အချစ်ဦးမို့ ရူးတယ်ပဲဆိုဆို.....ဘဲကြီး
ခင်ဗျားအပေါ်.....ကျုပ်ရဲ့နှလုံးသားလေးက တိမ်းညွှတ်နေမိပြီဗျ။____ _____ ____ ___ ____ _____
ချစ်ဦးရင်ခုန်သံ (အပိုင်း၁)
တရုတ်နိုင်ငံ၏ အောင်မြင်ကျော်ကြားသော လုပ်ငန်းရှင်တွေထဲ တစ်ဦးအပါဝင်ဖြစ်သူ တစ်ယောက်ဖြစ်ပြီး Top 10 ကုမ္ပဏီတွေထဲမှ Top2 ကို အမြဲလိုအပိုင်သိမ်းထားနိုင်သူ။
ခြောက်ပေကို တစ်လက်မပဲလျော့သည့် အရပ်ကြီးဖြင့် ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ဟာ လိုက်ဖက်စွာ ကြည့်ကောင်းလွန်းသည်ထက်ကို ပိုလို့နေ၏။
မကျဥ်းမကျယ်သော နှဖူးပြင်၊ မျက်ရစ်မပါသော မျက်လုံးအိမ်နှင့် ဖြောင်းစင်းမလိုနှင့် ထိပ်တွင်လုံးဝန်းသွားသော နှာခေါင်းလုံးတို့က ဖြူဖွေးသော မျက်နှာပေါ်တွင် အကျအနနေရာယူထားလေသည်။
ပိရိသေသပ်သော နှုတ်ခမ်းပါးတို့ကလည်း ရယ်လိုက်လျှင် စွဲမက်ဖွယ်ဖြစ်နေမည်မှာ ဧကန်မလွဲ။
သို့သော်.....အကြင်လူသားဟာအပြုံးတို့ကို
တပါးသူရှေ့ ထုတ်ပြရန်ဝန်လေးသည့်အလား။ပန်းရောင်နှုတ်ခမ်းပါးတို့ကို အမြဲလို တင်းတင်းစေ့ထားလေ့ရှိသည်။
ထိုလူကား တရုတ်နိုင်ငံ Wang လုပ်ငန်းစု၏
ဥက္ကဋ္ဌ Wang Yibo ပင်ဖြစ်၏။အသက်၃၅ရှိပြီဖြစ်သည့် ထိုလူသားဟာ မိန်းကလေးတွေ၏ အသည်းနှလုံးကိုလည်း အပိုင်သိမ်းထားနိုင်သူပင်။
ပျိုတိုင်း၏ နှုတ်ခမ်းပါးတွင် ရေပန်းစားသည့်
ထိုရေခဲလူသားဟာ မဂ္ဂဇင်းတိုင်း၏ မျက်နှာဖုံးပိုင်ရှင်အဖြစ် အမြဲလိုရွေးချယ်ခံရသူပင်ဖြစ်၏။ယခုမူလည်း ဆုံလည်ထိုင်ခုံပေါ်တွင် ထိုင်ကာ
အတွင်းရေးမူးမလေး တင်ပြလာသည့် အကြောင်းရာတွေကို စိတ်ပါဝင်စားစွာ နားထောင်နေလေရဲ့။"နောက်၅မိနစ်နေရင် အစည်းဝေးစပါမယ် boss
ညနေ၃နာရီမှာ bossနဲ့စာချုပ်ကိစ္စဆွေးနွေးမယ့်သူနဲ့ တွေ့ဖို့ရှိပါတယ်။ညနေ၄နာရီ၁၅ မှာတော့ ဦးအောင်မြင့်နဲ့ တွေ့ဆုံဖို့ရှိပါတယ်"
YOU ARE READING
ချစ်ဦးရင်ခုန်သံ
Fanfictionအချစ်ဦး။ ကျွန်တော့်ရဲ့ နှလုံးသားကို အပိုင်သိမ်းသွားသူ။ ဒီcover photo လေးမှာ အဖြူရောင်shirtနဲ့ဂျင်းဘောင်းဘီနဲ့က ဝမ်ရိပေါ်ဖြစ်ပြီး black suitနဲ့က ရှောင်ကျန့်ပါ