Part 4

1.6K 153 6
                                    

Unicode

ရှေ့က ရှိနေသည့် အိမ်ကြီးကို ငေးကြည့်လိုက်သည်။ 

ယခုတွင် ကျွန်တော်ဟာ ရုပ်ဖျက်ထားသလိုလည်းမဟုတ်ပင်မဲ့ ဝတ်စားဆင်ယင်ပုံကို ပြောင်းလဲထားတာ ဖြစ်သည်။ 

အဖြူရောင်စံအိမ်ကြီးထက်တွင် လုံခြုံရေးတွေကလည်း မြောက်များစွာနှင့်။ ထိုထဲမှာမှ ကျွန်တော့်ရဲ့နှလုံးသားလေးဟာ နေရာယူထားဖြစ်သည်။ 

တစ်စုံတစ်ယောက်လေးကို တွေ့ချင်မှုကြောင့် ထိုခြံရှေ့တွင် ရပ်လိုက်သည်။ ရောက်လာသည့် လုံခြုံရေးတစ်ယောက်ကို ကြည့်လျက် မေးလာမည့် မေးခွန်းတွေရဲ့ အဖြေတွေကို အတပ်ပြင်ဆင်ထားသလိုမျိုး။

"ဘယ်သူတွေလဲ...ဘယ်သူနဲ့တွေ့ချင်လို့လဲ"

နောက်က Hanjun ကတိတ်နေသလို မေးခွန်းအတွက် အဖြေကို ကျွန်တော်ပေးလိုက်သည်။

"Kim Taehyung နဲ့...သူ့သူငယ်ချင်းပါ"

အရောင်ပြောင်းသွားတဲ့ မျက်ဝန်းတစ်ချို့ကို ကျွန်တော်ဖြတ်မြင်လိုက်ရသည်။ အတပ်သိလိုက်ရတာက တစ်စုံတစ်ယောက်လေးကို တွေ့ဖို့မလွယ်နေဘူးဆိုတာ။

နောက်ထပ်လူတစ်ချို့ရောက်လာပြီး ကျွန်တော်နဲ့ Hanjun ကိုဖမ်းချုပ်လိုက်တော့သည်။

"ဘာလုပ်တာလဲ...ငါတို့ကို လွှတ်လိုက်"

တစ်ခွန်းမှမပြောဘဲ ကျွန်တော်တို့နှစ်ယောက်လုံးကို ခြံထဲသို့ ဆွဲဖမ်းခေါ်သွားကြသည်။ ရုန်းလို့မရတာထက် ကျွန်တော်မရုန်းခဲ့တာ။ ဘယ်လိုအခြေအနေဘဲဖြစ်ဖြစ် စက္ကန့်ပိုင်းလောက်လေးဘဲဖြစ်ဖြစ် တစ်စုံတစ်ယောက်လေးကို ကျွန်တော်ထပ်တွေ့ချင်နေမိလို့။

ထို့နောက် နှစ်ယောက်လုံးကို အိမ်ရှေ့တွင်ချုပ်ကိုင်ထားသည်။ ဒူးထောက်ခိုင်းနေပင်မဲ့ ခန္ဓာကိုယ်ကို တောင့်ထားမိသည်။

ကျွန်တော်က တစ်စုံတစ်ယောက်လေး Kim Taehyung ကလွှဲရင် မည်သူ့ကိုမှ ဒူးထောက်မှာမဟုတ်လို့ဘဲ။

လည်ဂုတ်ကို ထိန်းချုပ်ခံထားရသည်။ သို့ပင်မဲ့ လက်နှစ်ဖက်လုံးကိုလွှတ်လိုက်သည်။ ရုန်းကန်မနေဘဲ အိမ်ထဲက ထွက်လာသည့် လူကို ကြည့်လိုက်မိတော့ ကျွန်တော့်ကို ပြန်ကြည့်လာသည်။

Daisy's Disappearance from The Diary (Completed) Unde poveștirile trăiesc. Descoperă acum