Part 14

1.1K 114 5
                                    

Unicode

နူးညံ့အိစက်နေသည့် အိပ်ရာထက်တွင် ပါရီသားလေးဟာ နိုးထလာလျက်။ ဆိုဖာထက်ကနေ တစ်ညလုံးနီးပါး ပါရီသားလေးကို ကျွန်တော်ဟာ ငေးကြည့်နေခဲ့မိပြန်သည်။

အိပ်ချင်စိတ်တွေဟာလည်း လွှင့်မြောနေလျက်။ အိပ်စက်မှုတွေဟာလည်း ပျောက်ဆုံးနေလျက်ဖြင့်။

ကျွန်တော့်အတွက် ဝမ်းနည်းစိတ်တွေဟာ ကြီးစိုးနေခဲ့ပြီး ယူကြုံးမရဖြစ်ကာ ကျွန်တော့်အတွက် တရားမှုသည် ဘယ်စီများမှာမလဲ။

ချစ်မိရင် နာကျင်ရသည်လား...ပိုင်ဆိုင်ခြင်းက အတ္တလား။

ပါရီသားလေးဟာ အိပ်ရာထခါစဖြင့် ကုတင်ထက်ကနေ ကျွန်တော့်ကို ကြောင်တောင်တောင်လေးဖြင့် ကြည့်လာသည်။ 

ကျွန်တော်ဟာ ပြုံးမိလျက်ပါဘဲ။ မနက်တိုင်း မနက်တိုင်း တစ်ဘဝလုံးဖြစ်ဖြစ် ပါရီသားလေးရဲ့ မနက်နိုးထချိန်တိုင်းမှာ ကျွန်တော်ဟာ ရှိချင်မိသည်။

အဲ့တာတော့ အတ္တမဟုတ်ဘူး။ မျှော်လင့်ချက် သေးသေးလေးတစ်ခုပါဘဲ။

"နိုးနေတာကြာပြီလား Jungkook...တကယ်အားနာစရာကြီး ကျွန်တော်က ကုတင်ပေါ်ရောက်နေတာ"

"မအိပ်သေးတာပါ...ကိုယ်မအိပ်သေးတာ"

"ဘာကို...ခင်ဗျားရူးနေတာလား..."

ပါရီသားလေးက ကုတင်ပေါ်ကနေ ပြေးထလာပြီး ကျွန်တော့်စီကို အလျင်ရောက်လာသည်။

ကျွန်တော့်ရဲ့ ပါးတွေ နဖူးတွေ စမ်းကြည့်လျက် စိုးရိမ်တကြီးဖြင့်။ ညက မအိပ်လို့ ကျွန်တော်ပိုဖျားနေမှာကို သူစိုးရိမ်နေတာ။ ဘယ်လောက်တောင် ကြည်နူးစရာကောင်းသလဲ။

"ကိုယ်နေကောင်းပါတယ်...နော် ပါရီသားလေး"

"တစ်ညလုံး မအိပ်ထားဘူးမလား...ဒေါက်တာကို ခေါ်လိုက်ရအောင်လေ...ပြီးတော့ ကျွန်တော်စိတ်ပူလို့ပါလေ"

"ကောင်းပါပြီ...မင်းသဘောပါ..ကိုယ်လက်ခံတယ်"

"အဲ့ဆို အိပ်ရာထဲမှာ ထိုင်စောင့်နေပါ...ကျွန်တော် Hanjun ကိုပြောလိုက်မယ်...ပြီးရင် မနက်စာပါ ယူလာခဲ့ပေးမယ်လေ"

Daisy's Disappearance from The Diary (Completed) Où les histoires vivent. Découvrez maintenant