My Haechanie

141 14 4
                                    

"ဟယ်ချန်းနီး ကိုယ့်ဟယ်ချန်းနီး!!!

အိမ်ရောက်သည်နှင့် နေရာအနှံ့
ဟယ်ချန်းနီးကိုလိုက်ရှာလေတော့၏

"ကိုကို့ ဘာဖြစ်......"

မြင်လိုက်ရသော ကိုယ်လုံးလေးအား
တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားမိသည်။

"ကိုကို ဘာဖြစ်လာတာလဲ ဘာဖြစ်လို့လဲ"

"ဟယ်ချန်းနီးက ကိုကို့အချစ်ဆုံးဆိုတာ
သိတယ်မလား ဟယ်ချန်းနီးမှမရှိရင်
ကိုယ်လည်း အသက်ရှင်နေမှာ
မဟုတ်လောက်ဘူး အဲတော့ ဘာအကြောင်း
ကိစ္စပဲ ရှိရှိ ကိုကို့ကို ထားမသွားပါနဲ့နော်
ကျေးဇူးပြုပြီး ကိုကို့လက်ကို တတ်နိုင်သလောက် ဆွဲထားပေးပါ နော် ......‌နော်......"

မီးရောင်အောက်က သူ့အား ထိတ်လန့်ကြေကွဲဖွယ်ရာ မြင်ကွင်းတစ်ခုကို မြင်ရစေပြီး
ဟယ်ချန်းနီးကို ဖက်တွယ်ထားတဲ့ လက်များ
တင်းကျပ်လာလေ၏

ထိုစဉ် ကျောပြင်မှ အသာအယာ
ပွတ်သပ်ပေးတဲ့ ခံစားချက်တို့ကြောင့်သူ၏
စိတ်တို့ တစ်ဖြေးဖြေးလျှော့နိုင်လာလေသည်။

"စိတ်ချပါ ကိုကို့ကို ထားမသွားဘူးနော်
ကျွန်တော့်မှာ ကိုကိုပဲရှိတာကို
အခွင့်အရေးဆံချည်တစ်မျှင်လောက်
ကျန်လည်း ကိုကို့အတွက်ရအောင် ဖမ်းဆုပ်
ထားမှာမို့ စိတ်မပူနဲ့နော်"

ချွေးများစိုရွှဲကာ အသက်ပြင်းပြင်းရှူနေမိ
တဲ့ Markဟာ ကျောပြင်ပေါ်က အေးစက်တဲ့
ချစ်ရသူလက်ဖဝါးရဲ့ အစွမ်းကြောင့်ထင်
စိတ်ငြိမ်သွားလေ၏

ထိုနေ့မှ စကာ Mark၏ ဟယ်ချန်းအပေါ်
ချစ်မြတ်နိုးမှုဟာ အတိုင်းအတာထပ် ကျော်
လွန်လာလေ၏

သူလည်း အပြင်မထွက်ပဲ ဟယ်ချန်း
ဘေးမှာသာ အမြဲတစ်ကပ်ကပ်နှင့်။

"ဟယ်ချန်းနီး.....ခေါက်ဆွဲပြုတ်ပဲ စားမယ်လို့"

အခုလည်း တစ်ပတ်စာကုန်သွားသည့်
အတွက် ဈေးသွားပေးပါဆိုသည်ကို
ဟယ်ချန်းနှင့် မခွဲချင်၍ အသင့်စားပဲ
စားမယ်တဲ့။

"ကိုကိုကလည်း လိမ္မာပါတယ်နော်
ဒီနေ့ကြက်သားပေါင်းမလို့ လို့ ကိုကိုကြိုက်
တယ်မလား ဈေးခဏလေးသွားရမှာကို"

Not Title But About Love 🐯🐻 (HITUS)Where stories live. Discover now