Chapter 16

191 37 2
                                    


၂၃၄၈။ နက်ရှိင်းနက်မှောင်သည့် ကောင်းကင်


သူ့မျက်လုံးတွေက နက်ရှိုင်းနက်မှောင်တဲ့ ကောင်ကင်လိုပဲ။

ရိလျန်၏ သူငယ်အိမ်များထဲမှ နဉ်ရှူ မဲတူးနေသည့် သူမကိုယ်တိုင်ကို မြင်လိုက်ရသည်။

နဉ်ရှူ စကားပြောဖို့ကြိုးစားလိုက်ပေမဲ့လည်း လူတွေရဲ့ အသံထွက်စနစ်နဲ့ တိရစ္ဆာန်တွေရဲ့ အသံထွက်စနစ်က မတူဘူးလေ။

နဉ်ရှူ သူမ၏ ရှည်လျားသည့် လျှာကို ဖြောင့်ပင်မဖြောင့်နိုင်။

ပုံပြင်တွေက တကယ်အကြီးကြီးကို လိမ်ထားတာပဲ။ ပါးစပ်အပြင်ကိုရောက်နိုင်အောင် ရှည်တဲ့ လျှာနဲ့ ပါးစပ်ရယ် လည်ပင်းထိရောက်နိုင်တဲ့ နှုတ်ခမ်းတွေရယ် တိရစ္ဆာန်တွေက ဘယ်လိုလုပ်စကားပြောနိုင်မှာလဲ။

နဉ်ရှူတစ်ယောက် သူမလူသားဖြစ်လာဖို့ အရမ်းခက်မည်လို့ ခံစားနေရသည်။ ဝိဉာဏ်တွေနဲ့ မကောင်းတွေကရဲ့ ကျင့်ကြ့ခြင်းက မလွယ်သလို ကောင်းကင်ဘေးဒုက္ခဖြတ်ကျော်ဖို့ကလည်း ခက်ခဲလှသည်။

နဉ်ရှူ ပါးစပ်ကပြောစရာမလိုပဲ စကားပြောနိုင်တဲ့နည်းကို လေ့ကျင့်သင့်သည်။ သူမရိလျန်နဲ့ ဆက်သွယ်ပြောဆိုဖို့ လိုသေးသည်လေ။

ဒီတိုင်းသာ ဆက်သွားနေရင် ရိလျန်ဘယ်သူကိုမှ ပြန်ခုခံနိုင်မှာ မဟုတ်ဘူး။

နဉ်ရှူ စားစရာရှာဖို့အပြင်ထွက်လိုက်သည်။ တောထဲကို ရောက်လေ တိရစ္ဆာန်တွေပိုရှိလေပင်။

ဒီတောအုပ်က အရမ်းအန္တရာယ်များသည်။ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်သည့် ကျင့်ကြံသူတွေမျ လွှဲရင် သာမာန်လူတွေနဲ့ သာမာန်မုဆိုးတွေဝ်ငဖို့ အန္တရာယ်များလှသည်။

နဉ်ရှူသားကောင်တစ်ချို့ဖမ်းချင်မိသည်။ ဒါပေမဲ့ မီးကမရှိ။ သစ်ကိုင်းတစ်ချို့ကို ရှာပြီး မီးမွှေးနိုင်မလား သူမ မသိပေ။

အခုက နှင်းကျနေသည့်အချိန်လေ။ သစ်ကိုင်းတွေ မြက်တွေအကုန် စိုနေလောက်တယ်။

သူမမှာ ရွေးစရာမရှိတော့ သစ်သီးတစ်ချို့သာရှာရတော့မည်။ သို့သော် မည်သို့အသီးကများနှင်းထဲမှာရှိနိုင်မည်နည်း။

Arctic Fox (Realm 38)Where stories live. Discover now