အပိုင်း(၁၀)

1.6K 165 5
                                    

[Author_Rose Maung]

U/Z

"ကိုယ်....မင်းကို သဘောကျတယ် ဝမ်...ကိုယ့်ရဲ့လက်ကျန်ဘဝတစ်လျှောက်လုံး ကိုယ့်လက်တွဲဖော်အဖြစ် နေပေးနိုင်မလား"

မထင်မှတ်ထားသောစကားကြောင့် ဝမ်ရိပေါ်က ထပ်မံအံ့သြခဲ့ရပြန်သည်။သူရှောင်းကျန့်ကို ပြန်မေးလိုက်ချင်ပါသည်။ ခင်ဗျား ဆေးမှားသောက်လာတာလားဟူ၍။ သို့ပေမဲ့ ရှောင်းကျန့်ရဲ့ လေးနက်တဲ့ မျက်ဝန်းညိုတွေကြားမှာ ထပ်မံပျော်ဝင်သွားခဲ့ရပြီး သူမည်သည့်စကားမှ ပြန်လည်မပြောဆိုနိုင်ခဲ့။

ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ပြန်လည်ဖြေဆိုလာမည့်အဖြေအပေါ် စိတ်လှုပ်ရှားနေခဲ့သည်။ ဝမ်ရိပေါ်ဆီက တုံ့ပြန်သံမကြားရသောအခါ ရှောင်းကျန့်က သူ့ကိုမယုံကြည်လို့များလား ဟု သံသယဝင်သွားခဲ့သည်။

"ကိုယ့်ကို...ယုံကြည်ပေးပါ...ကိုယ်မင်းအတွက် အမြဲတမ်းရှိနေပေးပါ့မယ်"

ဝမ်ရိပေါ်က ထိုစကားကိုကြားပြီးနောက်မှာ အကြီးအကျယ်တုန်လှုပ်သွားခဲ့သည်။ ဝမ်ရိပေါ်ရဲ့အရင်ကမ္ဘာက အမျိုးသားဖြစ်သူကလည်း ထိုစကားမျိုးပြောခဲ့ပြီး ဝမ်ရိပေါ်ကလည်း အကြွင်းမဲ့ယုံကြည်ပေးခဲ့သည်။ဒါပေမဲ့ သူ့ယုံကြည်မှုတွေက အလကားဖြစ်သွားခဲ့ရပြီး အနားမှာရှိနေပေးပါ့မည်ဆိုတဲ့ ထိုအမျိုးသားက အိမ်ကိုတောင်ပြန်မလာတော့ဘူး။ လွှတ်ပစ်လိုက်ရတဲ့ အေးစက်စက်ထမင်းဝိုင်းတွေ တစ်ယောက်တည်း အိပ်ယာဝင်ခဲ့ရတဲ့ ညေတြက ဝမ်ရိပေါ်အတွက် အိမ်မက်ဆိုးဖြစ်နေခဲ့တာကို အမျိုးသားဖြစ်သူက ဂရုမစိုက်ခဲ့ပါဘူး။

ဝမ်ရိပေါ်က တုန်ယင်စွာ ရှောင်းကျန့်ရဲ့လက်တွေကို တွန်းထုတ်ပစ်လိုက်သည်။ ဟုတ်တယ် အခုချိန်ထိ သူက အတိတ်တွေထဲမှာ ပိတ်မိနေတုန်းပဲ။ ထိုအမျိုးသားဖြစ်သူကြောင့် သူ သေဆုံးခြင်းဆိုတဲ့အရာကို ရင်ဆိုင်ခဲ့ရသည်။ နောက်ထပ်တစ်ကြိမ်တော့ သူ ထိုအမျိုးသားဆီမှာ မကျရှုံးတော့ပါဘူး။

"တောင်းပန်ပါတယ်...ကျနော်...လက်မခံနိုင်ပါဘူး"

ရှောင်းကျန့်ရဲ့မျက်ဝန်းတွေက မှိုင်းညို့သွားတယ်။ဒီလိုစကားမျိုး ကြားရလိမ့်မယ်လို့ မထင်ထားခဲ့သလိုမျိုး ဘာတုံ့ပြန်စကားမှ ထွက်မလာတော့ဘူး။ ဝမ်ရိပေါ်က အပြစ်ရှိသလို အနည်းငယ်ခံစားလိုက်ရပေမဲ့ သူထပ်ပြီး လက်ကောက်ဝတ်ကို ဓားနဲ့ မလှီးချင်တော့ဘူး။ အဆုံးသတ်မှာ မပျော်ရွှင်ရမှန်း သေချာသိနေခဲ့တဲ့ ဆက်ဆံရေးတစ်ခုကို ဘာကြောင့်ရှေ့ဆက်ရမှာလည်း။ ဒီတိုင်းလေးပဲ သူတို့ တစ်ခါခွဲခွာခဲ့ရပြီးပြီမို့ တကယ္ကို ဒီတိုင်းလေးပဲ ရှိနေချင်တော့တယ်။ ပြန်လည်မွေးဖွားလာကတည်းက ကိုယ့်လမ်း ကိုယ်လျှောက်ဖို့ ဆုံးဖြတ်ခဲ့သည်မို့ မပေါင်းဖက်ရလည်း အဆင်ပြေပါတယ်။

Survival and deathWhere stories live. Discover now