Rainy Love

158 19 1
                                    

အခန်းထဲရောက်တော့ ကိုကြီးကိုပိုသတိရမိသည်။ ဂျဲနိုပြောသလိုကိုကြီးသူ့ကိုစိတ်ပူနေလောက်မလား။
ကိုကြီးက သူ့ကိုလာခေါ်မှာပါနော်။
သူဒီအတိုင်း ပြန်မသွားချင်ဘူး ကိုကြီးပြန်လာခေါ်မှပြန်သွားချင်တယ်။

တစ်ရက် နှစ်ရက် တစ်လ ကြာခဲ့ပြီ။
ကိုကြီးသူ့ကို လာမခေါ်သေး။

စိတ်ကတော့ အခုချက်ချင်းပင် ကိုကြီးဆီကိုအပြေးပြန်သွားလိုက်ချင်သည်။
သို့ပေမယ့် ကိုကြီးဆီက ရှင်းပြချက်ပေးပြီး သူ့ကိုပြန်ချော့ခေါ်တာ ခံချင်သည်။
ကိုကြီးမမှားဘူးဆိုတာ သိပေမယ့် သူ့ကိုရှင်းပြပေးစေချင်သည်။

"အီဟယ်ချန်း ငါ့အိမ်လာပြီး မျောက်ထိုင် ထိုင်ပြီး
လဒမှိုင် မှိုင်မနေနဲ့ မင်းကြည့်တာငါပါ အိပ်ချင်လာပြီ သွား ရေသွားချိုး"

မိုးလင်းလာကတည်းက အစောကြီးနိုးလာကာ ဆံပင်စုပ်ဖွားနှင့် မီးဖိုချောင်ထဲလာမှိုင်နေတဲ့ သကောင့်သားကို နာဂျယ်မင်းကြည့်မရတော့ပေ။
စိတ်ပြေနေတာ ကြာပြီကို ပြန်မှာဖြင့်မပြန်ဘူး။
နိုး ပြန်လို့မရဘူး သူပြန်သွားရင် ငါတို့သူငယ်ချင်း squad သိက္ခာကျလိမ့်မယ်။
ဒီ အီမင်ဟျောင်း အခုထိလာမချော့သေးဘူးလား
ဒါမှမဟုတ် ဟယ်ချန်းနီး ဒီကိုရောက်နေတာ မသိသေးတာလား။

"မောနင်း ဂျယ်မင်းနီး  မောနင်း ဟယ်ချန်းနီး"

မနက်စာ စားဖို့ဂျဲနိုလာထိုင်သည် အထိ အီဟယ်ချန်းနေရာမရွေ့သေး။

"အီဟယ်ချန်း!!!

သူ့ရဲ့ ပါဝါအားကောင်းလွန်းလှသည့် Vocalကို
အမြင့်ဆုံးရောက်အောင် အော်လိုက်တော့ ထိုင်ခုံတွေပါ ခလုတ်တိုက်ပြီး ရေချိုးခန်းထဲပြေးသွား၏
ဂျဲနိုကတော့ ကြုံနေကျဆိုတော့ ဒီအသံကတော့ ဖြုံတောင်မဖြုံတော့။
အရှေ့မှာချပေးထားသည့် toast ကိုသာ အသာဝါးနေလိုက်သည်။

"ဂျဲနို့...."

"ဟင် ဘာပြောမလို့လဲပြောလေ"

အသံက ချွဲသံပေါက်နေတော့ တစ်ခုခုပူဆာချင်တာများရှိလို့လားဟူသော အကြည့်ဖြင့် ပြန်ထူးလေတော့ သူမျက်စောင်းထိုးပစ်လိုက်သည်။

Not Title But About Love 🐯🐻 (HITUS)Where stories live. Discover now