အရုပ်လေး

177 13 2
                                    

"Lee Minhyungပြန်လာခဲ့"

"ခွမ်း ခလွမ်း"

"မလာဘူးဗျာ မလာဘူး
မာမီဘာလို့သားကိုအဲတာနဲ့ပေါက်လဲ
သားကမာမီတို့သားအရင်းမဟုတ်ဘူးလား
တော်ပြီ   ဒီအိမ်မှာနေတော့ဘူးဗျာ"

"ဟဲ့ ပြန်လာခဲ့ အပြင်က....."

နောက်ကမာမီဘာပြောလိုက်မှန်းမသိ‌တော့အောင်ပြေးလာမိသည်။ သူဒီနေ့တစ်နေကုန်တော့လေလွင့်ရဦးမည်
မနက်ကျမှပြန်ချော့ပြီးပြန်တာပေါ့
ဒီနေ့ည တော့ Lucasတို့တိုက်ခန်းသွားအိပ်မည်ဟု တွေးမိလိုက်သည်နှင့်သုတ်ခြေတင်ပြေးလေတော့သည်။

🐯🐻

"ဟမ်"

သော့ခတ်ထားတဲ့တိုက်ခန်းရှေ့အရောက်မှာ အကျယ်ကြီးရေရွတ်မိလိုက်သည်။

" ဖုန်း ငါ့ဖုန်း ဟာကွာ ဒီရှူရှီဘယ်သွားပြန်ပြီလဲ"

အိမ်က မာမီရိုက်လို့ကပျာကယာထွက်ပြေးလာတာဖုန်းလဲမပါ ပိုက်ဆံမပြောနဲ့ အနွေးထည်တောင်မယူလာခဲ့ရဘူး

အားကိုးရတဲ့ သူငယ်ချင်းတစ်စုဆီလာတော့လည်း သကောင့်သားတွေက အခန်းသော့ခတ်ပြီးဘယ်ချောင်ရောက်ကုန်လဲမသိ။

"မစ္စလီ မစ္စလီ ဒယ်ဒီမရှိတုန်းတော့ငါ့ကိုနိုင်တိုင်းကျင့်ပေါ့ကွာဒယ်ဒီပြန်လာရင်အကုန်တိုင်ပစ်မယ်
Skin care set တွေကောမိတ်ကပ် တွေကောမ၀ယ်ခိုင်း‌အောင်လုပ်ပစ်မယ်"

အခန်းတံခါးရှေ့ဆောင့်ကြောင့်ထိုင်ရင်း ပွစိပွစိရွက်နေရသည်။
လူကြီးမင်းတို့စဉ်းစားကြည့်ဗျာ
ဟင်းအိုးနားနေ ဘယ်မှမသွားနဲ့ဆိုလို့
ဟင်းအိုးနားနေပြီး အပူဟပ်ခံပြီး ဂိမ်းထိုင်ဆော့ပေးနေရတာလေ
အဲတာကို ပြန်လာတော့ ဟင်းအိုးတူးသွားလို့ တစ်ဦးတည်းသော သားနုနုထွတ်ထွတ်လေးကို
မီးဖိုချောင်ကယောင်းမနဲ့ပေါက်တယ်တဲ့
တော်ကြာဒီချောချောလှလှမျက်နှာလေးမှာ အမာရွတ်ထင်သွားရင် လောကကြီးရဲ့ ရှားပါးလှတဲ့ Handsome guy လေးတစ်ယောက် လျော့သွားမှာပေါ့။

"အညော်......."

စိတ်ညစ်ညစ်နဲ့ဆံပင်တွေကိုဆောင့်ဆွဲနေမိစဉ်ကြားလိုက်ရတဲ့အသံချိူချိူလေး
လာရာကိုကြည့်မိလိုက်သည်။

Not Title But About Love 🐯🐻 (HITUS)Where stories live. Discover now