🐯🐻

377 26 4
                                    

'ကိုကိုကျွန်တော့်ကိုချစ်လား'

"အင်း"

'ဟုတ်လို့လား'

"အင်း"

'မလိမ်နဲ့နော်'

"အင်း"

ဒါကတော့ Laptopတစ်လုံးနဲ့အလုပ်ရှုပ်နေတဲ့ Dream Companyရဲ့ CEO Mark Leeကို ဘေးက၀က်ဝံပေါက်လေးတစ်ကောင်က ကပ်ချွဲနေခြင်းပါ။

Markက အလုပ်ခန်းထဲမှာ Desktopကို ကြည့်လိုက်
Laptopကို နှိပ်လိုက်စာရွက်စာတမ်းတွေကို လှန်လောလိုက်နဲ့အလုပ်ရှုပ်နေတာပေါ့။

ဒါကိုဘေးက ၀က်ဝံပေါက်လေးကအနောက်ကသိုင်းဖက်ပြီးချွဲနေတာဖြစ်သည်။

'ကိုကိုး ဟေး Morkခင်ဗျားကျွန်တော့်ကိုတကယ်ချစ်ရဲ့လား 
အလုပ်နဲ့ကျွန်တော်နဲ့တစ်ခုရွေးရတာ့မယ်ဆိုဘယ်ဟာရွေးမလဲပြော'

Markသိလိုက်ပါပြီ
ဒီကောင်လေးစရစ်ပြီဆိုတာ
ဒါပေမယ့်သူ့အမှားလဲမကင်းပေ
သူကကလေးလေးကိုဂရုမစိုက်မိခဲ့တာကို။

လုပ်လက်စတွေအကုန်မေ့ထားလိုက်ပြီး အနောက်ကကောင်လေးကိုခါးက‌နေဆွဲပွေ့ကာ သူ့ပေါင် ပေါ်ထိုင်ခိုင်းလိုက်သည်။
နှုတ်ခမ်းလေးက ရှေ့ကိုတစ်မီတာလောက်ရှည်ထွက်နေပြီရော။

သူအသဲယားစွာနဲ့နှုတ်ခမ်းလေးကိုဖျစ်ညှစ်လိုက်တော့မျက်စောင်းလှလှလေးတစ်ခုရလိုက်သည်။

"တကယ်ချစ်ရဲ့လားလို့ မင်းလေးမို့မေးရက်တယ်နော် နေပါဦးကလေးကအခုထိကို့ကိုမယုံသေးဘူးပေါ့
ဟုတ်လား ဒါဆိုရင်တော့ကိုကို၀မ်းနည်းသွားပြီ"

မျက်နှာငယ်လေးနဲ့ချော့လိုက်တော့ ပေါင်ပေါ်က ကောင်လေးကမျက်နှာမကောင်းတော့ပေ

'ကိုကိုး ကိုမယုံတာမဟုတ်ပေမယ့်
ကိုကိုအခုတလောကျွန်တော့်ကို အချိန်မပေးတော့ဘူးလေ နေ့တိုင်း နေ့တိုင်းအလုပ်ပဲလုပ်နေတာ ကိုကိုအရမ်းလွန်လွန်းတယ် စိတ်ဆိုးတာပေါ့ကျွန်တော်က'

ထပ်ပြောမလို့ကြံနေတဲ့နှုတ်ခမ်းဖူးဖူးလေးကို ဖွဖွလေးတစ်ချက်နမ်းပြီးနှုတ်ပိတ်လိုက်သည်။

'ဟွန့်'

"ကလေးလေးက လွဲကိုကို့မှာဘယ်သူရှိလို့လဲ လွန်ခဲ့တဲ့ဆယ်နှစ်ကတည်းက ကိုကိုကကလေးကိုပဲသစ္စာရှိလာတာကလေးအသိပဲလေ"

Not Title But About Love 🐯🐻 (HITUS)Where stories live. Discover now