အပိုင်း၃🥀🥀🥀🥀

868 72 10
                                    

ချစ်ဦးရင်ခုန်သံ

အပိုင်း(၃)

unicode

"တောင်!!!"

နံနက်စောစော အိပ်ရာပင်မထသေး ဖုန်းထဲမှ
message ပို့သည့်အသံကို ကြားလိုက်ရသဖြင့်
ဖုန်းကိုဖွင့်ကြည့်လိုက်တော့ မြင်လိုက်ရတာက ဖုန်းနံပါတ်စိမ်းတစ်ခု။

ပို့ထားသည့် စာကို ဖတ်ကြည့်လိုက်တော့မှ ပို့တဲ့သူက လွန်ခဲ့တဲ့ ရက်တွေတုန်းက သူနဲ့တွေ့ခဲ့တဲ့
အရိုင်းစိုင်းကောင်မှန်း သိလိုက်ရသည်။

ပို့ထားသည့် စာကို ဖတ်ကြည့်ပြီး စိတ်ကထောင်းခနဲပဲ။

"Hello! Xiaoś mine
Good morning"

ဆိုပြီး ပို့ထားတဲ့ စာကို
ဖတ်ကြည့်ပြီးတာနဲ့ တစ်ခါတည်း တန်းဖျက်ပြစ်လိုက်သည်။

တစ်လက်စတည်း ဖုန်းနံပါတ်ကိုပါ တစ်ခါတည်း
block ပြစ်လိုက်သည်။

"တောက်!! ဒီအရှုပ်ထုပ်ကောင်ကတော့"

စောစောစီးစီး စိတ်အနှောက်ယှက် ပေးနေပြန်သည်။

"Bee!!! Bee!!"

"ဝေ!"

"Hello!!
Xiaoś mine
good morning"

အသံကို နားထောင်ကြည့်လိုက်မှ ဟိုအရှုပ်ထုပ်ကောင်ပဲ ဖြစ်နေပြန်သည်။

"တောက်!!!"

ဒီအရှုပ်ထုပ်ကတော့ ဖုန်းနံပါတ်တွေ ဘယ်နှစ်ခုတောင် ရှိနေပါလိမ့်။

"Hello!
Xiaoś mine
Hello! ဘဲကြီး"

"တီ!! တီ!!"

အရှုပ်ထုပ်ကောင်မှန်း သိတာနဲ့ ဖုန်းကို တန်းချပြစ်လိုက်တယ်။

တကယ်ပါ.....ဘယ်ဘဝက ရေစက်မှန်း မသိ။
ဒီအရှုပ်ထုပ်ကောင်ကတော့ သူ့ဘဝကို လာအနှောက်ယှက်ပေးနေတော့တာပဲ။

"ကျစ်!!
စိတ်ရှုပ်တယ်ကွာ!!"

တကယ်ပါ မနက်စောစောကို စိတ်တွေက ရှုပ်ထွေးလာရရော။

နောက်တစ်ခါများ ထပ်တွေ့ရရင်တော့ ဒီအရှုပ်ထုပ်ကောင်ကို နောက်ထပ် မနှောင့်ယှက်အောင်
သတိပေးထားရမည်။

အခုတော့.....စိတ်ရှုပ်တာတွေကို အသာထားပြီး
ကုမ္ပဏီသွားဖို့ ပြင်ဆင်ရဦးမည်။

ချစ်ဦးရင်ခုန်သံWhere stories live. Discover now