂၃၃၈။ သူမသေသွားမဲ့အစား၊ တကယ်လို့....

"မင်းအတွက် ငါဒီထောင်ချောက်ကိုဖယ်ပေးမယ် ဖယ်ပြီးရင်တော့ ငါကိုမကိုက်ပါနဲ့နော် ငါ့မှာ ဆေးကုဖို့ပိုက်ဆံမရှိလို့" ရိလျန် ထောင်ချောက်ဆီ လက်လှမ်းရင်းပြောလိုက်သည်။

ထောင်ချောက်မှာ ခိုင်ခံသောကြောင့် ကလေးတစ်ယောက်ဖြစ်သော ရိလျန်မှာ ဖယ်ဖို့ခက်ခဲနေသည်။

ထောင်ချောက်ဟာ သူမဒဏ်ရာကို ပွတ်တိုက်နေဆဲဖြစ်သည်။

နဉ်ရှု:....

သူမသေသွားမဲ့အစား၊တကယ်လို့....

နဉ်ရှု ရိလျန်ကိုစိုက်ကြည့်လိုက်တာကြောင့် ရိလျန်ကြောက်လန့်သွားခဲ့သည်။ သူ့မျက်နှာတွင် ချွေးစေးများထွက်လာသည်။

"သည်းခံပေးဦး ငါထောက်ချောက်ကိုဖယ်ပေးနိုင်တော့မှာပါ" ရိလျန် သူမကိုနှိမ့်သိမ့်သလို ပြောလာသည်။

စက္ကန့်အနည်းငယ်ကြာသော နဉ်ရှုခံစားမိလိုက်သည်မှာ သူမခြေထောက်တွေပျက်စီးသွားတော့မလို။

ရိလျန် တိရစ္ဆာန်ထောင်ချောက်ကိုဖယ်လိုက်ပြီး ထိုအရာကို ပြန်ပိတ်လိုက်သောအခါ ကျယ်လောင်သောအသံထွက်ပေါ်လာသည်။

နဉ်ရှုထံမှာ ရှိုက်သံကိုကြားတော့ ရိလျန်ဟာ ‌နှဖူးပေါ်မှာ ချွေးများကိုသုတ်လိုက်ရင်း "မင်းသွားတော့" ဟုပြောလိုက်သည်။

နဉ်ရှု သူကိုစိုက်ကြည့်လိုက်သည်။ ဒီကလေးကို မူလဇာတ်ကြောင်းထဲမှာ ၁၂နှစ်လောက်ဟာဖော်ပြထားသောလည်း အာဟာရချို့တဲ့နေသောကြောင့် သူကို ၁၂နှစ်ဟုမထင်ရပေ။

သူအဝတ်အစားတွေက ဖာထေးထားပြီး သူခြေချောင်းတွေဟာ ဖိနပ်အပြင်ဘက်သို့ထွက်နေသည်။

ဒီလိုအေးတဲ့နေ့မျိုးမှာတောင် သူကပါးပါးလေးဝတ်ထား သူအဝတ်အစားတွေကိုလဲ ကြိုးပါးပါးလေးဖြင့်သာချည်ထားသည်။

သူက အရမ်းဆင်းရဲတယ်ဆိုတာပြောဖို့ပင်မလို။

ဒါပေမဲ့ ပိုင်စန်းညန်ကို ကယ်ပြီးတဲ့အချိန်မှာ သူဆင်းရဲတွင်းထဲရှိနေပေမဲ့ သူမကိုမသတ်သလိုရောင်းလဲမရောင်းခဲ့ပေ။

Arctic Fox (Realm 38)Where stories live. Discover now