'ကိုကိုကျွန်တော့်ကိုချစ်လား'
"အင်း"
'ဟုတ်လို့လား'
"အင်း"
'မလိမ်နဲ့နော်'
"အင်း"
ဒါကတော့ Laptopတစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့ Dream Companyရဲ့ CEO Mark Leeကို ဘေးက၀က်ဝံပေါက်လေးတစ်ကောင်က ကပ်ချွဲနေခြင်းပါ။
Markက အလုပ်ခန်းထဲမှာ Desktopကို ကြည့်လိုက်
Laptopကို နှိပ်လိုက်စာရွက်စာတမ်းတွေကို လှန်လောလိုက်နဲ့အလုပ်ရှုပ်နေတာပေါ့။ဒါကိုဘေးက ၀က်ဝံပေါက်လေးကအနောက်ကသိုင်းဖက်ပြီးချွဲနေတာဖြစ်သည်။
'ကိုကိုး ဟေး Morkခင်ဗျားကျွန်တော့်ကိုတကယ်ချစ်ရဲ့လား
အလုပ်နဲ့ကျွန်တော်နဲ့တစ်ခုရွေးရတာ့မယ်ဆိုဘယ်ဟာရွေးမလဲပြော'Markသိလိုက်ပါပြီ
ဒီကောင်လေးစရစ်ပြီဆိုတာ
ဒါပေမယ့်သူ့အမှားလဲမကင်းပေ
သူကကလေးလေးကိုဂရုမစိုက်မိခဲ့တာကို။လုပ်လက်စတွေအကုန်မေ့ထားလိုက်ပြီး အနောက်ကကောင်လေးကိုခါးကနေဆွဲပွေ့ကာ သူ့ပေါင် ပေါ်ထိုင်ခိုင်းလိုက်သည်။
နှုတ်ခမ်းလေးက ရှေ့ကိုတစ်မီတာလောက်ရှည်ထွက်နေပြီရော။သူအသဲယားစွာနဲ့နှုတ်ခမ်းလေးကိုဖျစ်ညှစ်လိုက်တော့မျက်စောင်းလှလှလေးတစ်ခုရလိုက်သည်။
"တကယ်ချစ်ရဲ့လားလို့ မင်းလေးမို့မေးရက်တယ်နော် နေပါဦးကလေးကအခုထိကို့ကိုမယုံသေးဘူးပေါ့
ဟုတ်လား ဒါဆိုရင်တော့ကိုကို၀မ်းနည်းသွားပြီ"မျက်နှာငယ်လေးနဲ့ချော့လိုက်တော့ ပေါင်ပေါ်က ကောင်လေးကမျက်နှာမကောင်းတော့ပေ
'ကိုကိုး ကိုမယုံတာမဟုတ်ပေမယ့်
ကိုကိုအခုတလောကျွန်တော့်ကို အချိန်မပေးတော့ဘူးလေ နေ့တိုင်း နေ့တိုင်းအလုပ်ပဲလုပ်နေတာ ကိုကိုအရမ်းလွန်လွန်းတယ် စိတ်ဆိုးတာပေါ့ကျွန်တော်က'ထပ်ပြောမလို့ကြံနေတဲ့နှုတ်ခမ်းဖူးဖူးလေးကို ဖွဖွလေးတစ်ချက်နမ်းပြီးနှုတ်ပိတ်လိုက်သည်။
'ဟွန့်'
"ကလေးလေးက လွဲကိုကို့မှာဘယ်သူရှိလို့လဲ လွန်ခဲ့တဲ့ဆယ်နှစ်ကတည်းက ကိုကိုကကလေးကိုပဲသစ္စာရှိလာတာကလေးအသိပဲလေ"
YOU ARE READING
Not Title But About Love 🐯🐻 (HITUS)
Fanfictionအချစ်တွေ ထုတ်မပြတတ်တဲ့လီယိုကျားပေါက်လေးနဲ့ Attentionကြိုက်တဲ့ ၀က်ဝံအချွဲတုံးလေးတို့အကြောင်းအနည်းငယ်