"ဟော့ဒီ ဘူးညွှန့် ၊ ဖရုံညွှန့် ၊ ကန်စွန်းရွက် ၊ ချည်ပေါင်ရွက် ၊ ငရုတ်သီးစိမ်း ၊ ကိုင်းခရမ်းသီး ၊ ခရမ်းချည်သီး ၊ ဆူးပုတ်ရွတ်တွေရမယ်နော်"ရွာလမ်းအတိုင်း အော်လာတဲ့စျေးသည်လေးက တစ်အိမ်ဝင် တစ်အိမ်ထွက်နဲ့ ဟင်းရွက်မကုန်သမျှရောင်းနေရတော့သည်။ မိုးတွင်းမို့ ရွာလမ်းတွေက လျှော်နေတာမို့သတိထားရသည်။
" ရွှေပုံရေ လာပါဦးကွယ် "
"လာပြီ....အရီးလှမြိုင်ရေ"
ပြောရင်း စျေးဗန်းလေးကို ရွက်ကာ အရီးလှမြိုင်တို့ ခြံထဲသို့ဝင်သွားလိုက်သည်။
"ကဲ့ အရီးရေ ဘာယူမလဲ ဟင်းရွက်ကသိပ်မရှိတော့ဘူးတော့ ဘူးညွှန့် ၁စည်းနဲ့ ဆူးပုတ် ၃စည်းပဲကျန်ပြီတော့"
"ကျုပ်လည်းအဲ့ဒါပဲယူမှာပါတော် ရွှေပုံရယ် ညည်းကိုကြည့်ရတာလည်း ကျုပ်ပင်ပန်းလိုက်တာတော် မနက်ဆိုရင်ကောက်စိုက်ရ ၊ ညနေဆိုရင်စျေးထွက်ရောင်းရနဲ့ အေ ညည်းမပင်ပန်းဘူးလာကွယ်"
"အော် အရီးရေ ရွှေပုံတို့က ခန္ဓာကိုယ်လှုပ်မှ ပါးစပ်လှုပ်ရတာလေတော် ပင်ပန်းတယ်လို့တော့ ဘယ်ဟုတ်ပါ့မလေး အရီးရေ "
"အဲ့ဒါလည်းဟုတ်တာပဲလေ အဲ့ဒါကြောင့် ညည်းကိုကျုပ်ပြောပါတယ် ကျုပ်မောင် ကျွဲကြီး ကိုယူပါလို့ ကျွဲကြီး မိန်းမပွေရှုပ်ပေမယ့် ညည့်ကိုတော့တကယ်ချစ်ပါတယ်အေ"
"တော်ပါအရီးရယ် ရွှေပုံပြန်ရတော့မယ့် အရီးဝယ်မှာလား"
"အမလေးဝယ်မှာအေ ကျုပ်ကအကောင်းနဲ့ပြောတာကို ရော့ဒီမှာပိုက်ဆံ"
ပိုက်ဆံယူပြီးတာနဲ့ သက်ပုံလည်း ထိုခြံထဲကထွက်လာခဲ့တော့သည်။ လူတွေများနော် ပိုက်ဆံရှိတော့ထင်ရာစိုင်းနေကြတော့တာပဲ ။ သူ့မောင် ငပွေငရှုပ် လူရမ်းကားကို ယူရမယ်တဲ့လေ တော်တော်လေးအပြောကောင်း အလုပ်မရှိ အကိုင်မရှိ မိုးလင်းကနေမိုးချုပ် မိန်းမတွေနဲ့ပဲပလူးနေတဲ့အကောင်းကို ရွှေပုံယူမိရင် မျက်ရည်ကိုဒူးနဲ့သုတ်ရမှာမလွဲပေ။ သူ့မောင်လို နှာဘူးကောင်ကို ရွှေပုံက ယူစရာလား ဝေးသေ။သူ့မောင်ယူမှ ဒူးနဲ့မျက်ရည်သုတ်နေရမှာ ကိုယ်ဘာသာပဲအေးဆေးနေတာကောင်းဦးမယ်။

YOU ARE READING
🗡ငါ့မိန်းမထိ ဓားကြည့်🗡
Randomထူးခြားထက် (Seme) ရွှေပုံ( Uke) Uke softဖြစ်တဲ့အပြင် intersex (ဒွိလိင်) ဖြစ်တာမို့ ကြိုက်မှဖတ်ကြပါနော် ကိုယ်ရဲ့ဒုတိယမြှောက်ficမို့ အမှားပါရင်ခွင့်လွှတ်ကြပါနော်