Unicode
အိမ်ထဲသို့ ဝင်လိုက်တော့ မဲမှောင်နေသည့် လေထုကို ခံစားမိနေသည်။ ဧည့်ခန်းအလယ်တွင် ခြေချိတ်ထိုင်နေသည့် အကို Joonho ကိုလည်း ကျွန်တော်တွေ့လိုက်ရသည်။
ကျွန်တော့်လက်ထဲက ပန်းစည်းကို အစောင့်တစ်ယောက်က ကျွန်တော့်လက်ထဲကနေ အကို Joonho ခိုင်းမှုကြောင့် လက်ကမ်းယူသွားလေသည်။
"အကုန်လုံး သွားကြတော့...တံခါးပါ ပိတ်ခဲ့"
"အကို..."
"ပါးစပ်ပိတ်ထားလိုက် Taehyung"
ကျွန်တော်ဟာ အမိန့်နာခံမိလျက် ကြောက်မိစွာဖြင့် ဘာသံမှ မထွက်မိရဲတော့ပေ။ ကျွန်တော်ဟာ အကို Joonho ကိုကြောက်တတ်သည်။ ဒါကလည်း အရင်ကတည်းကပင်။
"ပျော်ခဲ့သလား...ဟင်Jeon Jungkook လက်ထဲမှာ ပျော်ခဲ့သလား"
"အကိုဘာတွေပြောနေတာလား"
"မင်းဒီရက်တွေမှာ အဲ့ကောင်လက်ထဲ အကောင်းဆုံးနေခဲ့တာဘဲ"
"ကျွန်တော်က အလိုမတူဘဲ ပြန်ပေးဆွဲခံရတာပါ...အကို ကျွန်တော့်ကို ပဲရစ်ကနေ ခေါ်လာခဲ့သလိုမျိုးလေ"
"တော်လိုက်တော့...တော်လိုက်တော့ Kim Taehyung...မင်းအဲ့ကောင်စီမှာ ဘယ်လိုနေထိုင်ခဲ့သလဲ ကိုယ်သိတယ်...ပြန်ပေးဆွဲထားတာနဲ့ တူမနေခဲ့ဘူးလေ"
"အကိုဘာပြောချင်နေတာလဲ..."
"သာယာလား..."
ရင်ဘတ်ထဲက ထိတ်ခနဲ။ ကျွန်တော့်စိတ်အစဉ် အရာအားလုံးဟာ ရပ်တန့်ကုန်သည်။ မေးခွန်းကြီးတစ်ခုလုံးက ကျွန်တော့်အပေါ် ဘယ်လိုသက်ရောက်သွားသလဲ။
"အကိုဘာပြောတယ်..."
"မင်းနဲ့ သူနဲ့ အိပ်ရာထဲမှာ သာယာခဲ့သလားလို့..."
"အကို့စကားက ဘယ်အတိုင်းအတာတစ်ခုကို ရောက်သွားသလဲဆိုတာ သိရဲ့လား..."
"အဲ့ဆို ကိုယ်မေးနေတာဖြေလိုက်လေ...မင်းနဲ့ ကိုယ်က စေ့စပ်ထားတာ..အဲ့တာမို့ကြောင့် ကိုယ်သိချင်တယ်...သူနဲ့သာယာခဲ့သလား..."
ကျွန်တော်ဟာ တိတ်ဆိတ်မိသည်။ ဒီမေးခွန်းရဲ့ အဖြေကို မဖြေချင်ဘူး။ စော်ကားခံလိုက်ရသလိုမျိုး ခံစားလိုက်ရတာဘဲ။
KAMU SEDANG MEMBACA
Daisy's Disappearance from The Diary (Completed)
Fiksi Penggemarမင်းနဲ့ကိုယ့်ရဲ့အလောင်းအစားလေးတစ်ခုလိုဘဲ...အားလုံးရဲ့ အမြင်မှာရှုံးနေပင်မဲ့ တကယ်တော့ ကိုယ်နိုင်ခဲ့တာ... Jeon Jungkook ♡ Kim Taehyung