unicode
အချိန်ကားညနေ၅နာရီအတိ။
ပုံမှန်ရုံးဆင်းနေကျ အချိန်ဖြစ်သောကြောင့် ရုံးအတွင်းရှိ လူများအားလုံး ကိုယ်စီနားခိုရာအိမ်သို့ပြန်ကုန်ကြပြီဖြစ်၏။
လူတွေအားလုံး အိမ်ပြန်ကြပြီးနောက် ကုမ္ပဏီရဲ့ကားပါကင်အတွင်း အစိမ်းရောင်ကားတစ်စီးနှင့် YAMAHA ဆိုင်ကယ်တစ်စီးသာ ကျန်ခဲ့တော့သည်။
ထိုသို့ တိတ်ဆိတ်နေသော ကားပါကင်အတွင်း လူတစ်ယောက်ရဲ့ လှုပ်ရှားနေသံက တိုးညှင်းစွာထွက်ပေါ်နေသည်။
အစိမ်းရောင်ကားလေးရဲ့ ကားဘီးနားတွင် ရှောင်ကျန့်ထိုင်ကာ အလုပ်များနေသည်။
အားလုံးပြီးစီးသွားတော့ လက်တွင်ပေကျံနေသော ဖုန်တို့ကိုခါကာ ရှောင်ကျန့်ရဲ့ကျေနပ်နေသည့် ရုပ်ကအထင်းသား ပေါ်လွင်လာသည်။သူ့ရဲ့ရည်ရွယ်ချက် အောင်မြင်ကြောင်းကို ရှောင်ကျန့်ဘေးနားတွင် ရပ်ထားသော ကား၏ခပ်ပြားပြား ဘီးခွံတို့က သက်သေထူလျက်။
ထို့နောက် ရှောင်ကျန့်ရဲ့အချစ်တော် ဆိုင်ကယ်လေးကိုစီးကာ ထိုနေရာမှထွက်လာလိုက်၏။
............................
တတောက်တောက်နဲ့ ကွန်ပျူတာနှိပ်နေသည့် အသံကား ရုံးခန်းလေးထဲတွင် အဆက်မပြတ်ထွက်ပေါ်နေ၏။
အကြည့်တို့ဟာ လက်တွင်ပတ်ထားပါသော နာရီသို့အရောက် အချိန်ကား၆နာရီပင် ထိုးလုနီးလေပြီ။
အချိန်ကား မစောတော့ပေ။
လုပ်လတ်စအလုပ်တွေလည်း ပြီးမြောက်သွားပြီဖြစ်တာကြောင့် ရိပေါ်တစ်ယောက် လက်တော့ပ်ကို ပိတ်ကာ အိမ်ပြန်ဖို့ပြင်လိုက်တော့၏။ကုမ္ပဏီ၏အပေါ်ဆုံးအထပ်မှနေ အောက်ဆုံးထပ်ဆီသို့ ဓာတ်လှေကားဖြင့် ဆင်းလာလိုက်သည်။
ထို့နောက် ကားပါးကင်ရှိရာသို့ ခပ်သွက်သွက်လျှောက်လာလိုက်၏။
ကားပါကင်ကိုရောက်ရောက်ချင်း ရိပေါ်ကိုစီးကြို နေတာက ပြားချပ်ချပ်ဘီးခွံများသာ။
ဘယ်လိုများဖြစ်ပါလိမ့်ဆိုကာ မျက်မှောင်ကြုံ့စဥ်းစားနေခိုက် အနားရောက်လာသည့် ဆိုင်ကယ်တစ်စီး။
YOU ARE READING
ချစ်ဦးရင်ခုန်သံ
Fanfictionအချစ်ဦး။ ကျွန်တော့်ရဲ့ နှလုံးသားကို အပိုင်သိမ်းသွားသူ။ ဒီcover photo လေးမှာ အဖြူရောင်shirtနဲ့ဂျင်းဘောင်းဘီနဲ့က ဝမ်ရိပေါ်ဖြစ်ပြီး black suitနဲ့က ရှောင်ကျန့်ပါ