Chapter 13

191 29 3
                                    

၂၃၄၅။ သူမက ခွေးတစ်‌ကောင်ပါ

ဒီလူတွေ ဒီနေ့ပြန်လာလိမ့်မယ်လို့ နဉ်ရှူ စိတ်ကူးတောင်မယဉ်ဖူးပါ။ သူတို့ ရှုံးသွားတဲ့နောက် ချက်ချင်းပဲ လက်စားချေလိမ့်မည်လို့လည်း မတွေးထားခဲ့ပါ။

ခြံဝန်းထဲတွင် ‌‌မာနကြီးစွာအော်ဟစ်နေသော လူများဖြင့် ကြပ်သိပ်နေသည်။

"မင်းထွင်ပြေးဖို့အခွင့်အရေးရှိရင် သွားတော့ ငါသူတို့ကိုတားလိုက်မယ် မင်း သူတို့ဖမ်းတာခံလိုက်ရလို့မဖြစ်ဘူးနော် နားလည်လား" ရိလျန် စိုးရိမ်တကြီးပြောလိုက်သည်။

ရိလျန်လူတွေအများကြိး ဒီကိုရောက်နေသည်ကို မြင်လိုက်ရသည်။ လက်ထဲတွင် လှောင်အိမ်တစ်ခုကိုင်ထားသူအပါအဝင် ထွားကြိုင်းသောလူများစွာရှိသည်။

ထိုလှောင်အိမ်က မကောင်းဆိုးဝါးဖမ်းသည့် မှော်ပစ္စည်းဖြစ်ပြီး အလွန်စွမ်းအားကြီးသည်။ ယင်းက အရွယ်အစားပြောင်းလဲနိုင်ပြီး တိရစ္ဆာန်တစ်ကောင်ကောင်က ထိုလှောင်အိမ်၏ အဖမ်းခံလိုက်ရမည်ဆိုလျှင် ထွက်ပြေးဖို့မျှော်လင့်ချက်တွေကို စွန့်လွှတ်လိုက်သင့်သည်။

လှောင်အိမ်က မကောင်းဆိုးဝါးများကို ဖိအားပေးနိုင်သေးသည်။ မကောင်းဆိုးဝါးတစ်ကောင်ကောင်သာမိသွားခဲ့ရင် ခွေးပေါက်ကြောင်ပေါက်လေးများကဲ့သို့ အားနည်းသွားလိမ့်မည်။

"ရိလျန် အဲ့သားရဲကိုထုတ်ခဲ့စမ်း ငါတို့အဲ့တာကမကောင်းဆိုးဝါးဆိုတာမသိခဲ့ဘူး မင်းတကယ် မကောင်းဆိုးဝါးကို အိမ်ထဲခေါ်ထားတာပဲ" ရိလျန်လက်မှ ဒဏ်ရာမှာ ဆိုးရွားနေကာ သူ၏မျက်နှာမှာလည်း ဒေါသကြောင့် ထိန်းချုပ်မှုလွှတ်နေသည်။

"ရှောင်ဟေးက မကောင်းဆိုးဝါးမဟုတ်ဘူး သူမက ခွေးတစ်ကောင်ပါ" ရိလျန် အော်ပြောလိုက်ပြီး ရှောင်ဟေးမြန်မြန်ထွက်သွားဖို့ ဆုတောင်းလိုက်မိသည်။

"ခွေးဖြစ်ဖြစ်မကောင်းဆိုးဝါးဖြစ်ဖြစ် ဒီမကောင်းဆိုးဝါးကုန်သည်တွေက ဘာလဲဆိုတာသိမှာပဲ အဲ့သားရဲစုတ်လေးက ငါ့ကိုဒီလိုဖြစ်အောင်လုပ်ထားတာ စတူးလုပ်စားပစ်မယ်" ရိရှုန်ဟာ ရက်စက်စွာပြောလာခဲ့သည်။

Arctic Fox (Realm 38)Where stories live. Discover now