Part 22

1.2K 117 8
                                    

Unicode

ရေရေရာရာ စကားပြောမှုမရှိတော့တာလား။ မြင်ရဲ့နဲ့ တစ်ခါတစ်လေ မမြင်ချင်ယောင်ဆောင်မိတဲ့အခိုက်တွေလေ။

ဒါမှမဟုတ် ပင်ပန်းသွားလို့များလား။ ကျွန်တော်ကိုယ်တိုင် ဘာတွေဖြစ်နေမှန်းသေချာမတွေးတတ်တော့ပင်မဲ့ ကျွန်တော်နာကျင်နေတာကိုတော့ သိပ်သိနေသေးသည်။ 

စိတ်ဆိုးနေတာလည်း မဟုတ်ဘူး။ ကျွန်တော်ဟာ နာကျင်နေပြီး ယူကြုံးမရဖြစ်နေခဲ့တာ။ အားမလို အားမရဖြစ်နေခဲ့တာ။ ကျွန်တော့်အချစ်တွေက ဘာတွေလိုအပ်နေမိလို့ ပါရီသားလေးအတွက် မလုံလောက်ရတာလဲဆိုတာကို ကျွန်တော်အားမလိုအားမရဖြစ်နေခဲ့တာပါ။

ကျွန်တော်ဟာ ပါရီသားလေးရဲ့ အကြည့်တွေကို ရှောင်ဖယ်မိတော့ပြီး ကျွန်တော်ဟာ နောက်ဆုံး တိတ်တဆိတ်နေနိုင်မိတော့တာဘဲ။ အချစ်တစ်ခုဟာ တစ်ဖက်တည်းချစ်ပြီး တစ်ဖက်တည်းသေနေရင် အဲ့တာက ဘာမှသုံးစားမရသလိုဘဲ။ အဲ့လိုနဲ့ တစ်ဖက်က အချစ်တစ်ခုက အပင်တစ်ခုလို သေဆုံးနေတော့တာ။

အောက်ထပ်သို့ ဆင်းလာတော့ ပါရီသားလေးက မီးဖိုခန်းထဲတွင် တစ်ယောက်တည်းရှိနေကာ မုန့်တစ်ခုခုလုပ်စားနေသလို မျိုးရှိသည်မို့ အပေါက်ဝနားတွင် မသိမသာ ငဲ့ကြည့်လိုက်သည်။ ကျွန်တော့်ကို ကျောပေးလျက်ရှိနေကာဖြင့် မီးဖိုတွင် မီးဖွင့်ထားကာ တစ်ခုခုလုပ်နေလျက်ရှိပြီး ပါးစပ်လေးကလည်း တစ်မြုံမြုံဖြင့် စားနေလျက်ရှိသေးသည်။

ကျွန်တော်ဟာ မသိမသာ နောက်ကနေဝင်သွားလျက်ရှိတော့ ပါရီသားလေးက လှည့်ကြည့်လာသည့် အခိုက်နဲ့တိုးသည်။ ကျွန်တော်ဟာ တစ်ချက်သာကြည့်ပြီး မသိချင်ယောင်ဆောင်လိုက်ကာ ရေခဲသေတ္တာထဲက ရေဘူးတစ်ဘူးကို ထုတ်ယူလိုက်သည်။

ထို့နောက် အပြင်ပြန်မထွက်မိခင် ပါရီသားလေးရဲ့ ကျွန်တော့်နာမည်ကို ခေါ်ဆိုလာတော့ ခြေလှမ်းတွေက အမိန့်တစ်ခုလိုမျိုး ရပ်တန့်သွားတော့တာဘဲ။

"Jungkook..."

ကျွန်တော်နဲ့ ပါရီသားလေးဟာ နီးကပ်လျက်တော့ ရှိနေသေးသည်။ 

Daisy's Disappearance from The Diary (Completed) Onde histórias criam vida. Descubra agora