unicode
"Cheer!!!"
"Cheer!!!"
ခွက်ချင်းတိုက်ကာ တစ်ကျိုက်တည်းမော့သောက်လိုက်ကြသည့် ရှောင်ကျန့်တို့သူငယ်ချင်းတစ်စု။
"အား.........ကောင်းလိုက်တာကွာ
ဒီအရသာလေးကို လွမ်းနေတာ"ယွီပင်းရဲ့အပြောကို ကျန်းချန်ကခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံလိုက်၏။
"ဟုတ်ပါ့ကွာ
ဒီကောင်ရှောင်ကျန့် သားအလိမ္မာလေးလုပ်နေတာနဲ့ပဲ အခုမှလာဖြစ်တော့တယ်"သူငယ်ချင်းတွေရဲ့ ညည်းညည်းငြူငြူ စကားသံကြောင့် ရှောင်းကျန့်ခေါင်းကလေးခါကာ ပြုံးလိုက်မိသည်။
သူတို့ပြောတာလည်း ဟုတ်ပါတယ်လေ။
ကိုယ်ကလည်းအခုတလော ဘဲကြီးရဲ့ကုမ္ပဏီမှာအလုပ်သင်ဝင်လုပ်နေတာ ဆိုတော့ အရင်လိုလမ်းမသလားဖြစ်တော့။"ကဲပါကွာ.........ငါ အခုတလောမအားလို့ပါ"
"ဘယ်အားမတုန်း
မင်းက daddy သားလိမ္မာလေးလုပ်နေတာကို""ဒါနဲ့......မင်း daddyရဲ့ကုမ္ပဏီမှာပဲ ဝင်လုပ်နေတာမလား"
"Wang group"
"ဟမ်"
သေချာမကြားရတာကြောင့် ပြန်မေးလိုက်မှ ဒီကောင့်အဖြေကြောင့် ကျန်းချန်တို့သူငယ်ချင်းတစ်စု သွေးတောင်ဆောင့်တက်သွားသလိုပင်။
"Wang groupလို့
ငါအခုအလုပ်လုပ်နေတာက""ဘာ!!!!"
ဟောက်ရွှမ်းရဲ့ဘာဆိုတဲ့ အသံကြီးက ဟိန်းထွက်သွားသည်။
"ဒါ........ဒါဆို
မင်းရဲ့ဘဲကြီး ကုမ္ပဏီ""Right
မှန်တယ်သားရီး"လက်ညှိုးနှင့်လက်မကို ကွေးကာ ထောက်ခံလိုက်သည့် ရှောင်ကျန့်။
"Wow!! Wow!!
လုံးဝ amazingပဲ ရှောင်ကျန့်ရာ"လွတ်လွတ်လပ်လပ်ပဲ နေချင်ပါတယ်ဆိုပြီး uncle Xiao ရဲ့ ကုမ္ပဏီကိုတောင် ဝင်မကူသည့်ကောင်က အခုတော့ Wang ကုမ္ပဏီမှာအလုပ်ဝင်လုပ်နေပါသတဲ့။
"ရှောင်ကျန့်.......မင်းသူ့ကို အတည်ချစ်သွားတာလား"
ယွီပင်းရဲ့အမေးကို
ရှောင်ကျန့်ခေါင်းခါပြီး ငြင်းပယ်လိုက်သည်။
YOU ARE READING
ချစ်ဦးရင်ခုန်သံ
Fanficအချစ်ဦး။ ကျွန်တော့်ရဲ့ နှလုံးသားကို အပိုင်သိမ်းသွားသူ။ ဒီcover photo လေးမှာ အဖြူရောင်shirtနဲ့ဂျင်းဘောင်းဘီနဲ့က ဝမ်ရိပေါ်ဖြစ်ပြီး black suitနဲ့က ရှောင်ကျန့်ပါ