Omegaverses ပါ
အဆင်ပြေမှ ဖတ်ဖို့အကြံပြုပါတယ်ရှင်
Idol imageမထိခိုက်အောင် အတတ်နိုင်ဆုံးရေးသားထားပါတယ်။
Markhyuck ABO fanfictionက မြန်မာfic
တွေရှာမတွေ့လို့ အရဲစွန့်ရေးကြည့်တာပါ။
အဆင်မပြေရင် Andy's Na ကို DMမှတစ်ဆင့်
အချိန်မရွေးလာပြောလို့ရပါတယ်ရှင့်။ဇာတ်သိမ်းကို ကြိုသိနေခဲ့ရင်
ပျင်းစရာကောင်းနေမှာပေါ့တဲ့လူအတော်အများကတွေးကြတယ်။
တစ်ချို့တွေကလည်း ကြိုသိရတာကြိုက်ကြတယ်။
ဇာတ်သိမ်းက Sad endingမှန်းကြိုသိရင်
ကိုယ့်လုပ်ရပ်တွေကို ပြန်ပြင်ဆင်လို့ရတယ်တဲ့Sad endingမှန်း ကြိုသိနေခဲ့ပေမယ့်
Sad endingဖြစ်မယ်မှန်း သိလျက်နဲ့
အဆုံးသတ် နာကျင်ရမယ်မှန်း သိလျက်နဲ့
ရှေ့ဆက်တိုးမိတာ ခင်ဗျားဆိုတဲ့ သူကြောင့်ရယ်ပါ။..........
"ဘွားအဆင်ပြေလား ဘယ်လိုနေနေလဲ သက်သာလား"
အီဟယ်ချန်းဆိုတာ နေမင်းကြီးလို့ အဓိပ္ပာယ်ရသတဲ့။
ဒါပေမယ့် သူက နေမင်းကြီးလိုမတောက်ပနိုင်ဘူးလေ။
Omegaဆိုတဲ့ သူရွေးချယ်ခွင့်မရခဲ့တဲ့ ဖြစ်တည်မှုကြောင့် လူတွေရှေ့ကို မသွားရဲပဲ သူရှိနေမှန်းတောင် မသိရအောင် ပုန်းကွယ်နေရတဲ့သူရယ်ပါ။လူမှန်းသိတတ်စ အရွယ်ကတည်းက မွေးချင်းဆိုလို့Betaအဘွားတစ်ယောက်သာရှိခဲ့သူ။
ဖေဖေ မေမေက ဘယ်ရောက်သွားလဲလို့မေးမိရင်
သူ့ကိုအမြဲဖက်ငိုတတ်တဲ့ ဘွားဘွားကြောင့်
သူအဲဒါတွေကို မေ့ထားတာအတော်ကြာပါပြီ။သူမသိတဲ့ လူတွေအကြောင်းကို ဘာလို့ဂရုစိုက်နေရမှာလဲမဟုတ်ဘူးလား။
အခုချိန်မှာ သူသိတဲ့ သူ့ရဲ့ဘွားဘွားတစ်ယောက်ထဲသာ သူ၏အရာရာ။အင်း တစ်ယောက် သူမြတ်နိုးနေရတဲ့ တစ်ယောက်လဲပါ ပါတယ်။
🧡
"အဟွတ် ဟင်း......."
တုန်ယင်နေသော ခန္ဓာကိုယ်အား လျစ်လျူရှူလျက် သူ့အား အဆင်ပြေသည်ဟု ခေါင်းငြိမ့်
ပြနေတဲ့ ဘွားဘွား။
လက်ဟန်ခြေဟန်ဖြင့်လည်း သူ့အား
အပြင်မသွားရန် တားနေလေသည်။
YOU ARE READING
Not Title But About Love 🐯🐻 (HITUS)
Fanficအချစ်တွေ ထုတ်မပြတတ်တဲ့လီယိုကျားပေါက်လေးနဲ့ Attentionကြိုက်တဲ့ ၀က်ဝံအချွဲတုံးလေးတို့အကြောင်းအနည်းငယ်