My Haechanie

101 13 0
                                    

"သား ဟယ်ချန်းနီးကို အတွေ့ခံလိုက်ပါကွာ
သူ့မှာ မင်းကြောင့် အမြဲတစ်ငိုငို တစ်ရယ်ရယ်နဲ့"

ဒယ်ဒီပြောလာတဲ့ စကားကြောင့် သူ၏တင်းခံထားသည့် စိတ်တို့ ပြတ်တောက်ချင်လာသလို။

"မတွေ့ဘူး ဒယ်ဒီ သူ့ကို စိတ်မပူဖို့ပြောလိုက်ပါ
သားဒီကထွက်လာရင် သူ့ကိုအရင်ဆုံးလာတွေ့မှာပါလို့"

သူ့စကားကို အမြဲတမ်းလိုက်နာနေပါတယ်လို့
ကျန်းမာအောင် နေတယ်
အစားလည်း မှန်မှန်စားတယ်
သူများကိစ္စကို မပါအောင် သူ့စိတ်ကို ထိန်းတယ်

ဒါကြောင့်မို့ စည်းကမ်းချက်ကို လိုက်နာတတ်တဲ့သူဟာ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ခြောက်လစောကာ ထွက်လာခဲ့လေသည်။

အပြင်ဘက် ရောက်ရောက်ချင်း ကမ္ဘာ့လေထုကို
အားရအာင် ရှူသွင်းလိုက်ပြီးလျှင်
လွန်ခဲ့သောနှစ်က ဒယ်ဒီ့စကားတို့ကို နားထဲကြားယောင်လာသည်။

"ဒယ်ဒီတို့ U.Sကို ပြောင်းတော့မှာမလို့ သားကိုလာမတွေ့နိုင်လောက်တော့ဘူး သားပြန်လာရင်
ဒယ်ဒီ့ဟိုက လုပ်ငန်းကို တစ်ခါတည်းဦးစီးရုံပဲ
ဒယ်ဒီလုပ်ထားနှင့်မယ်"

ခြောက်လတောင် လိုသေးတာကြောင့် သူ့၏
ဆုံးဖြတ်ချက်အတိုင်း ဟယ်ချန်းနီးဆီသွားတွေ့ရမည်။

ပြီးရင် U.Sကို ခေါ်သွားပြီး ဟိုမှာ လက်ထပ်ကြမယ်။

သူ့ကို မြင်ရင် ဟယ်ချန်းနီးငိုလေရော့မလား
လူဆိုးကြီးဆိုပြီး စိတ်ကောက်မလား
ဘာမှ မပြောပဲ ချက်ခြင်းပဲ ပြေးဖက်လာလေမလား

ပျော်ရွှင်နေသော အတွေးများစွာနဲ့ သူ၏‌ ခြေလှမ်းများက မြို့အစွန်မှာ ထီးတည်းတည်ရှိတဲ့ ပန်းခြံ။

"ဟင်!!!!!!

အမှိုက်များ ရှူပ်ပွနေသော ပတ်၀န်းကျင်ကြောင့်
သူအနည်းငယ်ပင် စိုးထိတ်လာရသည်။

ခြံရှေ့မှ သူရဲ့ ဟယ်ချန်းနီးအမြဲတမ်းရေလောင်းနေတတ်တဲ့ ဒေစီတန်းလေးဟာလည်း အခုတော့
ကျိုးပျက်နေကြကာ အမှိုက်သရိုက် မြက်များစွာနှင့်။

အံ့အားသင့်စွာနဲ့ပဲ ခြံထဲ တစ်လှမ်းခြင်း တိုး၀င်လာခဲ့သည်။

Not Title But About Love 🐯🐻 (HITUS)Where stories live. Discover now