ထူးခြားတစ်ယောက် ဒီရက်ပိုင်း သူ့အိမ်သူလေးရဲ့သတင်းကိုကြားပါတယ် ဟင်းချက်လက်ရာကောင်းလွန်းလှတဲ့ ထူးခြားရဲ့ကြင်သူလေးကြောင့် ထူးခြားမှာ ဘယ်နေရာသွားသွား မျက်နှာပန်းကိုပွင့်လို့ 'ထူးခြားမိန်းမဆီက ဝယ်တဲ့ ငါးအသားခြောက်ကြော်လေ စားလို့ကောင်းလိုက်တာ အိမ်က မိန်းမလက်ရာနဲ့ကွာပါ့' 'ထူးခြား မိန်းမဆီက ဘယ်ဟင်းက ဘယ်လိုအစပ်အဟက်တည့်တာ အနံ့နဲ့တင်သရေယိုတယ်' စသဖြင့် ေရွှပုံကိုချီးကျုးစကားတွေအားလုံး ထူးခြားဆီပြန်ရောက်သည်။ဒါကိုဟိုလူလည်ပန်ကာလေးက မသိပေ။ ကိုယ့်မိန်းမဘာလုပ်တယ်ဆိုတာအစမသိရအောင် ထူးခြားအဲ့လောက်ထိ နုံအမနေပေ။ အိမ်မှာဟင်းခိုရောင်းနေတာကိုပါထူးခြားသိလေသည်။ သူစိတ်ကျေနပ်ရင်ပြီးရောဆိုပြီ မသိသလိုနေပေးထားတာ လူကိုသူ့ရဲ့ လက်မလောက်ရှိတဲ့ဉာဏ်နဲ့ လာပတ်နေသေးတယ်။
ကိုယ်ကအစကတည်းကအရက်သောက်လာတာမို့ ညဘက်တွေဆိုရင် ထူးခြားအရက်ဆိုင်သွားတတ်သည်။ အရက်သောက်ပြီးတာနဲ့ ထူးခြားရဲ့ရင်ထဲက တိတ်တခိုးပေးထားတဲ့ ေရွှပုံရဲ့နာမည်ကို ' အသက်' လို့ခေါ်ကာ လက်မောင်းပေါ်အိပ်စေကာရင်ခွင်ထဲထည့်ကာဖတ်ပြီးအိပ်သည်။ ထူးခြားအမှန်အတိုင်းပြောရရင် ရွှေပုံကိုချစ်မိနေတာမို့ အရက်မူးလာရင် ရင်ထဲကခံစားချက်ကပေါ်ပေါ်လာတတ်သည်။
ထူးခြားတွေးနေရင်း ရင်ခွင်ထဲကတရှုံ့ရှုံ့သံနဲ့ လက်မောင်းက စိုစိစိအရည်တွေကြောင့် ရွှေပုံငိုနေပြီဆိုတာသိလိုက်သည်။ ထူးခြားလည်း ရွှေပုံကို သူ့ဘက်ကိုအမြန်ဆွဲလှည့်လိုက်တော့ မျက်လုံးမှာမျက်ရည်တွေနဲ့ ထူးခြားကိုအံ့သြော်တကြီးကြည့်လာလေသည်။ ကြည့်ရတာ ထူးခြားအိပ်နေပြီဆိုပြီးငိုနေတာထင်တယ် အခုလက်ပူးလက်ကြပ်မိတော့ အံ့သြော်သွားတာထင်တယ်။
" အသက်....ဘာဖြစ်လို့လဲ......ကိုယ့်ကိုပြော....ကိုယ်အရက်သောက်လို့လား ဟင်"
အကို့စကားကြောင့် ရွှေပုံခေါင်းခါပြလိုက်သည်။
"ဒါဆို...ကိုယ် အသက်ကိုဖက်အိပ်လို့လား....အသက်ပြော အသက်မကြိုက်တာ ဘာရှိလဲ ကိုယ်ပြင်မှာပါ အသက်ရဲ့ ကိုယ့်ကိုပြော"
![](https://img.wattpad.com/cover/328588935-288-k610723.jpg)
YOU ARE READING
🗡ငါ့မိန်းမထိ ဓားကြည့်🗡
Randomထူးခြားထက် (Seme) ရွှေပုံ( Uke) Uke softဖြစ်တဲ့အပြင် intersex (ဒွိလိင်) ဖြစ်တာမို့ ကြိုက်မှဖတ်ကြပါနော် ကိုယ်ရဲ့ဒုတိယမြှောက်ficမို့ အမှားပါရင်ခွင့်လွှတ်ကြပါနော်