ကုမ္ပဏီကို စရောက်သည်နှင့် ရိပေါ်အရင်ဦးဆုံးသတိထားမိသည်က ရုံးခန်းစားပွဲပေါ်က အလှပန်းအိုးလေးကိုပင်။
တစ်နေ့တစ်မျိုးမရိုးရလေအောင် ထိုးထားလေ့ရှိသည့် နှင်းဆီရောင်စုံတို့အစား နေကြာပန်းဝါဝါတို့က ပန်းအိုးလေးထဲ၌နေရာယူထား၏။
ပန်းအိုးလေးကိုကြည့်ရင်းကနေ ဘေးကိုအကြည့်
ရောက်သွားတော့ အငွေ့တထောင်းထောင်းထနေတဲ့ ကော်ဖီခွက်လေးကို တွေ့ရ၏။ကော်ဖီခွက်လေးလို့ သူထင်လိုက်မိပေမယ့် အနံ့လေးကတော့ ချောကလက်အနံ့လေး သင်းနေတာပင်။
သေချာကြည့်လိုက်မှ ကော်ဖီခွက်လေးမဟုတ်ဘဲ ချောကလက်ပူပူလေးဖြစ်နေသည်။
ဒီနေ့တော့ အတော်လေးကို ထူးဆန်းနေသည်ဟု ရိပေါ်ထင်လိုက်မိ၏။
ခါတိုင်းမြင်နေကျ နှင်းဆီပန်းရောင်စုံတို့အစား မြင်နေကျမဟုတ်သည့် နေကြာတို့ကနေရာယူထားသည့်အပြင် ရိပေါ်အမြဲတမ်းသောက်နေကျ ကော်ဖီအစား ချောကလက်ပူပူလေးက အလုပ်စားပွဲပေါ်၌ နေရာယူထားသေး၏။
ထူးဆန်းနေသည်ဟု ရိပေါ်ထင်လိုက်မိသည့်အတွက် သူ့အတွင်းရေးမှူးမလေးကို ဖုန်းဆက်ကာ ရုံးခန်းထဲလာရန်ခေါ်လိုက်၏။
"ဟယ်လို"
"ကိုယ့်ရုံးခန်းထဲခဏလောက် လာခဲ့ပါ Rosy"
"ဟုတ်ကဲ့ပါ boss "
"တီ!!!"
Rosyကို ပြောပြီးနောက် ဖုန်းချလိုက်၏။
ဖုန်းချပြီးမကြာလိုက်ပါ။
သူ့ရုံးခန်းထဲRosyရောက်လာသည်။" Rosy ဘာလုပ်ပေးရမလဲ boss "
"ခိုင်းစရာရှိလို့တော့ မဟုတ်ပါဘူး။
ကိုယ်မေးစရာလေးရှိလို့ပါ""ဘာမေးချင်လို့လဲ boss"
"ဒီနေ့ ကိုယ့်ရုံးခန်းထဲက ပန်းအိုးနဲ့ စားပွဲပေါ်က ချောကလက်ခွက်ကို Rosy ပြင်ထားတာလား "
"ဟို....အဲ့တာ Rosyပြင်ထားတာ မဟုတ်ပါဘူး
boss""Rosy ပြင်ထားတာမဟုတ်ရင် ဘယ်သူ......."
တွေးဆဆဖြင့် ရိပေါ်မေးလိုက်၏။
"မောင်.....မောင်လေးရှောင်း ပြင်ထားတာပါboss"
YOU ARE READING
ချစ်ဦးရင်ခုန်သံ
Fiksi Penggemarအချစ်ဦး။ ကျွန်တော့်ရဲ့ နှလုံးသားကို အပိုင်သိမ်းသွားသူ။ ဒီcover photo လေးမှာ အဖြူရောင်shirtနဲ့ဂျင်းဘောင်းဘီနဲ့က ဝမ်ရိပေါ်ဖြစ်ပြီး black suitနဲ့က ရှောင်ကျန့်ပါ