Chapter 17

201 37 4
                                    


၂၃၄၉။ မီးလျံသစ်သီး


ဒီလိုမှော်ရတနာတစ်ခု မျက်စိရှေ့တွင် ရှိနေချိန်မှာ ကျင့်ကြံသူသုံးယောက်လည်း ဘာကိုမှမတွေးပဲ ပိုင်ဆိုင်နိုင်ရန် တည့်တည့်ဖြောင့်ဖြောင့်သာသွားတော့သည်။

ဒီလိုရတနာမျိုးက အရမ်းကို တန်ဖိုးရှိလွန်းတယ်။ သူတို့စားရင်ပဲဖြစ်ဖြစ် ရောင်းရင်ပဲဖြစ်ဖြစ် သူတို့အတွက်ကောင်းသည့်အရာသာဖြစ်သည်။

မီးလျံသစ်သီးလေးလုံးတောင်လေ! နောက်တစ်လုံးကိုပါ သူတို့ရရင်တော့ အရမ်းကောင်းသွားမှာ။

ဒါကတိုက်ပွဲမဟုတ်ရင်တောင် သုံးယောက်လုံးမှာ နှစ်လုံးပိုင်ဆိုင်ချင်တဲ့ စိတ်ဆန္ဒတွေရှိကြတာပဲ။

သုံးယောက်သား ချောက်ကမ်းပါးအစွန်းရှိ မီးလျံသစ်သီး ရှိရာဆီသို့ အပြေးသွားကြတော့သည်။

သူတို့ရောက်တဲ့အချိန်မှပဲ လက်မအရွယ်ပိုးဖလံတွေဟာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွမ်းသွားတော့သည်။

ခုနက ပိုးဖလံတွေကို တစ်ယောက်မှ သတိမထားခဲ့မိကြ။ ပိုးဖလံတွေရဲ့ အရောင်ဟာ ချောက်ကမ်းပါးနှင့် ဆင်တူနေခဲ့ပြီး တစ်ခြားတစ်ဖက်တွင် နားနေကြသောကြောင့်ဖြစ်သည်။

ချဉ်းကပ်လာတဲ့သူရှိတိုင်း ပိုးဖလံတွေဟာ ကောင်းကင်တစ်ခုလုံးဖုံးလွမ်းသွားအောင်လုပ်ကြပေလိမ့်သည်။ သူတို့အတောင်ခပ်လိုက်တိုင်း အဖြူရောင်အမှုန့်တွေဟာ ကျဆင်းလာသည်။

ထိုအဖြူရောင်အမှုန့်များက ပိုးဖလံများတောင်ပံဆီကဖြစ်ပြီး အဆိပ်လည်းရှိကြသည်။

အခုအချိန်တွင် နှင်းများကျနေပြီး ရေခဲများဖုံးလွမ်းနေပြီဖြစ်ကာ ပိုးဖလံများ အရင်ကတည်းက သေနေသင့်ပြီဖြစ်သည်။ ဒါပေမဲ့ ပိုးဖလံများ ဒီမှာ ရှိနေခဲ့ပြီဖြစ်သည်။ သူတို့ဟာ မီးလျံသစ်သီးမှ အနွေးဓာတ်ကို လာရောက်ခိုလှုံခြင်းဖြစ်ပေမည်။

ပိုးဖလံများက အလင်းရောင်နှင့် အနွေးဓာတ်ကိုကြိုက်ကြသည်။ ထိုကြောင့် မီးလျံသစ်သီးကို သူတို့ ဆောင်းတွင်း၌ အသက်ရှင်နိုင်ရန် မှီခိုအားထားနေကြသည်။ တစ်စုံတစ်ယောက်က ထိုအသီးကို ရယူလိုသောအခါတွင် ပိုးဖလံ တစ်ပြုံတစ်မကြီးက ကောင်းကင်ကို ဖုံးလွမ်းထားကြတော့သည်။

You've reached the end of published parts.

⏰ Last updated: Jul 14 ⏰

Add this story to your Library to get notified about new parts!

Arctic Fox (Realm 38)Where stories live. Discover now