ဝမ်ရိပေါ်ရဲ့ကောင်းမွန်သောအလုပ်အသစ်

1.3K 161 10
                                    

[Author_Rose Maung]

ဝမ်ရိပေါ်ရဲ့ကောင်းမွန်သောအလုပ်အသစ်(2)

U/Z

ဝမ်ရိပေါ်က မနက်ပိုင်းကြည်ကြည်လင်လင်ရှိခဲ့ပေမဲ့ ညနေပိုင်းကျတော့ ခေါင်းတွေပါကိုက်လာတယ်။အရာအားလုံးအဆင်ပြေမယ်ထင်ခဲ့ပေမဲ့ အဲ့လိုဟုတ်မနေဘူး။ပထမဆုံးအလုပ်စဝင်တဲ့နေ့မှာပင် ဘယ်သူမှမလုပ်ချင်တဲ့ အလုပ်ကိုလုပ်ရတယ်။ဘယ်လိုတောင် ကံဆိုးမှုကြီးလည်းနော်။

အလုပ်ဆင်းချိန်ရောက်တော့ ဝမ်ရိပေါ်က နောက်အလုပ်တစ်ခုဆီ အလျင်အမြန်ပြေးသွားခဲ့တယ်။ ဒါပေမဲ့ သူသွားတဲ့လမ်းရဲ့ လမ်းမ မရောက်ခင်နားလေးမှာ ရေမြောင်းတွေကိုဖုံးထားတဲ့ အပေါက်တစ်ခုရှိနေတယ်။ဝမ်ရိပေါ်က မျက်စိလျှင်တာကြောင့် ထိုအပေါက်ထဲက လှုပ်ရှားမှုသေးသေးလေးကို တွေ့ခဲ့ရတယ်။

ဝမ်ရိပေါ်က ထိုအေပါက္နားမွာ ဒူးထောက်ထိုင်ချလိုက်ပြီး အပေါက်ထဲကိုကြည့်လိုက်ချိန်မှာတော့ အဖြူရောင်ကြောင်လေးက သနားစဖွယ်မျက်ဝန်းဝိုင်းလေးတွေနဲ့ ကြည့်နေတာကို တွေ့လိုက်ရတယ်။မြောင် ဟု တဆာဆာအော်နေခဲ့ပြီး သူ့ကိုကယ်ထုတ်ပေးဖို့ အကူညီတောင်းနေပုံရတယ်။ ကြင်နာတတ်တဲ့ဝမ်ရိပေါ်က ထိုမြင်ကွင်းကိုမြင်တော့ လျစ်လျူရှုပြီးမနေနိုင်ခဲ့ဘူး။

လမ်းမဘေးမှာ မတ်တပ်ရပ်နေတာမဟုတ်ဘဲ တကုန်းကုန်းလုပ်နေတဲ့သူ့ကို လူတွေက ထူးဆန်းသလိုကြည့်သွားကြတယ်။ဝမ်ရိပေါ်ကသိပ်တော့ ဂရုစိုက်မနေခဲ့ပါဘူး။
ရေမြောင်းအဖုံးကို ခက်ခက်ခဲခဲဖွင့်ပြီးနောက်မှာတော့ အထဲကကြောင်လေးကို နှိုက်ပြီး အပြင်ထုတ်ရတယ်။ဝမ်ရိပေါ်ရဲ့အကျီအဖြူလေးက ရေမြောင်းအပေါက်ဘေးက ရွံ့တွေပေသွားပြီး ညစ်ပတ်သွားတော့တယ်။ကြောင်လေးကို ခက်ခက်ခဲခဲကယ်ထုတ်ပြီးနောက်မှာ ကြောင်ပေါက်လေးက ကြောက်နေသည်ထင် သူ့ကိုအတင်းကုပ်ပြီး ဖက်ထားတယ်။ဝမ်ရိပေါ်က ရေမြောင်းအဖုံးကို သေချာပြန်ပိတ်ပြီး ကြောင်ပေါက်လေးကို ဖက်ထားခဲ့တယ်။

ရပ်ကြည့်နေကြတဲ့လူတစ်စုက ကြောင်ပေါက်လေးကိုကယ်ထုတ်နိုင်ခဲ့တဲ့ ဝမ်ရိပေါ်ကို ဓာတ်ပုံတွေရိုက်ယူခဲ့ပြီး social mediaပေါ်မှာ တင်ခဲ့ကြတယ်။

Survival and deathWhere stories live. Discover now