19

7.4K 481 26
                                    


အမမိရွှေရုတ်ပြန်သွားတော့မှ ရွှေပုံနဲ့ကြာဖြူမှာထမင်းအိုးဟင်းအိုးတွေကို ဆိုင်ထဲသို့ချလေသည်။ အပေါင်ခံတဲ့သူမို့ မနက်မိုးလင် မျက်လုံး ၂လုံးပွင့်တယ်ဆိုတာနဲ့ အပေါင်ခံတဲ့လူနဲ့ငွေတိုးလာချီတဲ့လူတွေနဲ့ ပြည့်နှက်နေတော့သည်။အခုကညနေစောင်းအချိန်မို့ ခဏနေရင် တောင်ယာကပြန်လာတဲ့သူတွေ အင်းထဲကပြန်လာတဲ့အလုပ်သမားတွေ ဆားကွင်းဆင်းပြီပြန်လာတဲ့သူတွေရှိတာမို့ ထမင်းဆိုင်ကလက်မလည်အောင်ရောင်းရပေမည်။

"အယ် အကိုပြန်ရောက်ပြီလား ခဏလေးနားပြီးရင်ရေသောက်လိုက်နော်"

ဟင်းပန်ကန်တွေထည့်နေရင်းပြောတဲ့ရွှေပုံကြောင့်ထူးခြား မျက်မှောင်ကျုတ်လိုက်မိသည်။ ရွှေတွေကတော့သူဆင်ပေးထားတဲ့အတိုင်းဝတ်ရှာပါတယ် ဒါပေမယ့် ဒီထမင်းရောင်းတဲ့အလုပ်ကိုတော့သူမလုပ်ပဲနဲ့ကိုမနေနိုင်ပေ။ ပြောရင်လည်း ဗိုက်ဗိုက်တို့ကစိတ်ကောက်ဦးမယ် ဒါကြောင့် ထူးခြားမှာဒီတိုင်းလွှတ်ထားရလေသည်။

" ဟင်းးးး အသက်ရယ် ဘာလို့အဲ့အလုပ်တွေလုပ်နေတာလဲ ကြာညိုနဲ့နှင်းကြည်လုပ်ပါလိမ့်မယ်"

ထိုအခါ ထမင်းပွဲတွေ ဟင်းပွဲတွေချပြီးပြန်လာတဲ့ ကြာညိုနဲ့ နှင်းကြည်က

" အမလေး အကိုထူးခြားတို့များ ပိုကိုပိုတယ် ရွှေပုံကခုနလေးတင်မှ ထမင်းစားတဲ့လူတွေများလို့ ဟင်းထည့်တဲ့နေရာမှာ ခဏထားမိတာပါတော် ညှပ်စိမနဲ့ပိစိမက ကလေးတွေဆိုတော့ သိပ်မနိုင်ဘူးလေတော်"

"ဟုတ်ပါ့ ပိုကိုပိုတယ်...အော်ရွှေပုံ ငရုတ်သီးချက် နဲ့ ပဲကုလားဟင်းကို ပါဆယ် ၂ထုတ်နဲ ကြက်မွကြော်ကို ၃ထုတ်ထုတ်ပေးထားဦးနော်"

"အေးအေး.....အကိုခဏလေးနော် ပြီးရင် ရွှေပုံတိုထမင်းစားရအောင်"

ထူးခြားလည်းရွှေပုံကိုပြုံးပြရင်းခေါင်းညှိတ်ပြလေသည်။ရွှေပုံလည်း ထမင်းဆိုင်မှာ ထမင်းလာစားတဲ့လူတွေကျဲသွားတော့မှ အကို့အတွက် ထမင်းပွဲပြင်ရတော့သည်။ ထမင်းပွဲပြင်တယ်လို့သာပြောတာ ရွှေပုံက ဟင်းနဲ့ထမင်းတွေကိုသာပန်းကန်တွေခူးထည့်ပေးရတာ စာပွဲဆီကိုအကိုသာယူသွားပေးသည်။ ကြာညိုနဲ့နှင်းကြည်ကတော့ အိမ်မှာပြန်စားမယ်လို့ပြောတာကြောင့် ရွှေပုံက သူတို့အတွက် ဟင်းတွေပါထည့်ပေးကာ သူတို့လုပ်အားခဖြစ်တဲ့ တစ်နေ့စာ ပိုက်ဆံ ၅၀၀၀စီပေးလိုက်လေသည်။ ဒီလိုရာသီမှာအလုပ်အကိုင်မရှိတဲ့ ကြာညိုနဲ့နှင်းကြည်ကို ရွှေပုံက လုပ်မရှိတဲ့အတူ ထမင်းဆိုင်မှာအလုပ်​ေပးထားလိုက်လေသည်။

 🗡ငါ့မိန်းမထိ ဓားကြည့်🗡Where stories live. Discover now