Final

3K 157 17
                                    

Unicode

အချစ်တွေကို ကိုယ်နေသည့် အရပ်တွေစီ ခေါ်ဆောင်လေပြီး သီးသန့်ကမ္ဘာလေးတစ်ခုကို တည်ဆောက်ဖို့ နှလုံးသားထဲ တွေ့ကြတယ်။ 

အဲ့လိုဆို ကျွန်တော်တို့ကြားထဲ ဝေးကွာမှုဆိုတာ နဲနဲလေးမှ ရှိမှာမဟုတ်တော့ဘဲလေ။ ကျွန်တော့်ရဲ့ အရာအားလုံးက ပါရီသားလေးဆိုတာ တကယ်ဆို သဘောပေါက်သင့်သည်။

လိုချင်တာရှိရင် ကျွန်တော်ပိုင်ဆိုင်တာမှန်သမျှ အပိုင်သိမ်းလိုက်စမ်းပါလေ။

အကြိမ်ကြိမ် သေဆုံးပြီး အကြိမ်ကြိမ် ရှင်သန်ဖို့အတွက် ပါရီသားလေးကို လိုအပ်လာတော့တာ။

အဲ့လိုနဲ့ ကျွန်တော့်အချစ်တွေမှာ လိုအပ်ချက်တွေ ပြည့်လာတော့တာဘဲလေ။

...

အိပ်ရာထက်က နိုးထမိသည့် အချိန်တွင် တစ်ဖက်ဟာ နေရာလွတ်သာရှိနေလေပြီး Jungkook ဟာ အိပ်ရာထက်တွင် မရှိတော့ပေ။ နာရီကို လှမ်းကြည့်လိုက်ကာ အဝတ်အစားလဲရန်ပြင်တော့ ညတုံးက အဝတ်တွေဟာ အရက်နံ့တွေ ထောင်းနံနေလေသည်။

ထို့နောက် အိပ်ရာပေါ်က ထလိုက်တော့ ခါးက ဆစ်ခနဲပင်။ နာကျင်မှုနဲ့အတူ ပြန်လဲကျမလိုတောင်ဖြစ်သွားသည်။ တစ်ဖက်ကြည့်ရင်လည်း ခန္ဓာကိုယ်ဟာ သန့်ရှင်းလျက်လည်း ရှိနေသေးသည်။

ရေချိုးခန်းထဲသို့ ဝင်လိုက်ပြီး မျက်နှာသစ်ရန်ပြင်တော့ ဘေစင်ပေါ်တွင် အဆင်သင့် သွားတိုက်တံနဲ့သွားတိုက်ဆေးကိုထည့်ပေးထားကာ တင်ထားလျက်လည်းရှိနေသည်။ မျက်နှာသစ်သွားတိုက်ကာဖြင့် ပြန်ထွက်လာလိုက်ပြီး ဗီရိုထဲတွင် Jungkook ရဲ့အဝတ်အစားတစ်ချို့ကို ရွေးလိုက်ကာအဆင်ပြေလောက်မည့် တစ်စုံကို ဝတ်လိုက်ပြီး အပြင်သို့ ထွက်လာခဲ့သည်။

ထမင်းစားပွဲတွင် အငွေ့တစ်ငွေ့ငွေ့ဖြင့် အနံ့လေးဟာလည်း မွှေးနေကာ ပြီးပြည့်စုံသည့် မနက်စားတစ်ခုဟာလည်းရှိသေးသည်။

"နိုးပြီလား...မင်းအတွက် စွပ်ပြုတ်လုပ်ထားတယ်...အရင်ဆုံး ပျားရည်လေးနည်းနည်းသောက်လိုက်...ခေါင်းကိုက်တာ သက်သာအောင်လို့လေ...ပြီးရင် စွတ်ပြုတ်သောက်ပြီး ဆေးသောက်ရမယ်...ခနနေ Hanjun လာခေါ်လိမ့်မယ်"

Daisy's Disappearance from The Diary (Completed) Donde viven las historias. Descúbrelo ahora