မင်း...ကလေးလိုချင်လို့လား

1.5K 137 7
                                    

U/Z

ဝမ်ရိပေါ်က ကတိအတိုင်းအလုပ်ထွက်ခဲ့တယ်။

သူ့အတွက်စားဝတ်နေရေးက ပူပင်စရာမလိုပေ။သူအခုတလော ခနခနသွားဖြစ်နေတဲ့ နေရာတစ်ခုရှိပြီး စိတ်ကျဉ်းကျပ်တဲ့အချိန်တွေဆိုရင် ထိုနေရာကိုပဲ အမြဲသွားလေ့ရှိတယ်။

ဝမ်ရိပေါ်က အကျီအကွက်လက်ရှည်လေးကို အောက်ခံအကျီအဖြူလေးနဲ့ဝတ်ဆင်ထားခဲ့ပြီး လူငယ္ဆန္ကာ ကြည့်လို့ကောင်းနေခဲ့တယ်။လမ်းတစ်လျှောက်မှာ ဝမ်ရိပေါ်ကိုငေးကြည့်နေကြသူအများအပြားရှိကာ ဝမ်ရိပေါ်က တည်ငြိမ်စွာပင် ကားထဲဝင်သွားခဲ့သည်။ အနည်းငယ်အလှမ်းဝေးတဲ့ နေရာလေးတစ်ခုနားရောက်တော့ ဝမ်ရိပေါ်က ကားခရှင်းပေးခဲ့ကာ "ယန်" "မိဘမဲ့ဂေဟာ"ဆိုတဲ့ဆိုင်းဘုတ်ချိတ်ဆွဲထားသည့် တိုက်ကြီးထဲဝင်သွားခဲ့သည်။

တိုက်ကြီးက ရှေးဟောင်းမို့အနည်းငယ်စုတ်ချင်နေပေမဲ့ ခိုင်မာနေတုန်းပါပဲ။ဒီတိုက်ဟောင်းကြီးက နှစ်ပေါင်းများစွာကြာအောင် မိဘမဲ့ကလေးတစ်ချို့အတွက် အကာကွယ်ကြီးဖြစ်နေခဲ့သည်။လိုင်းပေါ်မှာ မတော်တဆ ဒီမိဘမဲ့ဂေဟာကို ဝမ်ရိပေါ်ကတွေ့ရှိခဲ့ပြီး အလှူရှင်လိုအပ်နေသည်ဆိုတဲ့အတွက်ကြောင့် လာရောက်လှူတန်းခြင်းဖြစ်သည်။

သူအရင်ဘဝမှာ အလှူတန်းတွေမလုပ်ခဲ့ရပဲ သေဆုံးခဲ့တယ်။ဒီဘဝမှာတော့ စိတ်ချမ်းသာစွာပဲ နေထိုင်ပြီး အလှုအတန်းတွေလုပ်တော့မည်။

ဂေဟာထဲဝင်သွားတော့ အရပ်နည်းနည်းမြင့်ပြီး ခပ်ချောချောအမတစ်ယောက်က ထွက်လာတယ်။

"မောင်လေး...အမ ကလေးတွေကိုလိုက်ပြပေးမယ်"

ထိုအမရဲ့စကားကိုကြားတော့ ဝမ်ရိပေါ်က ခေါင်းငြိမ့်လက်ခံလိုက်ပြီး သူတို့နှစ်ယောက်လုံးဂေဟာထဲ ဝင်သွားလိုက်ကြသည်။ထိုအမရဲ့နာမည်က စုယွမ်ဖြစ်ပြီးတော့ ဒီဂေဟာကိုထိန်းသိမ်းလာတာ နှစ်အတော်ကြာပြီလို့လည်းပြောသည်။

မိဘမဲ့ဂေဟာက ကလေးတွေက အရမ်းချစ်စရာကောင်းကြပြီး လိမ္မာကြသည်။ဒါပေမဲ့ သူတို့ရဲ့မိဘတွေကတော့ ရက်စက်စွာနဲ့စွန့်ပစ်ခဲ့ကြသည်။ဘယ်လိုတောင် လုပ်ရက်ကြသည်လည်း။

Survival and deathWhere stories live. Discover now