Chapter 9

248 44 3
                                    

Chapter မှားတပ်တာမဟုတ်သလို၊ မှားဖတ်တာလဲမဟုတ်ပါဘူး။ ရှေ့ကကျန်တဲ့ 1/2/3 ကြောင့် Chapter no. ‌နောက်ရောက်သွားတာပါ။

၁၂၄၁။ မိသားစုတစ်ခုလုံးကိုသတ်ခဲ့တဲ့ ဂြိုဟ်ဆိုးကောင်

ရိလျန်သည် မျိုးနွယ်ဝင်များ၏စော်ကားခြင်းကို အကြိမ်ကြိမ်ခံရဖူးသည်။ သူတို့မျိုးရိုးနာမည်မှာ ရိဖြစ်သော်လည်း တစ်မြို့လုံးနီးပါး၏မျိုးရိုးနာမည်မှာလည်း ရိဖြစ်ကြသည်။ သူတို့မှာ ဆွေမျိုးရင်းချာများမဟုတ်ကြပါ။

ရိလျန်မှာ သူတို့သူ့ကို အနိုင်ကျင့်ရခြင်းအကြောင်းအရင်းကိုနားမလည်ပေ။ ရိလျန် သူတို့ကို ဘာမှမလုပ်ဖူးပါ။ သူ(ရိလျန်) အားနည်းသောကြောင့် အနိုင်ကျင့်ချင်ကြခြင်းသာဖြစ်သည်။

ယခုလည်း သူတို့ သူ့၏အိမ်ကိုလုယူချင်နေကြပြန်ပြီ။

ရိလျန် အသက်ပြင်းပြင်းရှူလိုက်ပြီး နီရဲသောမျက်လုံးများဖြင့် ရိရှုန်ကို ကြည့်လိုက်သည်။

"မင်းဘာကြည့်နေတာလဲ ဆက်ကြည့်နေသေးရင် မင်းမျက်လုံးတွေဖောက်ထုတ်ပစ်မယ် မင်းက မင်းမိသားစုကိုသတ်တဲ့ ဂြိုလ်ဆိုးကောင်ပဲကို မင်းငါ့ကို အဲ့ဒီလို မျက်လုံးတွေနဲ့ကြည့်နိုင်တယ်ထင်နေလား?"

အမှန်တကယ်တော့ ရိရှုန်သည် ရိလျန်၏ မျက်လုံးများကိုကြောက်နေသည်။ ရိလျန်ကို ပြင်းထန်စွာတွန်းပစ်လိုက်တော့သည်။ ရိလျန် သတိလွှတ်သွားတာကြောင့် မြေပြင်ပေါ်သို့ လဲကျသွား၏။

ရိရှုန် သူ့အင်္ကျီလက်များကိုခေါက်လိုက်သည်။ သူရိလျန်ကိုအနိုင်ယူချင်မိသည်။ ဤကမ္ဘာ၌ လူတစ်ယောက်ကိုသတ်ရင်တောင် ကြီးကျယ်သောကိစ္စမဟုတ်ပေ။

မကြာခင်မှာပင် အနက်ရောင်အလုံးလေးမှာ ရိရှုန်ထံပြေးလားသည်။ ထိုအရာကချွန်ထက်သော လက်သည်းများဖြင့်ကုတ်လိုက်ရာ ရိရှုန်၏လက်မောင်း၌ နက်လှသော ကုတ်ခြစ်ရာကျန်ခဲ့လေသည်။ ရိရှုန်းလက်မောင်းမှ သွေးများစီးကျလာတော့သည်။

နဉ်ရှူ ခုန်ပြီး တိုက်ခိုက်ဖို့ အသင့်ပြင်ထားလိုက်သည် ။ သူမ၏သွားများကို ကြိတ်ကာ ဟောင်လိုက်သည်။

Arctic Fox (Realm 38)Where stories live. Discover now