Rainy Love

248 21 2
                                    

"Minhyung ရေပြန်ပြီနော်"

"ဟုတ် jongIn Hyung"

jongIn Hyungထွက်သွားတော့မှ ကျောင်း၀န်းထဲကနေသူထွက်လာခဲ့သည်။
အချိန်က 5နာရီခန့်ရှိလေပြီ။
၀န်းကျင်ကြည့်တော့ အမှောင်ထုကတစ်စတစ်စ သိမ်းပိုက်လာလို့ အနိုင်ပင်ရရှိတော့မည်။
ကောင်းကင်မှာလည်း မှိုင်းညို့ညို့။
သို့ပေမယ့် ဒီလမ်းဟာသူ့သွားနေကြဖြစ်၍ ဘယ်အရာမှသူမကြောက်ပါ။
မှောင်စပြုနေတဲ့ မြေလမ်းလေးဟာ သူ့အပိုင်ပင်။ ဒီလမ်းလေးမှာ သူတစ်ယောက်တည်းလျှောက်နေရသည်။
အရင်ကတော့ ချစ်ရသူနဲ့ပေါ့။

ခဏအကြာ မှိုင်းညို့နေသော ကောင်းကင်ကြီးထံမှ သတိပေးသံများကြားလိုက်ရသည်။
တစ်ချက်တစ်ချက်လင်းလာတဲ့ လှပတဲ့လျှပ်စီးကြောင်းများကိုတော့ သူမကြိုက်ပေ။
မိုးဖွဲလေးများ စပြီးကျလာပေမယ့် သူ့ခြေလှမ်းများကပုံမှန်ပင်။
ဘေးနားကရွာသားများထံမှ
ဆရာလေးထီးရောပါလား
ဆရာမိုးရွာတော့မယ် မိုးခိုသွားပါဦးလား
ဆရာထီးယူသွားလေ
စတဲ့ လောက၀တ်ရောစေတနာရောပါတဲ့ အသံများကိုပြုံးပြကာ မလိုကြောင်းပြန်တုံ့ပြန်ရသေးသည်။
Lee Minhyungဆိုသော အင်္ဂလိပ်သင်ပေးတဲ့ဆရာလေးက အသင်အပြကောင်းတယ်ဆိုပြီးပြောကြတာကို သူမြင်တွေ့ဘူးသည်။
စေတနာကောင်းသည်ဟုလည်း ရှေ့မှာချီးမွမ်းကြသည်။
ကွယ်ရာမှာတော့ ဘယ်လိုပြောကြမယ်မှန်းသူမသိ။
သိလည်းမသိချင်။
မျက်လုံးများက အရှေ့ကမြေလမ်းလေးကိုသာ အာရုံစိုက်ထားမိသည်။
ပုံမှန်လှမ်းနေသော ခြေလှမ်းများကိုအရှိန်လျှော့မိသည်။
ဘာရယ်ကြောင့်မှန်းမသိ ပြန်မတွေးချင်ဘူးလို့သူဆုံးဖြတ်ထားတာတွေကို ပြန်တွေးမိတိုင်းရင်ထဲကတစ်ဆစ်ဆစ်နာသည်။
ပြန်မလာသေးဘူးလားဆိုပြီး စောင့်‌နေတာလည်း
ရာသီနှစ်ခုလည်သွားပြီ။
ဆောင်းမှာသူ့ကို ဖက်ထားပြီးအနွေးဓာတ်ပေးမယ့်၀က်ဝံလေး
နွေမှာလည်း သူနဲ့အတူတူပြုံးရယ်ပြီး နေရောင်တွေကိုအတူတူအံတု‌ပေးမယ့် အပြုံးပိုင်ရှင်လေး
သူ့ဘ၀ထဲကထွက်သွားတာကြာပြီလေ။
အခုတော့ သူထားသွားတဲ့မိုးရာသီကိုပြန်ရောက်လာပြီ။
မိုးရွာရင်ပျော်နေတတ်တဲ့ ကောင်လေးအခုဘယ်မှာများရှိနေမလဲ။
မိုးအေးတဲ့ညတွေမှာ သူရင်ခွင်ထဲတိုး၀င်ပြီးအိပ်တတ်တဲ့ကောင်လေး အခုညဘယ်လိုအိပ်မှာလဲ။
စိတ်ပူတယ်။
မျက်နှာပေါ်ကျလာတဲ့ မိုးစက်များကြောင့်အတွေးများထံမှ ပြန်ပြီရုန်းထွက်လာပြန်သည်။
မိုးတွေကသာ စကားတွေပို့ဆောင်ပေးနိုင်တယ်ဆိုရင် ကလေးလေးကိုအရမ်းလွမ်းတဲ့အကြောင်းတွေကို ကလေးလေးရှိရာသွားပြောခိုင်းချင်မိတယ်။
ကလေးလေးကို ပြောစရာတွေအများကြီးရှိတယ်သိလား။
ကလေးချက်ပေး‌နေကျတွေပဲစားတတ်တော့ ကလေးမရှိတော့ ထမင်းအချိန်မှန်မစားဖြစ်တော့ဘူးလို့
ဟိုနေ့ကပဲ မြို့ဆေးခန်းသွားပြတာအစာအိမ်ဖြစ်နေလို့ အကိုဂယောင်းဆူးကဆူတယ်ဆိုတာကော
အကိုဂယောင်းဆူးချက်ပေးတာစားနေရတာ အားနာလို့ကိုယ့်ဘာသာကိုယ်ချက်မိတာ မီးလောင်မလိုဖြစ်သွားတာရော
ကိုယ့်လက်ကို ဆီပူစင်တာဆေးမထည့်ဖြစ်တာတွေရော
အကုန်လုံးကလေးလေး စိတ်ဆိုးမယ့်အရာတွေချည်းပဲ။
နောက်ပြီး နောက်ပြီး ကလေးလေးကို အရမ်းလွမ်းတယ်ဆိုတာကော။
မိုးတွေပိုသည်းလာလို့ သူ့မှာစိုရွှဲနေပြီ။
ကလေးလေးသိရင် ပွစိစိပြောပြီး အရင်လိုဂရုစိုက်ပေးဦးမှာလား။
ကိုယ်သိတာတော့ အခုအိမ်ပြန်ရောက်ရင် ကလေးလေးမရှိဘူးဆိုတာပဲ။
ဘာအကြောင်းကြောင့် ကလေးလေးကိုယ့်ဘ၀ထဲက ထွက်သွားတာလဲမသိနိုင်လို့ ကိုယ့်ကိုယ်ကိုစိတ်တိုမိတယ်။
အနည်းဆုံးတော့ ကလေးလေးဘာကိုစိတ်ဆိုးသွားတာလဲ သိရရင်ကို ကိုယ်‌ချော့လို့ရတယ်လေ။
ကလေးလေးမကြိုက်တာလည်း ပြင်လို့ရတယ်လေ။
အခုတော့ကွာ............



Not Title But About Love 🐯🐻 (HITUS)Where stories live. Discover now