18

11.6K 566 38
                                    

"ထူးခြားရေ..... ထူးခြား...."

အိမ်ရှေ့က ခေါ်သံကြောင့် နောက်ဖေးမှာ မြတ်တွေ ၊နွယ်ပင်တွေရှင်းနေတဲ့ထူးခြားက အိမ်ရှေ့ကို ပေါက်တူးကြီးကိုင်ကာ ထွက်လာတော့သည်။ ဒီရက်ပိုင်း အသက်ကလည်းနေသိပ်မကောင်းတာကြောင့် ထမင်းဆိုင်လေးကိုတောင်မဖွင့်နိုင်ပေ။

" အော်....ဘယ်သူများလဲလို့ ကိုသန်းထိုက်တို့လင်မယားပါလား ဘာကိစ္စများလဲ"

" ငါမင်းဆီက မီးလိုချင်လို့ကွ....မင်းသိတဲ့အတိုင်းပဲ ငါ့သားသမီးတွေက ကျောင်းသားတွေဆိုတော့ ကလေးတွေစာဖတ်ရင် အရင်လိုဖယောင်းတိုင်းမီးနဲ့အဆင်မပြေဘူးလေ ကလေးတွေမျက်လုံးနာမှာစိုးတယ် အဲ့ဒါကြောင့် မင်းဆီက မီးလိုချင်နေတာ ရတယ်မလား "

" အင်း ရပါတယ် ကိုသန်းထိုက်ရေ နေ့လယ် မီးကြိုးတွေဆင်ဖို့ ကျုပ်ထွက်လာခဲ့မယ်နော်"

"အေးအေး"

"ဒါနဲ့ထူးခြား.....နင့်မိန်းမ ဒီရက်ပိုင်း ထမင်းဆိုင်ဖွင့်တာမတွေ့ပါလား"

"ဟုတ်တယ် မမြင့်သန်းရေ ​​ေရွှပုံဒီရက်ပိုင်းနေသိပ်မကောင်း ခဏခဏအန်နေတယ် အဲ့ဒါမနက်ဖြန် မီးစက်ထပ်ဝယ်ရင်း မြို့ဆေးခန်းပြမလို့"

ကိုသန်းထိုက်မိန်းမ မမြင့်သန်း အမေးကိုထူးခြားပြန်ဖြေလိုက်သည်။ ထိုအခါ ကိုသန်းထိုက်က

" အေးကောင်းတာပေါ့ မြို့ဆေးခန်းဆိုတော့ပစ္စည်းကရိယာလည်းစုံတယ် ဒါနဲ့ မီးစက်ကပျက်သွားလို့လား ထပ်ဝယ်မယ်ဆိုတော့"

"မဟုတ်ဘူး ကိုသန်းထိုက်ရေ အိမ်ကမီးစက်က အိမ်၃၀ လောက်ကိုမီးပေးလို့ရပေမယ့် စက်ခံနိုင်အားကလည်းရှိသေးတယ်လေ စောနလေးတင်က ရွာတောင်ပိုင်းက ၅အိမ်လောက်ကိုမီးပေးဖို့လာပြောသေးတယ်လေ မီးပေးတဲ့အိမ်များရင်လည်း စက်ကမခံနိုင်မှာစိုးလို့ ကျုပ်က မီးစက်ကို ၂လုံးဝယ်တာ"

"အေးကောင်းတယ်ကွာ ငါ့ညီ ထူးခြားထက်ကတော့အိမ်ထောင်ကျပြီးမှ စီးပွားရေတွေအရမ်းသောင်းကျန်းနေတော့တာပဲ ကဲ သွားပြီ ငါ့ညီရေ"

" ဟားဟား....ဟုတ်ကဲ့ပါဗျာ"

သို့နှင့် ကိုသန်ထိုက်လည်း သူ့မိန်းမ မမြင့်သန်းကိုခေါ်ကာ ပြန်သွားလေတော့သည်။ အခုဆိုရင် ထူးခြားတို့မီးပေးတဲ့အိမ်မှာ စုစုပေါင်း ၂၀ ကျော်နေလေသည်။ တစ်ရက်ကို ၃၀၀ပဲပေးရတာမို့ တစ်ရက်ကို ၆၀၀ကုန်တဲ့ဖယောင်းတိုင်ကြီးတွေထက်စာရင်အများကြီးသက်သာလေသည်။ ဖယောင်းတိုင်ကတောင်တစ်နေရာဆိုရင် တစ်နေရာပဲလင်းတာ ထူးခြားတို့ပေးတဲ့ မီးက တစ်အိမ်လုံးကိုထိန်နေအောင်လင်းလေသည်။ သက်ကြီးရွယ်အိုရှိတဲ့အိမ်တွေဆိုရင် ညဘက်မှာရှင်းရှင်းလင်းလင်းမြင်နေရတာမို့ပိုအဆင်ပြေလေသည်။

 🗡ငါ့မိန်းမထိ ဓားကြည့်🗡Where stories live. Discover now