zawgyi🥀🥀🥀🥀

106 1 0
                                    

ကုမ္ပဏီကို စရောက်သည်နှင့် ရိပေါ်အရင်ဦးဆုံးသတိထားမိသည်က ရုံးခန်းစားပွဲပေါ်က အလှပန်းအိုးလေးကိုပင်။

တစ်နေ့တစ်မျိုးမရိုးရလေအောင် ထိုးထားလေ့ရှိသည့် နှင်းဆီရောင်စုံတို့အစား နေကြာပန်းဝါဝါတို့က ပန်းအိုးလေးထဲ၌နေရာယူထား၏။

ပန်းအိုးလေးကိုကြည့်ရင်းကနေ ဘေးကိုအကြည့်
ရောက်သွားတော့ အငွေ့တထောင်းထောင်းထနေတဲ့ ကော်ဖီခွက်လေးကို တွေ့ရ၏။

ကော်ဖီခွက်လေးလို့ သူထင်လိုက်မိပေမယ့် အနံ့လေးကတော့ ချောကလက်အနံ့လေး သင်းနေတာပင်။

သေချာကြည့်လိုက်မှ ကော်ဖီခွက်လေးမဟုတ်ဘဲ ချောကလက်ပူပူလေးဖြစ်နေသည်။

ဒီနေ့တော့ အတော်လေးကို ထူးဆန်းနေသည်ဟု ရိပေါ်ထင်လိုက်မိ၏။

ခါတိုင်းမြင်နေကျ နှင်းဆီပန်းရောင်စုံတို့အစား မြင်နေကျမဟုတ်သည့် နေကြာတို့ကနေရာယူထားသည့်အပြင် ရိပေါ်အမြဲတမ်းသောက်နေကျ ကော်ဖီအစား ချောကလက်ပူပူလေးက အလုပ်စားပွဲပေါ်၌ နေရာယူထားသေး၏။

ထူးဆန်းနေသည်ဟု ရိပေါ်ထင်လိုက်မိသည့်အတွက် သူ့အတွင်းရေးမှူးမလေးကို ဖုန်းဆက်ကာ ရုံးခန်းထဲလာရန်ခေါ်လိုက်၏။

"ဟယ်လို"

"ကိုယ့်ရုံးခန်းထဲခဏလောက် လာခဲ့ပါ Rosy"

"ဟုတ်ကဲ့ပါ boss "

"တီ!!!"

Rosyကို ပြောပြီးနောက် ဖုန်းချလိုက်၏။

ဖုန်းချပြီးမကြာလိုက်ပါ။
သူ့ရုံးခန်းထဲRosyရောက်လာသည်။

" Rosy ဘာလုပ်ပေးရမလဲ boss "

"ခိုင်းစရာရှိလို့တော့ မဟုတ်ပါဘူး။
ကိုယ်မေးစရာလေးရှိလို့ပါ"

"ဘာမေးချင်လို့လဲ boss"

"ဒီနေ့ ကိုယ့်ရုံးခန်းထဲက ပန်းအိုးနဲ့ စားပွဲပေါ်က ချောကလက်ခွက်ကို Rosy ပြင်ထားတာလား "

"ဟို....အဲ့တာ Rosyပြင်ထားတာ မဟုတ်ပါဘူး
boss"

"Rosy ပြင်ထားတာမဟုတ်ရင် ဘယ်သူ......."

တွေးဆဆဖြင့် ရိပေါ်မေးလိုက်၏။

"မောင်.....မောင်လေးရှောင်း ပြင်ထားတာပါboss"

"ရှောင်ကျန့်ပြင်ထားတာပေါ့ အဲ့တာဆို"

"ဟုတ်ကဲ့"

ရှောင်ကျန့်ပြင်ထားတာဆိုပဲ။
သေချာကြည့်မှ ပန်းဝါဝါလေးကြားထဲတွင် ညပ်ထားသော အဝါရောင်စာလိပ်လေးတစ်လိပ်။

