" ဟဲ့ ရွှေပုံ.....ငါ့ကို ဝက်သားအချိုချက် ၁၀၀၀ဖိုးလောက်ပေးစမ်းပါအေ""ဟုတ်ကဲ့...ရော့ဒီမှာ အမထွေးနု ဘယ်သူစားမှာလဲ ကျုပ်ပိုပိုသာသာထည့်ပေးထားတယ်နော်"
"နင့်မောင်ငထွေးစားမှာ....ကျောင်းချိန်လည်းနီးနေပြီဆိုတော့ ဟင်းချက်မမှီလို့ ရွှေပုံရေ နင်အခုလို ထမင်းဟင်းတွေရောင်းတော့ ပိုအဆင်ပြေတာပေါ့အေ ကဲငါသွားပြီရွှေပုံရေ"
"ဟုတ်ကဲ့ အမထွေးနု"
ထွက်သွားတဲ့အမထွေးနုကိုကြည့်ရင်း သက်ပုံ သက်ပြင်းချလိုက်လေသည်။ လင်မယား ၂ယောက်အလုပ်ကြိုးစားပေမယ့် ကလေးများတဲ့အမထွေးနုကြောင့် ရှာသလောက်အရာမထင်ပေ။ အမထွေးနုတို့လင်မယားကိုကြည့်ရင်းရွှေပုံ စိတ်မကောင်းသာဖြစ်မိသည်။
" ရွှေပုံရေ ထမင်းစားမယ်ဟေ့ ကြက်အသဲအမြစ်တစ်ပွဲ၊ ငရုတ်သီးကြော်တစ်ပွဲ"
"လယ်ထဲက ပြန်တက်လာပုံရတဲ့ ကိုကျော်စံကြောင့် ရွှေပုံမှာထမင်းပွဲပြင်အေးလိုက်တော့သည်။
"ရပါပြီ ရော့ ကိုကျော်စံ ဘာလိုသေးလဲပြောဦးနော် "
"ရတယ်မလိုဘူး နင်လက်ရာဆိုအကုန်ကောင်းတယ်"
လက်မလေးထောင်ကာ ရွှေပုံလက်ရာကောင်းကြောင်းခေါင်းမဖော်တမ်းပြောလာတဲ့ ကိုကျော်စံကြောင့်ရွှေပုံရယ်လိုက်မိသည်။တို့စရာဟင်းနဲ့ငပိရည်ကိုတော့ ရွှေပုံကအလကားပေးတာမို့ ရွှေပုံထမင်းဆိုင်လေးမှာအမြဲတမ်းလူမပြတ်ကြနေတော့သည်။
ထိုချိန်အကိုက ကိုမျိုးဦးတုတ်တုတ်နဲ့ ပျဥ်တွေသစ်တွေသယ်လာပြီး အိမ်ဘေးမှာပုံထားလိုက်တော့သည်။ ထိုချိန် ထမင်းစားနေတဲ့ကိုကျော်စံက ခေါင်းထောင်ကြည့်လာပြီး
" ထူးခြား....ပျဥ်တွေကများလှချည်လား"
" ဟုတ်တယ်.......ကိုကျော်စံရယ် အိမ်ပြန်ပြင်မလို့ မဟုတ်ရင်အိမ်ကပြိုကျတော့မယ်"
"အေးအေး...ကောင်းတယ်ကွာ...ကဲ...ရွှေပုံရေ ဘယ်လောက်ကျလဲဟေ့"
" ကြက်အသည်းအမြစ်က ၁၀၀၀ ၊ ငပိကြော်က ၅၀၀ ထမင်းက ၅၀၀ ဆိုတော့ ၂၀၀၀ကျတယ် ကိုကျော်စံရေ"

YOU ARE READING
🗡ငါ့မိန်းမထိ ဓားကြည့်🗡
Randomထူးခြားထက် (Seme) ရွှေပုံ( Uke) Uke softဖြစ်တဲ့အပြင် intersex (ဒွိလိင်) ဖြစ်တာမို့ ကြိုက်မှဖတ်ကြပါနော် ကိုယ်ရဲ့ဒုတိယမြှောက်ficမို့ အမှားပါရင်ခွင့်လွှတ်ကြပါနော်