Intro

5.7K 294 5
                                    

Unicode

အချစ်ဆိုတာက ဘယ်လိုမျိုးလဲ။

လူတွေပြောပြောနေတဲ့ အကြောင်းပြချက်တွေနဲ့လား...

တကယ်တော့ ကျွန်တော့်နှလုံးသား ကျွန်တော့်အချစ်မှာ အကြောင်းပြချက်တွေမရှိဘူး။

Paris ကို ချစ်သလိုမျိုးပေါ့...

အညိုရောင်လမ်းတစ်လျှောက် ရေမွှေးဆိုင်ရှေ့ဖြတ်ရင် ရေမွှေးနံ့တွေက လှိုင်ထူနေတတ်ပြီး မုန့်ဆိုင်ရှေ့ရောက်တော့လည်း မုန့်နံ့လေးတွေက ကျီစယ်နေတတ်သေးသည်။

လူတွေကြားထဲ ဖြတ်လျှောက်တဲ့အချိန် လူရဲ့အနံ့တွေကြားထဲမှာ ကျွန်တော်မငြီးငြူနိုင်ဘဲ ပြုံးနေမိတော့တာဘဲ...

Paris ကိုချစ်တယ်လေ...အဲ့တော့ ပါရီသားတွေရဲ့ ချိုင်း(ဂျိုင်း)ချွေးနံ့ဆိုးဆိုးကိုလည်း ကျွန်တော်လက်ခံရမှာပေါ့။

ကျွန်တော့်အကြိုက်ဆုံးကတော့ လမ်းဘေးပန်းဆိုင်လေးတွေရှေ့ ဖြတ်လျှောက်ရတာပါဘဲ...

အခုသည်လည်း ပန်းဆိုင်ရှေ့တွေ ရပ်ကာ Daisy ပန်းစည်းလေးကို ကောက်ကိုင်လိုက်တော့ ပန်းရောင်းသည့် အဘွားအိုက ပြုံးပြလာပြီး ပြန်ပြုံးပြမိတော့တာဘဲ...

နှာခေါင်းနားတွင် Daisy နံ့လေးတွေက ပြန့်သင်းနေကာ အညိုရောင် ကုတ်အင်္ကျီလေးရဲ့ အိတ်ကပ်ထဲက လုံလောက်မည့် euro€ (ယူရို) ပမာဏကို ထုတ်လိုက်ကာ ပန်းရောင်းသည့် အဘွားကို ပေးလိုက်သည်။

"Ne rembourse pas"
ပြန်မအမ်းပါနဲ့

အသံခပ်ဩဩ လေးကနေ ပီသစွာဖြင့် France Language လေးထွက်လာသည်။

ပန်းရောင်းသည့် အဘွားရဲ့ ကျေးဇူးတင်စကားကို အပြုံးတွေဖြင့် ခေါင်းငြိမ့်ပြကာ အလုပ်ရှိရာနေရာသို့ ကျွန်တော်ကျေနပ်ခြင်းတွေဖြင့် ထပ်ဦးတည်မိသည်။

လက်ထဲမှာကိုင်ထားသည့် Daisy ပန်းစည်းနဲ့အတူပေါ့။

စားသောက်ဆိုင်နောက်ဖေးကနေ ၀င်လိုက်တော့ ရှိနေကြသည့် ၀န်ထမ်းတွေက ကျွန်တော့်ကို နှုတ်ဆက်လာကြသည်။

"Bonjour"

ကျွန်တော်ကလည်း ပြန်တုံ့ပြန်လိုက်ရင်းပေါ့။

Daisy's Disappearance from The Diary (Completed) Where stories live. Discover now