Unconditional Love 2

154 13 4
                                    

မိုးစက်များဟာ ညနှစ်နာရီရောက်နေသည့်တိုင်
အရှိန်လျော့မနေသေး။
ဆူညံလှသော မိုးရေစက်များနှင်မြေပြင်တို့၏
ရိုက်ခက်သံကြောင့် မည်သည့်အသံများကိုမျှ
ကြားနိုင်ရန်မတတ်နိုင်။

ထိုမိုးသည်းထဲတွင် ကောင်လေးတစ်ယောက်ပြေးလွှားနေ၏
၀တ်ထားသော T shirtဟာလည်း မိုးစက်များကြောင့် အသားနှင့်ပင်တစ်ထပ်တည်းဖြစ်နေ၏
လမ်းမကြီးနှင့်တစ်‌တည်းပြေးဖြစ်နေသောရေများအကြား  ခြေဗလာနှင့် ထိုကောင်လေးဟာ ထူးဆန်းပါဘိ။

မိုးစက်များကြောင့် သူ၏တစ်ကိုယ်လုံးရွှဲစိုနေသည့်အပြင် အေးစက်နေသည်မှာ ရေခဲတမျှ။
သို့သော်လည်း ရင်ထဲမှာတော့ ပူလောင်လွန်းနေ၍ သူချမ်းသည်ဟု မထင်နိုင်တော့။

မြတ်နိုးရသူ၏ တံဆိပ်ခတ်နှိပ်မှုကြောင့် ကြည်နူးရပေမယ့် ထိုလူသားဟာ မနက်ကျရင်အကုန်မေ့သွားတော့မှာပဲမလား။
သိခဲ့ရင်တောင် သူ့အားရွံရှာသည့် အကြည့်ဖြင့်ကြည့်ကာ အဖက်ပင်လုပ်မှာမဟုတ်။

ထိုလူသား၏ အချစ်နွံထဲမှာ သတိမထားမိဘဲ
ပျော်၀င်နေဆဲ ရုတ်ချည်းခေါင်းထဲရောက်လာသည်က သူ၏အဘွား။

သတိကပ်လာတော့ အပြင်မှာမိုးသည်းနေပြီ။
တွန်းထိုးရုန်းကန်၍ ကားတံခါးအတင်းဖွင့်ကာ
ပြေးဆင်းခဲ့၍ Long Coatလည်း ပါမလာတော့။

အချိန်ကညည့်သန်းခေါင်နှစ်နာရီဆိုတာ သိလိုက်ရတော့ သူ၏အပူမီးကနှစ်ဆတိုးကာ
ဖိနပ်ချွတ်၍ ပြေးခဲ့ရသည်။

ခြံရှေ့ရောက်တော့ အိမ်ကမီးလင်းနေ၍
အဘွားများသက်သာနေသည်လားဟု
မျှော်လင့်ချက်လေးက ရေးရေး။

အိမ်ထဲ၀င်၍ အဘွားအခန်းဆီပြေးကြည့်လိုက်တော့ ဆေးပိုက်များချိတ်ထားပြီး အိပ်ပျော်နေသော ဘွားဘွား။

ရင်ထဲက အပူလုံးကြီးကျသွား၍ထင်
အရာအားလုံးဟာ မှောင်မိုက်သွားသည်။

သူပြန်နိုးမလာရင်လည်း ကောင်းမှာပါပဲ။

🍷🌷

မျက်နှာပေါ်သို့ အလင်းရောင်၀င်ရောက်လာ၍
သူ၏ မျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်ကြည့်
မိလိုက်သည်။

Not Title But About Love 🐯🐻 (HITUS)Where stories live. Discover now