Chapter 11

216 41 1
                                    

၂၃၄၃။ သားကောင်နည်းနည်းလောက် အမဲလိုက်ရအောင်

နဉ်ရှူ နှင်းများအပေါ်ခြေချလိုက်သည်။ သူမ ခြေထောက်မှာ အသံမထွက်စေဘဲ နှင်းများကိုထိလိုက်ကာ သေးငယ်သောခြေရာလေးများကိုချန်ထားခဲ့လေရဲ့။

နဉ်ရှူ သားကောင်းအနည်းငယ်ကို အမဲလိုက်ချင်နေသည်။ ရိလျန်၏ အစားအသောက်တွေမှာ ရိုးရှင်းလွန်းပြီး အာဟာရလည်းမရှိပေ။ ရိလျန်၏ အသွင်အပြင်ကိုကြည့်ရုံနဲ့လည်း အာဟာရချို့တဲ့နေသည်ကို မြင်ရနိုင်သည်။

ကလေးငယ်အတွက် ကိုယ့်ကိုကိုယ်ဂရုစိုက်ရန် ခက်ခဲလို့ ဖြစ်နိုင်သည်။

နဉ်ရှူ နှင်းပေါ်ကနေ လှည့်လည်ကြည့်လိုက်သည်။ ‌ဆောင်းရာသီဖြစ်သောကြောင့် တိရစ္ဆာန်အနည်းငယ်ကိုသာ တောအုပ်ထဲတွင် လှုပ်ရှားသွားလာ‌ကြသည်။

နဉ်ရှူ သေချာလှည့်ပတ်ကြည့်သော်လည်း သားကောင်တစ်ကောင်တောင်မတွေ့ရပေ။

နောက်ဆုံးတော့ ဖြူးတစ်ကောင်ကို တွေ့လိုက်ရသည်။ သူမ တစ်ချက်လောက်တိုက်ရုံနဲ့တော့ ဖြူးကောင်ရဲ့ ကြမ်းတမ်းတဲ့ အရေပြားနဲ့ ထူထဲသည့်အသားတွေကို ဒဏ်ရာရအောင်မလုပ်နိုင်ပေ။ အများဆုံးမှ သွေးနည်းနည်းထွက်ရုံပါပဲ။

ဖြူးကောင်က နှင်းကိုတူးထုတ်နေသည်။ သူတွင် သွားစွယ်များနှင့် ချွန်ထက်သည့် လက်သည်းများရှိသည်။

နဉ်ရှူ သူမရဲ့ အားကိုတိုင်းတာလိုက်ပြီး ဖြူးကောင်ကို လှုပ်ရှားမှုတစ်ခုတည်းဖြင့်မသတ်နိုင်သည့်အပြင် ဖြူးကောင်၏ လည်းပင်ကိုလည်း တစ်ချက်တည်း ကိုက်မသတ်နိုင်ကြောင်းသိလိုက်ရသည်။

သူမ၏ ကိုယ်ထဲတွင် ဝိဉာဉ်စွမ်းအင်အများအပြားမရှိသည့်အပြင် စွမ်းအင်ကိုလည်း ထုတ်မလွှင့်နိုင်သေး‌ပေ။

နဉ်ရှူ ဒေါသနည်းနည်းထွက်လာသော်ငြား အဆီတဝင်းဝင်းနှင့်ဖြူးကောင်ကို စိတ်ထဲကထုတ်ပစ်လိုက်တော့သည်။ ထိုနောက် နှင်းထဲပုန်းနေပြီး ရစ်ငှက်တစ်ကောင်ကိုသာ အမဲလိုက်တော့သည်။

နဉ်ရှူ ရစ်ငှက်၏လည်ပင်းကိုကိုက်ကာသတ်လိုက်ပြီး ရစ်ငှက်ကိုချီကာပြန်ပြေးတော့သည်။ ခွေးတိုးပေါက်မှ မီးဖိုချောင်ဆီသို့ တည့်တည့်သွားလိုက်၏။

Arctic Fox (Realm 38)Where stories live. Discover now