[Author_ Rose Maung]
အေးချမ်းသော ဘဝလေး...(2)
U/Z
ဝမ်ရိပေါ်က မျက်နှာသစ်ကာ ရေချိုးပြီးတော့ အဝတ်အစားလဲလိုက်သည်။ဝမ်ရိပေါ်ဒီနေ့ဝတ်ထားတာက အပြာဖျော့ဖျော့ အကျီလေးဖြစ်ပြီး အောက်ပိုင်းကိုတော့ အညိုရောင် ဘောင်းဘီရှည်ကိုဝတ်ဆင်ထားသည်။
အလုပ်သွားဖို့ပြင်ဆင်ပြီးသွားတော့ အိမ်မှာ ရှိနေတဲ့ အရွက်တွေကို ကြော်လိုက်ပြီး ဝက်အူချောင်းကို ညှပ်ထည့်လိုက်သည်။အရသာရှိတဲ့ဟင်းတစ်ခွက်ဖြစ်သွား၍ အစိမ်းရောင်ဘူးလေးထဲ ထည့်လိုက်သည်။ ဝမ်ရိပေါ်ကဒီဟင်းကို အလုပ်မှာအဆာပြေစားဖို့ ယူသွားမှာဖြစ်သည်။
ဝမ်ရိပေါ်က မနက်စာကိုတော့ ကော်ဖီတစ်ခွက်ရယ် ပေါင်မုန့်ရယ်ကို မြန်မြန်စားလိုက်ပြီး busမှီအောင် ပြေးရတော့သည်။
busကားခက ကြေးပြား3ပြား ကျသင့်ပြီး လူလည်း ကျပ်သည်။busကားက မှတ်တိုင်မှာ ရပ်သွားပြီး ထိုမှတ်တိုင်ကနေ ကုမ္ပဏီဆီကို လမ်းလျှောက်ရသေးသည်။
ကုမ္ပဏီကိုတော့ သူအချိန်ကွက်တိရောက်လာခဲ့တာဖြစ်သည်။
အလုပ်စားပွဲတွင်ထိုင်ပြီး နာရီတော်တော်ကြာကြာ ဖိုင်တွေကိုပြန်စစ်နေခဲ့တာဖြစ်သည်။ဝမ်ရိပေါ်အနားကို ယွီစုက ရောက်လာကာ စာရွက်တွေအများကြီးကို ထိုးပေးလာသည်။
"ဒါဘာတွေလဲ..."
ဝမ်ရိပေါ်က နားမလည်စွာမေးလိုက်သည်။ယွီစုက မဲ့ကာပြုံးလိုက်ပြီး သူမရဲ့ဆံပင်တွေကို ဖွဖွလေးကိုင်ထားရင်း ပြန်ပြောလာသည်။
"ဒါတွေက...Mu ကုမ္ပဏီနဲ့ စာချုပ်ချုပ်ထားတဲ့ စာရွက်တွေပဲ...နောက်ပရောဂျက်တစ်ခုရေးဖို့ အချက်အလက်တွေပဲ..."
"ကျနော်က...ရေးရမှာလား?"
ဝမ်ရိပေါ်က အံသြစွာနဲ့ ယွီစုကိုပြန်မေးသည်။ယွီစုက ဒေါသထွက်လာကာ ဝမ်ရိပေါ် နဖူးကို လက်ညိုးနဲ့ အနောက်ကိုဆုတ်သွားအောင် ထိုးလိုက်သည်။မိန်းကလေးအားမို့လို့ မနာပေမဲ့ ယွီစုရဲ့ လက်သည်းနဲ့ ခြစ်မိသွားတာကြောင့် နီရဲသွားသည်။
"နင်မရေးလို့ငါကရေးရမှာလား!....ကိုယ့်အဆင့်ကိုယ်နားလည်စမ်းပါ...ငါကနင့်ထက်ရာထူးကြီးတယ်...နင့်အဆင့်က ဗိုက်ပြည့်ဖို့အတွက် အလုပ်ထဲခေါင်းနှစ်ထားရမှာ...ceoအနားကပ်နေဖို့မဟုတ်ဘူး"
YOU ARE READING
Survival and death
Fanfictionအမျိုးသားဖြစ်သူရဲ့ ဖောက်ပြန်မှုကိုခံရပြီး ကွာရှင်းခြင်းကိုပါခံလိုက်ရတဲ့ ဝမ်ရိပေါ်က တခြားကမ္ဘာတစ်ခုမှာ သာမန်ဘဝလေးနဲ့ ပြန်လည်မွေးဖွားလာခဲ့ပေမဲ့ အရင်ဘဝက အမျိုးသားဖြစ်သူဟာ ဒီဘဝမှာ သူကြိတ်crushခဲ့ရတဲ့ အလုပ်ရှင်ဖြစ်နေသောအခါ... #rose_maung အမ်ိဳးသားျဖစ္သူရ...