Chapter 8

253 67 4
                                    

၂၃၄၀။ ဇာတ်လိုက် မဟုတ်ရင် ဗီလိန်

ဒီလိုကံကြမ္မာမျိုးရှိသူများဟာ ဇာတ်လိုက်မဟုတ်ရင် ဗီလိန်များသာဖြစ်ကြသည်။ (ဂြိုဟ်ဆိုးလို့ သတ်မှတ်ခံရတဲ့လူတွေကိုပြောတာပါ)

ဇာတ်လိုက်တွေအတွက်ကတော့ ဒီနောက်ကြောင်းမျိုးဟာ သူတို့နှလုံးသားကို သန်မာစေဖို့ဖြစ်ပြီး ဗီလိန်တွေအတွက်ကတော့ လမ်းမှားကိုရောက်သွားစေဖို့ဖြစ်သည်။

သူ့တစ်မိသားစုလုံး အသတ်ခံရတယ်။ ဆိုးဝါးလိုက်တဲ့ဘဝ။

ဒီလူတွေက ရိလျန်ရဲ့ အထိမခံနိုင်သည့် နေရာကို တိုက်ခိုက်နေကြတာဖြစ်သည်။။ သူကငယ်ရွယ်တဲ့ ကောင်လေးတစ်ယောက်ပဲရှိသေးတာကို ဒီအချိန်ထိ ခံနိုင်ရည်ရှိတာက အံ့ဩစရာပင်။

"ဒီနေရာကနေ ထွက်သွားဖို့ မင်းတစ်ရက်အချိန်ရှိတယ်။ ဒီအိမ်က နေရာကောင်းမှာရှိတာဆိုတော့ စီးပွားရေးအတွက် အသုံးပြုလောက်တယ်"

"ဒါက ကျွန်တော့်အိမ် ကျွန်တော်က ဘာလို့ရွေ့ပေးရမှာလဲ" ရိလျန် မျက်နှာကိုမော့၍ပြောလိုက်သည်။ သူ့ကိုယ်ဟာ တောင့်တင်းနေပြီး လက်ကိုတင်းတင်းကျပ်ကျပ်ဆုတ်ထားရင် တုန်နေသည်။

"မင်း ဒီမှာနေလို့ မင်းအိမ်လို့သတ်မှတ်ချင်တာလား? မင်းမိသားစုက ဒီမှာခဏနေခဲ့ရုံလေ မင်းကအရှက်မရှိဘဲ မင်းအိမ်အဖြစ်သတ်မှတ်လိုက်တာလား?"

" ဒါကျွန်တော့်အိမ် ထွက်သွားကြတော့" ရိလျန် အော်ပြောလိုက်ရင်း ထိုလူတွေကို တံခါးအပြင်တွန်းလိုက်သည်။

"ရိလျန် မင်းသတ္တိရှိလာတာပဲ မမေ့နဲ့ ငါ့အဘေးက အခြေခံအုတ်မြစ်အဆင့် ကျင့်ကြံသူ မင်း ငါ့ဆံပင်တစ်မွှေးကိုထိရဲရင် ငါ့အဘေးက မင်းကို လက်ချောင်းထဲနဲ့ ဝိဉာဉ်ထွက်သွားအောင်လုပ်နိုင်တယ် ငါ့အဘေးက ဒီမြို့ရဲ့ အုပ်ချုပ်သူ မင်းတစ်ခုခုမလုပ်ခင် ဖြစ်လာမဲ့အရာတွေကိုကြိုစဉ်းစားသင့်တယ်နော် " ခေါင်းဆောင်သည့်သူက ပျော်ရွှင်စွာပြောလာသည်။

ထိုယောက်ျားက အသက်နှစ်ဆယ်အောက်သာရှိလောက်သေးပြီး အထက်စီးဆန်လှသည်။

အခြေခံအုတ်မြစ်အဆင့်သည် ကျင့်ကြံခြင်းစတင်သည့်အဆင့်သာဖြစ်သော်လည်း အောင်မြင်သူများက သာမာန်လူများနှင့် မတူသောနေရာသို့ ရောက်ရှိသွားသည်။

Arctic Fox (Realm 38)Where stories live. Discover now