" မေညိုရေ....မေညို..""အေး...ဘယ်သူလဲဟေ့..."
အိမ်နောက်ဖေးက ထွက်လာတဲ့ ဒေါ်ညိုညိုကြောင့် ရွှေပုံပြုံးပြလိုက်သည်။
"ဟယ်.... ရွှေပုံတို့ လင်မယားပါလား လာလာ ဘယ်ကိုလာတာလဲ "
"မေညိုဆီကိုပဲလာတာ ဟင်းလာပို့တာလေ"
လက်ကဟင်းချိုင့်လေးကိုမြှောက်ပြကာပြောလာတဲ့ ရွှေပုံကြောင့် ဒေါ်ညိုညိုတင်မက ရွှေပုံဘေးက ထူးခြားကပါ အသည်းတယားယားဖြစ်နေတော့သည်။
အိမ်ထဲကိုရောက်တော့ ရွှေပုံက ခေါင်းကိုဟိုစောင်းဒီစောင်းနဲ့ ကြာညိုကိုရှာနေလေသည်။ ဒါကိုသိတဲ့ ဒေါ်ည်ုညိုက" ရွှေပုံလေးရဲ့ သူငယ်ချင်းကမရှိဘူး ဒီနေ့ကောက်စိုက်သွားတယ်လေ"
"ဟင်.... ရွှေပုံကိုလည်းမပြောဘူး ရွှေပုံလည်းကောက်လိုက်စိုက်မှာပေါ့ "
ရွှေပုံစကားကြောင့် ဒေါ်ညိုညိုက မျက်လုံးလေးပြူးကာ ထူးခြားကိုကြည့်လေသည်။ထူးခြားကတော့ ရွှေပုံက်ုမျက်မှောင်ကျုပ်ကာကြည့်ရင်း
" မင်းယောကျာ်း ငါကမင်းကိုရှာကျွေးနိုင်တယ်အပြင်အလုပ်လုပ်စရာမလိုဘူး နောက်တစ်ခါ အလုပ်လုပ်မယ်ပြောရင် အရိုတ်ခံရမယ်နော် ရွှေပုံ"
ထူးခြားရဲ့စကားကြောင့် ရွှေပုံ ခေါင်းလေးငုံသွားတော့သည်။ဒေါ်ညိုညိုကတော့ ထူးခြားနဲ့ ရွှေပုံကိုကြည့်ရင်းတပြုံးပြုံးဖြင့်သာ
" သား....ထူးခြားကရော ဘာတွေလုပ်မယ်လို့စိတ်ကူးထားလဲ အိမ်ထောင်ကျသွားပြီဆိုတော့ အရင်လိုနေလိုတော့မရတော့ဘူးနော်"
"ဟုတ်ကဲ့...... ဒေါ်လေးညို ကျနော်အရင်က သူကြီးဆီ လယ်ဌားထားတာလေး ပြန်လုပ်မယ်လို့စိတ်ကူးထားပါတယ် လယ်လုပ်ပြီးရင်တော့ သူကြီးကိုစပါးတဝက်ပေးပြီး ကျန်တစ်ဝက်ကို ကျနော်က ၃ပုံပုံ ၂ပုံကို ရောင်းပြီး မီးစက်ပေးမယ်လို့စဥ်းစားထားပါတယ်ဒေါ်လေး"
"ဟယ်....မောင်ထူးခြားရယ် ကောင်းလိုက်တဲ့အကြံပဲ ရွာမှာက မီးစက်ကမရှိဘူး ဖယောင်တိုင်မီးနဲ့ပဲသုံးနေရတော့ မီးစက်ပေးမယ်ဆိုတော့ပိုကောင်းတာပေါ့ကွယ်"
YOU ARE READING
🗡ငါ့မိန်းမထိ ဓားကြည့်🗡
Randomထူးခြားထက် (Seme) ရွှေပုံ( Uke) Uke softဖြစ်တဲ့အပြင် intersex (ဒွိလိင်) ဖြစ်တာမို့ ကြိုက်မှဖတ်ကြပါနော် ကိုယ်ရဲ့ဒုတိယမြှောက်ficမို့ အမှားပါရင်ခွင့်လွှတ်ကြပါနော်