လူကြီးစုံရာရှေ့မှောက်မှာ ထူးခြားနဲ့ ရွှေပုံဘေးချင်းကပ်ထိုင်နေကြလေသည်။ ရွှေပုံကတော့ ကိုထူးခြားကြီးကို အရမ်းကိုမျက်နှာပူမိသည်။ သူမှာ ကူလည်းကူညီရ ရွှေပုံကိုလည်းအခုယူရတော့မယ်လေ လူကြီးတွေကလည်းဘယ်လိုမှရှင်းပြလို့ရမယ့်ပုံမပေါ်ပေ။
ကိုထူးခြားကြီးကတော့ ရွှေပုံဘေးမှာ သူ့ရဲ့ရွံ့တွေသဲတွေနဲ့ပေပွနေတဲ့ ဘေးလွယ်အိတ်ကြီးကိုလွယ်ရင်း ထိုင်နေလေရဲ့။
" ကဲကဲ.....လူကြီးမိဘတွေစုံပြီဆိုတော့....ကျုပ်ပြောချင်တာက......"
သူကြီး ဦးဘငွေရဲ့စကားမဆုံးသေးဘူး စည်းပိုင်လောက်ရှိတဲ့ခန္ဓာကိုယ်ကြီးနဲ့ သူကြီးဦးဘငွေတို့ခြံထဲကိုအော်ဝင်လာတဲ့ဒေါ်တုတ်
"နေကြပါဦး.....နေကြပါဦး....မိရွှေပုံက ဒီအရက်သမားနောက်လိုက်ပြေးတာဆိုတော့ ကျုပ်သားကရော ကျုပ်သားသန်းမောင်အခုထိပြန်မလာသေးဘူး"
"အဒေါ့်သားပါသာ ဘယ်မှာသွားသေနေလဲမသိတာကို ကျုပ်တို့ကိုဘာကိစ္စလာမေးနေတာတုန်း သိချင်ရင်ကိုယ့်ဘာသာသွားစုံစမ်းကျုပ်တို့မဂ်လာယူနေတယ် အကုသိုလ်လာပြီးမပေးနဲ့"
ထူးခြားရဲ့ စကားသံကြောင့် ဒေါ်တုတ်မှာ ခုနကပြသနာရှာနေတာသူမဟုတ်သလိုပဲ မျက်နှာငယ်လေးနဲ့တိတ်ဆိတ်သွားတော့သည်။
"ဟဲ့....မိတုတ်....ဟိုးမှာ ညည်းသားသန်းမောင်မလား"
ရွှေပုံတို့ပွဲကိုလာပြီးကြည့်တဲ့ မိန်းမတစ်ဦးရဲ့အသံကြောင့် ကြည့်လိုက်တော့ သူကြီးဦးဘငွေတို့ခြံရှေ့မှာ ဝေ့လည်ဝေ့လည်လုပ်နေတဲ့ သန်းမောင်ကြောင့် သူကြီးဦးဘငွေမှာ သန်းမောင်ကိုခေါ်လိုက်ရတော့သည်။
သန်းမောင်ကတော့ခေါင်းကြီးစိုက်ကာခြံထဲသို့ဝင်လာတော့သည်။ဒေါ်တုတ်ကတော့ သူမသားကိုပြေးဖက်ရင်း သူ့မသားရဲ့မျက်နှာကဒဏ်ရာတွေကိုကြည့်ရင်း ဘယ်လိုဖြစ်လာတာလဲ ၊ ဘယ်သူလုပ်လိုက်တာလဲ ၊ စသည်ဖြင့် မေးနေတော့သည်။
"ကျုပ် မိန်းမကို ကြာကူလီလုပ်လို့ ကျုပ်ထိုးလွှတ်လိုက်တာ"
"ဟဲ့....အကောင် နင်ကဘာကောင်မို့လို့ ငါ့သားကိုအခုလိုလုပ်ရတာလဲ နင့်မိန်းမကရော ပဲလောက်ထိတန်ဖိုးရှိနေလို့လဲ ဟမ် "
YOU ARE READING
🗡ငါ့မိန်းမထိ ဓားကြည့်🗡
Randomထူးခြားထက် (Seme) ရွှေပုံ( Uke) Uke softဖြစ်တဲ့အပြင် intersex (ဒွိလိင်) ဖြစ်တာမို့ ကြိုက်မှဖတ်ကြပါနော် ကိုယ်ရဲ့ဒုတိယမြှောက်ficမို့ အမှားပါရင်ခွင့်လွှတ်ကြပါနော်