Unicode
အတွေးတွေဟာ နှစ်မြော။ နှလုံးသားဟာ တစ်သိမ့်သိမ့် ခုန်နေလေပြီး ပိုင်ရှင်ဖြစ်သူကို တိတ်တဆိတ် တမ်းတသည်။
ကျွန်တော့်မျက်ဝန်းတွေဟာ ရှေ့တည့်တည့်က အဖြူရောင် ပုံရိပ်လေးထံတွင်။
လေတဖြူးဖြူးထဲတွင် အဖြူရောင်ချည်ဝမ်းဆက်ကတည်းနဲ့ ခြေထောက်တွင် သံကြိုးက ရှိနေလေကာ ဝရံတာထက်၌ အပြင်ဘက်သို့ ပါရီသားလေးက ငေးကြည့်နေသည်။
ကျွန်တော်ကတော့ ထိုအဖြူရောင်ပုံရိပ်ကလေး ပါရီသားလေးကို ငေးကြည့်မိလျက်။
"ဆရာဝန်ခေါ်ထားတာ ရောက်ပါပြီ...ဆေးစစ်မှုစတော့မလား သူဌေး"
"အင်း...လုပ်တော့...သူပြောတာ ဆေးသောက်ဖို့လိုတယ်တဲ့...ဆရာဝန်ကို ခေါ်လာခဲ့လိုက်"
ထို့နောက် Hanjun ကဆရာဝန်ကို ခေါ်လာကာ ကျွန်တော်နဲ့ သူရှိရာသို့ ရောက်လာတော့ သူက အသံကြားသည်နှင့် ဝရံတာကနေ လှည့်ကြည့်လာသည်။
"တစ်ခုခုဖြစ်လို့လား Jungkook"
"မင်းအတွက် ဆရာဝန်ပါ .... ကိုယ်တို့ စမ်းသပ်ခိုင်းလိုက်တော့မယ်နော် Taehyung"
"Jungkook အခန်းအပြင်ကို ထွက်ပေးပါ"
"ကိုယ့်ကိုလား...ဒါပေမဲ့ ကိုယ်က.."
"အပြင်လူကို ကျွန်တော့်ကျန်းမာရေးမသိစေချင်လို့"
"အပြင်လူ...အော အပြင်လူ...ဟုတ်ပြီ Taehyung သက်တောင့်သက်သာနေခဲ့ပါ"
"ကျေးဇူးတင်ပါတယ် Jungkook"
အီလည်လည်ဖြစ်သွားသည့် Jungkook။
ခေါင်းငြိမ့်ပြကာ တုံ့ပြန်လိုက်ပြီး အခန်းအပြင်သို့ ထွက်လာခဲ့မိသည်။ Hunjun က တူတူရှိခဲ့သည်မို့ ဘာမှတွေးမနေဘဲ ထွက်လာခဲ့တာ။
တစ်ခနအကြာတွင် ဆရာဝန်နဲ့ Hunjun က ပြန်ထွက်လာသည်။ ကျွန်တော်က တည်ငြိမ်ကာ တိတ်ဆိတ်နေပင်မဲ့ ကျွန်တော့်ကိုယ်တွင်းတွင် ဒေါသတောက်တောင်နေတာကို သိကြလောက်မည်။
အပြင်လူလို့ ပြောခံလိုက်ရခြင်းမှာ ကျွန်တော်ဒေါသထွက်နေခဲ့တာ။
"ငါသိခွင့်မရှိဘူးမလား...တားလိုက်သေးလား ငါ့ကိုမပြောဖို့"
BINABASA MO ANG
Daisy's Disappearance from The Diary (Completed)
Fanfictionမင်းနဲ့ကိုယ့်ရဲ့အလောင်းအစားလေးတစ်ခုလိုဘဲ...အားလုံးရဲ့ အမြင်မှာရှုံးနေပင်မဲ့ တကယ်တော့ ကိုယ်နိုင်ခဲ့တာ... Jeon Jungkook ♡ Kim Taehyung