𝗔𝗻𝘁𝗮𝗿𝗲𝘀

668 73 9
                                    

Antares : ဂရိစကားကနေ ဆင်းသက်လာတဲ့ နာမည်ဖြစ်ပြီး 'Ares ရဲ့ ပြိုင်ဖက်' ဒါမှမဟုတ် 'Mars ဂြိုဟ်ရဲ့ ဆန့်ကျင်ဖက်' လို့ အဓိပ္ပာယ်ရတယ်။ သာမန်မျက်လုံးနဲ့ဆို တစ်ခုတည်းလို့ ထင်ရတဲ့ Antares ကြယ်ဟာ အနီရောင် Scorpii A နဲ့ အပြာရောင် Antares B ဆိုတဲ့ ကြယ်နှစ်လုံး ပေါင်းစပ် တည်ရှိနေတဲ့ binary star တစ်ခုသာ ဖြစ်တယ်။

===================================

"မက်သရူးဟျောင်း ဒါလေး ယူသွားဦးလေ"

"ဟျောင်း နေဦး"

အနောက်ကနေ လှမ်းခေါ်နေတဲ့ အော်သံသေးသေးလေးတွေကြောင့် မက်သရူး သွားလက်စကို ရပ်ပြီး လှည့်ကြည့်လိုက်တော့ အထုပ်တစ်ခုကို ကိုင်လျှက် လှုပ်စိလှုပ်စိနဲ့ ပြေးလာတဲ့ ကလေးနှစ်ယောက်။

"ဟျောင်းကလည်း ပြီးတော့မယ် ခဏစောင့်လို့ ပြောထားတာတောင်မှ။ ရော့ ဒီမှာ"

ကမ်းပေးတဲ့ အထုပ်ကို ဖွင့်ကြည့်လိုက်တော့ အထဲမှာ ကွတ်ကီးဝိုင်းဝိုင်းလေးတွေ။ ဟူဒီအိတ်ကပ်ထဲ သေချာထည့်လိုက်ကာ သူ့ရှေ့က နှုတ်ခမ်းထော်နေတဲ့ ကလေးနှစ်ယောက်ရဲ့ ခေါင်းကို မက်သရူး အသာလေး ပုတ်ရင်း။

"ဟုတ်ပါပြီ ကောင်းကောင်းစားပါ့မယ်"

"အွန်း"

"ဟျောင်း သွားတော့မယ်နော်။ နောက်အပတ်ကျမှ လာခဲ့မယ်"

တစ်ဖက်ဆီ ခြေလှမ်းပြင်ပြီးမှ ရုတ်တရက် မက်သရူး ပြန်လှည့်လိုက်ကာ။

"ဂျင်းနဲ့ဝု"

"အင်း ဟျောင်း"

"ဟျောင်းက ကျိန်းသေပေါက် ဒီလအတွင်းမှာ မင်းတို့နှစ်ယောက်လုံးကို လာခေါ်မယ်နော်"

သူ့စကားကြောင့် ပုလဲလုံးလို ဝိုင်းလဲ့နေတဲ့ မျက်ဝန်းအရောင်လေးတွေနဲ့အတူ ကလေးနှစ်ယောက်က အလိုက်သင့် ပြန်ပြုံးပြရင်း။

"စောင့်နေမှာ။ ကျွန်တော်တို့က ဟျောင်းကို ယုံတယ်"

ဒါဟာ မက်သရူးအတွက်တော့ ဒီကလေးတွေအပေါ် တစ်ခါမှ ထုတ်မပြောဖြစ်သေးပေမယ့် အမြဲတမ်း သူတည်ချင်ခဲ့တဲ့ ကတိတစ်ခုပဲကို စဉ်းစားမရစွာ ဒီနေ့ကျမှ သူပြောဖြစ်ခဲ့တယ်။

𝐌𝐨𝐢𝐫𝐚 𝐢𝐧 𝐕𝐞𝐧𝐮𝐬Where stories live. Discover now