CEOကြီးရဲ့crush

1.6K 174 12
                                    

[Author_Rose Maung]

CEOကြီးရဲ့crush(1)

U/Z

ယွီစုကအထပ်32လွှာကို ဓာတ်လှေကားနဲ့တက်ရင်း သူမရဲ့လက်တွေဟာ တုန်ယင်နေတယ်။ဓာတ်လှေကားထဲက ထွက်လာတာနဲ့သူမက အေးစိမ့်မှုကိုချက်ခြင်းခံစားလိုက်ရပြီး လုံးဝမပျော်ရွှင်တော့ပေ။သူမရဲ့အကြည့်က တိတ်ဆိတ်ပြီး လူမရှိတဲ့ ceoရဲ့ရုံးခန်းဆီ ကျရောက်နေခဲ့သည်။

ယွီစုကရုံးခန်းထဲဝင်သွားချိန်မှာတော့ ပြတင်းပေါက်ဘက်ကို မျက်နှာမူထားတဲ့ ရှောင်းကျန့်ကိုတွေ့ရှိခဲ့ပြီး အခန်းထဲမှာ မည်သူမျှမရှိခဲ့။ သူမက တိတ်ဆိတ်စွာဝင်လာသော်ငြား ရှောင်းကျန့်ကတော့ သူမရပ်နေတာကို သိရှိခဲ့ပါသည်။ဖြေးညင်းစွာ ရှောင်းကျန့်က သူမဆီ အေးစက်စက်အကြည့်များပေးလိုက်သောအခါ ဒူးတွေတောင်မခိုင်ချင်တော့ပေ။

ရှောင်းကျန့်က သူမကိုဘာစကားမှမပြောပဲ ဖိုင်တစ်ခုကိုင်ကာ သူမအနားလျှောက်လာခဲ့သည်။နောက်တော့ ရှောင်းကျန့်က သူမဆီဖိုင်ကိုပစ်ပေးခဲ့ပြီး ဆေးလိပ်တစ်လိပ်ကို မီးညှိကာ ပါးစပ်မှာခဲထားခဲ့သည်။

"ဒါ...ဒါက...ဘာ...ဘာဖိုင်..လည်း"

ယွီစုရဲ့အသံကအရမ်းကို တုန်လှုပ်နေခဲ့ပြီး သူမက ရှောင်းကျန့်ကို အနည်းငယ်နားမလည်သလို ကြည့်နေခဲ့သေးသည်။ ရှောင်းကျန့်က ဆေးလိပ်ကိုတစ်ချက်ရှိုက်ကာ အငွေ့များကို မှုတ်ထုတ်လိုက်ရင်း သူမကိုကြည့်နေခဲ့သည်။

"ဒါက...မင်းရေးထားတဲ့ပရောဂျက်လေ...မမှတ်မိတော့ဘူးလား..."

ယွီစုကသူမကိုယ်တိုင်ရေးထားတဲ့ ပရောဂျက်မှန်းတော့သိပေမဲ့ ဘာကြောင့်သူမကိုပြသလည်းဆိုတာ နားမလည်ခဲ့ပါဘူး။

"ဒါပေမဲ့...ဘာကြောင့်လည်း"

"မင်း...ပထမတစ်ကြိမ်...လက်အောက်ငယ်သားတွေအပေါ်...အနိုင်ကျင့်တယ်...ရိုင်းစိုင်းတယ်"

ရှောင်းကျန့်က စကားပြောရင်း သူမအနား လမ်းပတ်လျှောက်နေခဲ့သည်။ ယွီစုရဲ့မျက်နှာကတော့ တော်တော်အံသြနေခဲ့ပုံရပြီး သူမလုပ်ခဲ့တဲ့ကိစ္စတွေကို ရှောင်းကျန့်သိနေမှာ စိုးရိမ်နေခဲ့သည်။

Survival and deathWhere stories live. Discover now