ရှောင်းအိမ်တော်ရဲ့ပိုင်ဆိုင်မှု(သို့)ရှောင်းကျန့်ရဲ့ပိုင်ဆိုင်မှု

1.5K 73 8
                                    

​ရှောင်းအိမ်တော်ရဲ့ပိုင်ဆိုင်မှု(သို့)ရှောင်းကျန့်ရဲ့ပိုင်ဆိုင်မှု

U/Z

ရှောင်းကျန့်က ရှောင်းအိမ်တော်ကိုမပြန်တာ ငါးလကျော် ခြောက်လနီးပါးရှိနေပြီဖြစ်သည်။အတွင်းရေးမှုးချန်းဆီက ကြားရတဲ့သတင်းတွေမှာ ရှောင်းအိမ်တော်ဟာ ပြဿနာများစွာဖြစ်သွားခဲ့သည်။

အကုန်လုံးကရှောင်းကျန့်ကို နိုင်ငံခြားမှာပဲလို့ထင်နေခဲ့ကြပြီး မည်သူကမှမဆက်သွယ်ခဲ့ကြပေ။ရှောင်းဖွားဖွားက ထိုပြဿနာတွေကြောင့် အိပ်ယာထဲလဲနေရတဲ့အထိ ဖြစ်သွားခဲ့ပြီး ရှောင်းအိမ်တော်ရဲ့အခြေနေဟာ အတော့်ကိုဆိုးရွားနေခဲ့သည်။

ရှောင်းကျန့်က ဒီသတင်းတွေကိုကြားခဲ့သော်ငြား မသိချင်ယောင်ဆောင်ကာ ကွန်ဒိုမှာလည်းမနေဘဲ ဝမ်ရိပေါ်နားမှာပဲ နေနေခဲ့တာဖြစ်သည်။ရှောင်းအိမ်တော်ရဲ့ အခြေနေကိုဝမ်ရိပေါ်က ဘာမှမသိခဲ့ပေ။

ပြဿနာတွေအားလုံးရဲ့အရင်းအမြစ်ဟာ အဒေါ်ဖြစ်သူလုံယွဲ့ကြောင့်ဖြစ်ပြီး ရှောင်းဖွားဖွားနဲ့ ယွဲ့ရီ(ရှောင်းကျန့်မိခင်)တို့ကပါ စိတ်ရှုပ်နေကြကာ ရှောင်းကျန့်ပြန်အလာကိုပဲ စောင့်မျှော်နေခဲ့ကြသည်။သူတို့ကိုယ်တိုင်တောင် ဒီပြဿနာကိုမဖြေရှင်းတတ်တော့ပါဘူး။

သေချာစဥ်းစားကြည့်မည်ဆိုရင် ရှောင်းအိမ်တော်မှာရှိသမျှပိုင်ဆိုင်မှုတွေဟာ ရှောင်းကျန့်ပိုင်တာတွေချည်းပဲဖြစ်သည်။ရှောင်းကျန့်ရဲ့ဖခင်နဲ့ ယွဲ့ရီတို့ ကွာရှင်းခဲ့ပြီးနောက် ရှောင်းအိမ်တော်မှာ ယောက်ျားသားမရှိတော့သလို ကုမ္ပဏီတွေကိုလည်း အုပ်ချုပ်မည့်သူမရှိတော့ပေ။ရှောင်းကျန့်ရဲ့ဖခင်က ရှောင်းအိမ်တော်မှာ သားဖြစ်သူရှိနေခဲ့တာမို့ ပိုင်ဆိုင်မှုတစ်ခုတလေမှမယူသွားခဲ့ပဲ နိုင်ငံခြားကိုသာထွက်သွားခဲ့သည်။

ရှောင်းဖွားဖွားက XSကိုပြန်အုပ်ချုပ်ခဲ့ရပြီး အကျင့်ပျက်ခြစားမှုတွေကပိုမိုများပြားလာကာ ငွေတွေအလွဲသုံးစားလုပ်ခံနေရတာကိုလည်း မသိခဲ့ရှာပေ။ရှောင်းကျန့်အသက်ပြည့်ပြီးနောက်XSကိုလွှဲပြောင်းယူခဲ့ရပေမဲ့ ကုမ္ပဏီကအခွံသာသာပဲ ကျန်ရှိတော့ပြီး ဒေဝါလီခံရလုနီးပါးဖြစ်နေခဲ့သည်။ထို့ကြောင့် ရှောင်းအိမ်တော်ရဲ့ ပိိုင်ဆိုင်မှုတွေဟာ ရှောင်းကျန့်ကိုယ်တိုင်ရှာဖွေထားတဲ့ ငွေတွေဖြစ်လို့ ရှောင်းကျန့်နဲ့ပဲသက်ဆိုင်ပါသည်။

Survival and deathWhere stories live. Discover now