ရှောင်ကျန့်ရဲ့ မနက်ခင်းလေးက လှပလို့ပင်။
တစ်နေ့တာအတွက် လန်းဆန်းနေအောင် မနက်ခင်းရေထချိုးလိုက်ပြီး ဘဲကြီးအမြင်မှာ အမိုက်ဆုံးဖြစ်နေအောင် ပြင်ဆင်လိုက်သည်။
မှန်ထဲမှာပေါ်နေသော ရှောင်ကျန့်ရဲ့သွင်ပြင်က ညှို့ငင်အားအပြည့်ဖြင့်။
အောက်ခံရှပ်အဖြူရောင်လက်ရှည်သည် ရှောင်ကျန့်၏ကိုယ်ပေါ်တွင် ကွက်တိကျလျက် တောင့်တင်းသည့် ကြွက်သားတို့က ထင်ပေါ်နေလေသည်။
ထို့နောက် အပေါ်ကုတ်အနက်ရောင် ထပ်ဝတ်လိုက်သည့် အခါတွင်တော့ ရှောင်ကျန့်၏ပုံစံက လုံးဝကို ငေးမောချင်စရာအတိပင်။
အားလုံးပြီးပြည့်စုံမှုရှိသွားအောင် နက်ကတိုင်များစွာရှိသည့်အနက်မှ အမည်းရောင်နက်ကတိုင်ကိုသာ ရွေးချယ်လိုက်၏။
အမည်းရောင်နက်ကတိုင်ကို ရွေးချယ်ရခြင်းက အခြားကြောင့်မဟုတ်။
အပေါ်ကုတ်အရောင်နဲ့ တစ်ထပ်ထဲကျအောင်လို့ပင်။အကုန်လုံးပြီးစီးသွားသည့် နောက်တွင်တော့ မှန်ထဲ၌ပေါ်နေသော ရှောင်ကျန့်ရဲ့ပုံရိပ်ဟာ ပိုလို့ပင် ဆွဲဆောင်မှုရှိသွားလေသည်။
မှန်ထဲ၌ပေါ်နေသော မိမိကိုယ်ကို ပြန်ကြည့်ကာ ရှောင်ကျန့်ကျေနပ်သွားသည်။
လက်တွေ့ကမ္ဘာတင်မက အိပ်မက်ထဲ၌ကိုပင် လွှမ်းမိုးနိုင်လွန်းသူကို တွေ့ဖို့မစောင့်နိုင်တော့ပေ။
..........................................................
"ဒေါက်!ဒေါက်!"
"ဝင်ခဲ့ပါ"
G-mailထဲသို့ ဝင်လာသော mailတွေကို စစ်နေစဥ်အတွင်း ကြားလိုက်ရသည့် တံခါးခေါက်သံကြောင့် mailစစ်နေတာကို ခဏရပ်လိုက်သည်။
"ဝင်ခဲ့ပါ"
သူ့စကားနောက် ကျွီခနဲတံခါးပွင့်သံ ထွက်ပေါ်လာကာ ဝင်လာသည့် လူတစ်ယောက်။
ထိုဝင်လာသူက အခြားသူမဟုတ်။
ရှောင်းဥက္ကဋ္ဌကြီးကိုယ်တိုင် အကူအညီတောင်းထားကာ သူ့ထံသို့ အလုပ်သင်ရန်လွှတ်လိုက်သည့်လူဆိုးကောင်ပင်။လူဆိုးကောင်လို့ ဘာလို့ခေါ်လဲမမေးနဲ့။
စတွေ့ကတည်းက သူ့မျက်လုံးထဲ အမြင်ကတ်စရာကောင်းနေလို့ပင်။
YOU ARE READING
ချစ်ဦးရင်ခုန်သံ
Fanfictionအချစ်ဦး။ ကျွန်တော့်ရဲ့ နှလုံးသားကို အပိုင်သိမ်းသွားသူ။ ဒီcover photo လေးမှာ အဖြူရောင်shirtနဲ့ဂျင်းဘောင်းဘီနဲ့က ဝမ်ရိပေါ်ဖြစ်ပြီး black suitနဲ့က ရှောင်ကျန့်ပါ