"My son!!"
လေလေးတချွန်ချွန်နဲ့ အိမ်ပေါ်ထပ် ကြောင်လှေကားမှတစ်ဆင့် ဆင်းလာတဲ့ ရှောင်ကျန့်
daddyရဲ့ ခေါ်သံကြောင့် အပြင်သွားဖို့ လှမ်းနေတဲ့ ခြေလှမ်းတွေကို ရပ်တန့်လိုက်သည်။ထို့နောက် ခြေလှမ်းတွေကို ဒယ်ဒီထိုင်နေတဲ့ ဆက်တီခုံသို့ ဦးတည်လိုက်၏။
"ပြောစရာရှိလို့လား dad"
"ဟုတ်တယ် my son
ထိုင်ပါဦး"ဒယ်ဒီနဲ့မာမီ၏ ဘေးရှိ ဆက်တီခုံတွင် ဝင်ထိုင်ကာ
ဒယ်ဒီပြောမည့်စကားကို နားထောင်ဖို့ရန် အသင့်ပြင်ထားလိုက်သည်။"ပြောလေdad"
"my son မင်းကို daddy အခုချိန်ထိတိုင်အောင် ဘာလုပ်ရမယ်လို့ မချုပ်ချယ်ဘဲ လွတ်လွတ်လပ်လပ် နေခိုင်းခဲ့တယ်နော်"
ဒယ်ဒီပြောတာလည်း အမှန်ပါပင်။
ဒယ်ဒီနဲ့မာမီက အခြားမိဘတွေလိုမျိုး ဘာဖြစ်ရမယ်၊ ဘာလုပ်ရမယ် အစရှိတဲ့ ပုံစံခွက်ကြီးထဲမှာ
မရှင်သန်စေဘဲ လွတ်လွတ်လပ်လပ်သာ နေစေခဲ့သည်။ရှောင်းကျန့် ဆိုးသမျှကိုလည်း ဒယ်ဒီတို့က အမြဲတမ်း ဖြေရှင်းပေးနေကျပင်။
သို့သော်......ဆိုးသာဆိုးလို့ရတယ်။
မယုတ်မာရဘူးဟု အမြဲတမ်း ဆုံးမလေ့ရှိသည်။ထို့ကြောင့်လည်း ရှောင်းကျန့်သည် ဆိုးသာဆိုးမည်။
ဘယ်တော့မှ အခြားသူအပေါ် ယုတ်မာခဲ့ခြင်း အလျဥ်းမရှိပေ။
"အခု.....my son ကို daddy ရဲ့ မိတ်ဆွေသား ကုမ္ပဏီမှာ အလုပ်သင်အနေနဲ့ သွားစေချင်တယ်"
"ဟုတ်ကဲ့ပါ daddy"
"ဒါနဲ့......daddy
သားလုပ်မယ့် ကုမ္ပဏီနာမည်က.......""Wang group my son"
ဒယ်ဒီ့ရဲ့ Wang group ဆိုတဲ့ စကားသံက
သူ့နားထဲ ပဲ့တင်ထပ်သွားသလို။Wang group.......Wang groupဆိုတော့................... ဘဲကြီးရဲ့ကုမ္ပဏီ။
အဟား...........ကံကြမ္မာကြီးကတောင် ရှောင်ကျန့်ကို မနေနိုင်မထိုင်နိုင် ကူညီပေးနေပြီဆိုမှတော့............... ဒါဟာ ကျိန်းသေပေါက်
ဖူးစာပဲပေါ့...........ဘဲကြီးရယ်။
YOU ARE READING
ချစ်ဦးရင်ခုန်သံ
Fanfictionအချစ်ဦး။ ကျွန်တော့်ရဲ့ နှလုံးသားကို အပိုင်သိမ်းသွားသူ။ ဒီcover photo လေးမှာ အဖြူရောင်shirtနဲ့ဂျင်းဘောင်းဘီနဲ့က ဝမ်ရိပေါ်ဖြစ်ပြီး black suitနဲ့က ရှောင်ကျန့်ပါ