အဝါရောင်ပန်းတွေကြားထဲက အဝါရောင်စာလိပ်လေးဆိုတော့ သေချာကြည့်မှမြင်နိုင်တာဖြစ်သည်။

ထိုအဝါရောင်စာလိပ်လေးကို ဖြည်ပြီးကြည့်လိုက်တော့ ခပ်သော့သော့လက်ရေးများဖြင့် ရေးထားသည့်စာကြောင်းလေးတွေက အထင်းသား။

"To Dear My Happniess
ကျွန်တော့်ရဲ့ပျော်ရွှင်မှုလေးရေ Happy valentine day ပါနော်
valentine day လေးအတွက် ကျွန်တော်ပြင်ပေးထားတဲ့ နေကြာပန်းလေးတွေကို ကြိုက်လားဟင်ဘဲကြီး။

နေကြာပန်းတွေဆိုတာ နေရှိရာဘက်ကိုပဲ အမြဲလိုမျက်နှာမူထားလေ့ရှိတယ်တဲ့။

အဲ့လိုပါပဲ ကျွန်တော်ဆိုတဲ့..... ရှောင်းရှောင်ကျန့်ကလည်း ဘဲကြီးဆိုတဲ့နေမင်းကြီးရှိရာကိုပဲ အမြဲလိုမျက်နှာမူချင်နေမိတာပါပဲ။

နေကြာတွေက နေမင်းကြီးကိုသစ္စာအရှိဆုံးတဲ့။
ကျွန်တော်ကလည်း....... နေကြာတွေလို သစ္စာရှိတဲ့အချစ်မျိုးနဲ့ ဘဲကြီးကိုချစ်သွားမယ်..... သိလား ။

Happy valentine day နော် ဘဲကြီး
သြော်.....ပြောရဦးမယ်
နောက်တစ်ခါ........ ကော်ဖီခါးခါးတွေအစား ရှောင်ကျန့်ဆိုတဲ့......ကျွန်တော့်ရဲ့ အချစ်တွေလို ချိုမြိန်တဲ့ချောကလက်ပူပူလေးပဲ သောက်ပါလို့
မွစ်😘 ချစ်တယ်နော်ဘဲကြီး
ဝေါ်အိုက်နီ "

စာကိုဆုံးအောင်ဖတ်ပြီးသွားတော့ ရိပေါ်နှုတ်ခမ်းထက် အပြုံးတို့ကမဖိတ်ခေါ်ဘဲ ရောက်လာလေသည်။

"အဟင်း.......ရိုမန့်တစ်ဆန်သားပဲ
လူဆိုးကောင်က......."

စိတ်လိုလက်ရပြုံးလိုက်ပြီးမှ ရှေ့တွင်လူရှိနေသေးသည်ကို မေ့သွားသည်။

"Ro....Rosy
အဟမ်း......မသွားသေးဘူးလား "

bossရဲ့အသံကြားမှ Rosy ကြည်နူးနေရာမှ အသိပြန်ဝင်လာသည်။

တကယ်တော့ Rosy ဆိုသည်က အကြီးစား Fujoshi တစ်ယောက်ပင်ဖြစ်၏။

အခုလည်း မောင်လေးရှောင်း၏ အကူညီတောင်းမှုကြောင့် bossနဲ့အဆင်ပြေပြီး ချစ်လင်လင်လေးတွေ ဖြစ်သွားအောင် သူမကူညီပေးနေခြင်းပင်။

Rosyရဲ့ ကူညီပေးမှုက အရာရောက်သည် ထင်ပါ၏။
Bossရဲ့ပုံစံက မောင်လေးရှောင်းရဲ့ suprise gift လေးကြောင့် စိတ်လှုပ်ရှားနေသည်ထင်၏။
သူမတို့ရှေ့ တစ်ကြိမ်တစ်ခါမျှပင် မစွန့်ကြဲဖူးသည့် အပြုံးတို့က နှုတ်ခမ်းထက်ဝယ် လှလှပပပင် အသက်ဝင်လို့နေသည်။

commentလေး မန့်ပေးသွားပါဦး အချစ်လေးတို့ရေ။
commentလေးတွေ ဖတ်ချင်လို့။

You've reached the end of published parts.

⏰ Last updated: Jan 27 ⏰

Add this story to your Library to get notified about new parts!

ချစ်ဦးရင်ခုန်သံWhere stories live. Discover now