[Author- Rose Maung]
ဝမ်ရိပေါ်ကCEOကိုကြိုက်နေတယ်(2)
U/Z
ဝမ်ရိပေါ်က XSကုမ္ပဏီရဲ့ နောက်ကြောင်းကို ရှာဖွေခဲ့ရာ တစ်ခြားသောကိစ္စများကိုပါ သိလာခဲ့ရသည်။ဒီကမ္ဘာက နိုင်ငံတွေဟာ Aနိုင်ငံ Bနိုင်ငံ စသည်ဖြင့်ရှိကြသည်။ဝမ်ရိပေါ်ရောက်နေတဲ့နိုင်ငံက Mနိုင်ငံဖြစ်ပြီး တိုးတက်နေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်သည်။
Mနိုင်ငံသည် အရင်ကမ္ဘာနဲ့ ကွဲပြားစွာ ငွေကြေးလည်း မတူညီခဲ့ပါ။
အရင်ကမ္ဘာက တရုတ်နိုင်ငံရဲ့ပိုက်ဆံဟာ ယွမ်အထိရှိပြီး ဒီကမ္ဘာကMနိုင်ငံရဲ့ ပိုက္ဆံကေတာ့ အကြွေစေ့တွေပဲ ဖြစ်သည်။ပမာဏပိုများလာလျှင် ငွေလက်မှတ်တွေကိုအသုံးပြုကြသည်။
ဝမ်ရိပေါ်ရဲ့ လစာက တစ်လကို ရှစ်ရာရသည်။ကြေးပြားတစ်ရာထက် ကျော်သွားပါက ငွေလက်မှတ်ကိုအသုံးပြုသည်မို့ လစာထုတ်သည့်ရက်များတွင်လည်း ငွေလက်မှတ်နဲ့သာ ရှင်းပေး၏။
ဝမ်ရိပေါ်ရှာတွေ့ခဲ့တဲ့ XS ကုမ္ပဏီရဲ့အကြောင်းဟာ မကောင်းသတင်းကောင်းသတင်း ဒွန့်တွဲလျက်ရှိနေခဲ့သည်။
XSကုမ္ပဏီက နှစ်ပေါင်း30ကျော်အထိ တည်ရှိလာခဲ့တဲ့ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး အောင်မြင်ကျော်ကြားလေသည်။မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့ကြပြီး အခုလက်ရှိကုမ္ပဏီပိုင်ရှင်ကတော့ SEAN ဖြစ်သည်။
ကုမ္ပဏီအကြောင်းစုံစမ်းလို့ရပေမဲ့ CEOအကြောင်းကို စုံစမ်းလို့မရသည်မို့ ဝမ်ရိပေါ်အနည်းငယ်တွေဝေသွားသည်။
"ဝမ်ဝမ်ရေ....လွန်ခဲ့တဲ့နှစ်ရက်လောက်က နိုင်ငံခြားကနေ CEOပြန်ရောက်လာပြီသိလား..."
"ဗျာ...ဟုတ် ကျဲ"
ဝမ်ရိပေါ်ရဲ့ အေးဆေးလွန်းတဲ့အမူရာကြောင့် ဖန်ယုကအနည်းငယ်ကြောင်အမိသွားသည်။ဖန်ယုက ဒီကုမ္ပဏီမှာ အသက်အကြီးဆုံးလူဖြစ်ပြီး အားလုံးကသူမကိုလေးစားကြသည်။XSကုမ္ပဏီမှာ သူမက လုပ်သက်ကြာပြီး ရာထူးလည်းကြီးသည်။ဝမ်ရိပေါ်နဲ့လည်းရင်းနှီးကာ ဝမ်ရိပေါ်အကြောင်းကိုလည်း အများဆုံးသိလေသည်။
YOU ARE READING
Survival and death
Fanfictionအမျိုးသားဖြစ်သူရဲ့ ဖောက်ပြန်မှုကိုခံရပြီး ကွာရှင်းခြင်းကိုပါခံလိုက်ရတဲ့ ဝမ်ရိပေါ်က တခြားကမ္ဘာတစ်ခုမှာ သာမန်ဘဝလေးနဲ့ ပြန်လည်မွေးဖွားလာခဲ့ပေမဲ့ အရင်ဘဝက အမျိုးသားဖြစ်သူဟာ ဒီဘဝမှာ သူကြိတ်crushခဲ့ရတဲ့ အလုပ်ရှင်ဖြစ်နေသောအခါ... #rose_maung အမ်ိဳးသားျဖစ္သူရ...