Part 21

1.2K 107 15
                                    

Unicode

တစ်အိမ်လုံး တိတ်ဆိတ်လျက်ရှိနေကာ ပွဲစပစ္စည်းတွေသာ ကျန်လျက် မီးပိတ်ထားလျက် တစ်အိမ်လုံးတွင် အိပ်နေကြလျက်ရှိသည်။

ဝရံတာထက်တွင် ထိုင်နေကာ ဆေးလိပ်ငွေ့ကို ကျွန်တော်ဟာ ရှိုက်သွင်းနေမိလျက်ဖြင့်။

ဆေးလိပ်သောက်ခြင်းက အဆုတ်ကို ထိခိုက်တယ်ဆိုရင် ချစ်မိနေခြင်းကလည်း နှလုံးသားတစ်လုံးကို လှောင်မြိုက်နေစေတာဘဲလေ။ အဲ့တော့ မသေမထူး ကျွန်တော်ဟာ ဆေးလိပ်ကို တစ်လိပ်ပြီးတစ်လိပ် သောက်ရင်း အသဲကွဲနေသည့်ဒဏ်ကို တိတ်တဆိတ် လက်ခံနေမိသည်။

အိမ်ထဲတွင် မီးတွေပိတ်ထားပင်မဲ့ ခြံတစ်ခုလုံးတော့ မီးတွေဟာ ထိန်းလင်းစွာ ထွန်းထားလျက်ဖြင့်။ တစ်ဖက်က အခန်းနဲ့တွဲရက်ရှိနေသည့် ဝရံတာဘက်ကို ကျွန်တော်ဟာ ငေးကြည့်စွာ။

မီးပိတ်ထားလျက်ရှိပြီး လိုက်ကာစအဖြူရောင်လေးတွေဟာ လေတိုက်ခြင်းကြောင့် ယိမ်းနွဲ့နေသည်။ ဟက်ခနဲ ရယ်လိုက်မိသည်။ ပါရီသားလေးက မီးပိတ်ပြီးမှ မအိပ်တတ်တာ။ အဲ့တာမို့ကြောင့် အခန်းထဲတွင် ပါရီသားလေး ရှိမနေဘူးဆိုတာ တစ်ဖက်ကနေ ငေးကြည့်နေရင်း ကျွန်တော်ဟာ သိလိုက်သည်။

သောက်လက်စ ကုန်လက်စဖြစ်တော့မည့် ဆေးလိပ်တိုကို သတ်လိုက်ရင်း ခြံထဲကို လှမ်းကြည့်လိုက်တော့ ပုံရိပ်သေးသေးလေးဟာ လှုပ်တုတ်လှုပ်တုတ်ဖြင့် စံအိမ်ကြီးထဲသို့ ဝင်လာတာကို တွေ့လိုက်လေသည်။

ကျွန်တော့်ခြေလှမ်းတွေဟာ မှောင်မဲနေသည့် အောက်ထပ်သို့ အလိုလို ရောက်သွားတော့ပြီး မှောင်နေခြင်းမို့ တစ်ယောက်နဲ့တစ်ယောက်က သိပ်မတွေ့ရပေ။ ခေါင်းငုံ့ကာဖြင့် လက်ထဲတွင် တစ်ခုခုကို ကိုင်ထားပြီး ငုံ့ကြည့်လျက် လျှောက်လာသည့် ပါရီသားလေးဟာ လှေကားတွင် ရပ်နေသည့် ကျွန်တော့်ကို မမြင်သေးပေ။

ဘာလုပ်မလဲဆိုတာကို ရပ်ကြည့်နေလိုက်ပင်မဲ့ မထင်မှတ်ထားသည့်အတိုင်း ပါရီသားလေးက ရပ်နေသည့် ကျွန်တော့်ကို ဝင်တိုက်မိတော့သည်။

အင့်...

နောက်ကို ပြန်လှန်ကျမလိုဖြစ်သွားသောကြောင့် ကျွန်တော်ဟာလည်း ပါရီသားလေးရဲ့ ခါးကို အလိုလိုထိန်းကိုင်ဖက်လျက်မိသားဖြစ်သွားသည်။

Daisy's Disappearance from The Diary (Completed) Donde viven las historias. Descúbrelo ahora