Unicode
မူးနောက်နောက်နဲ့ အိမ်အပေါ်ထပ်ကနေ ဆင်းလာမိသည်။ မူးဝေနေတာက ချက်ချင်းလဲကျချင်နေတာကို စိတ်ထိန်းထားသလိုမျိုးနှင့်။
လက်ရန်းကို လေးကန်နေစွာဖြင့် ကိုင်ထားရင်း အောက်ထပ်သို့ ဖြည်းဖြည်းလေး ဆင်းလာမိသည်။
အရင်သောက်နေကျ သကြားဓာတ်ကျရင် သောက်ရတဲ့ ဆေးက ကုန်နေပြီမို့ Jungkook ကိုပြောရအုံးမှာလည်း ဖြစ်သလို အခုတွင် သကြားဓာတ်ဟာ ကျနေပြီဖြစ်ကာ ထို့ကြောင့်နှင့် မူးဝေနေလျက် အားနည်းလာကာ ရှိတော့သည်။
ထမင်းစားခန်းထဲသို့ မဝင်လိုက်ခင် အိမ်ထဲသို့ ဝင်လာသည့် Jungkook နဲ့တွေ့ကာ ထိပ်တိုက်တိုးတော့သည်။ အလိုလိုကမှ လူက ယိုင်နဲ့နေသည့်မို့ လဲကျမလိုဖြစ်ကာ ဘေးနားက နံရံကို ထိန်းထောက်လိုက်လေတော့ Jungkook ကကျွန်တော့်စီကို စိုးရိမ်ကြီးစွာဖြင့် ရောက်လာတော့သည်။
"Taehyung..."
"အချို...အချိုဓာတ်...လိုတယ်..."
"ဟမ်...သကြားဓာတ်ကျနေတာလား...ဆေးကော...ဆေးဘယ်နားမှာထားလဲဟင် ပါရီသားလေး"
"ကုန်နေပြီ...အခု...ကျွန်တော်...မူးနေတယ်...အချိုစားဖို့...လိုတယ်"
"နေအုံး...လာကိုယ်နဲ့ထမင်းစားခန်းထဲ လိုက်ခဲ့...မင်းအတွက် သီးသန့်ထားခိုင်းထားတဲ့ အချိုမုန့်လေးတွေရှိတယ်"
ပါရီသားလေးကို ပွေ့ချီလိုက်တော့ အရင်လို ရုန်းကန်မနေဘဲ ငြိမ်ဆန်စွာဖြင့် အပွေ့ခံကာ လက်နှစ်ဖက်ကလည်း အလိုလို ကျွန်တော့်လည်ပင်းကို သိုင်းဖက်လာသည်။
ထမင်းစားခန်းထဲရောက်သည်နှင့် ထိုင်ခုံတွင် ထိုင်စေလိုက်ကာ ကျွန်တော်ကိုယ်တိုင်ရေခဲသေတ္တာထဲကနေ ပါရီသားလေးအတွက် မှာပေးထားသည့် ကိတ်မုန့်ကို ထုတ်လိုက်ကာ ပါရီသားလေးရှေ့တွင်ချပေးလိုက်သည်။
"မင်းရဲ့ လိုအပ်နေတဲ့ အချိုဓာတ်ကို ဖြည့်လို့ရပါပြီ။ ကိုယ် အချိုလေးတွေ မင်းအတွက် ပြင်ပေးထားတာ မှန်သွားတာဘဲ"
ခရင်းလေးကို ပေးကာ ပြောလိုက်တော့ မယူသေးဘဲ ကျွန်တော်နဲ့အတူ ကျွန်တော့်လက်မှာ ကိုင်ထားသည့် ခရင်းကို တစ်ဖန်ကြည့်သည်။
YOU ARE READING
Daisy's Disappearance from The Diary (Completed)
Fanfictionမင်းနဲ့ကိုယ့်ရဲ့အလောင်းအစားလေးတစ်ခုလိုဘဲ...အားလုံးရဲ့ အမြင်မှာရှုံးနေပင်မဲ့ တကယ်တော့ ကိုယ်နိုင်ခဲ့တာ... Jeon Jungkook ♡ Kim Taehyung